Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


     
ဖလင် မှာပေါ်နေတဲ့အရုပ် ကို ဇန်နီ ကြည့် နေတယ်
အလင်းပြန်မှုများတဲ့ နေရာလေးရောက်တော့
တချိန်က မှန်ကြည့်မိတဲ့ ကိုယ့်မျက်နှာ လေး ကို သတိရမိတယ်
ခလုတ်တွေက သိပ်ပြီးများတာပဲ
ပြည်တွင်းဖြစ်တွေ နိုင် ငံခြားဖြစ်တွေနဲ့ စီဒီုပြားပေါ်
ခုတ်တင် ထားတဲ့ ရယ်စရာတွေကြားမှာ
ဇန်နီ ခဏ နားနေမိတယ်
ရုပ်ထွက် ကောင်းဖို့လိုတယ်
ဆေးသား ကောင်းဖို့လိုတယ်
ဖျပ်ခနဲ လင်းမယ့် ရိုက်ချက်ထဲမှာ
သေရာပါအောင် မီးပူတိုက်ထားတဲ့ အကျီ င်္ လေးကို
ကော်လံ ထောင် ထားတယ်
ရေမချရ သေးတဲ့
ပြောင် ချောနေတဲ့ မျက်နှာပြင် ပေါ်
လဲကျမသွားအောင် ဟန်ချက် ကို ငြိမ်အောင် ထိန်းပြီး
ခြေကုပ်အားကောင်းအောင် လေ့ကျင့်ထား ရတယ်
မှန်ဘီလူးခုံးပေါ်မှာ ပုံရိပ်တွေ စုဆုံ စေဖို့
လိုအပ်တဲ့အကွာအ ဝေးနားမှာ ဇန်နီ ရပ်နေ တယ်
ကင် မရာက ပြုံးပြုံးကြီးနဲ့ ဇန်နီ့ ကိုကြည့် နေတယ်
မြင် ကွင်းလေးတွေ စိမ်းလန်းအောင် zoom အတိုးအ လျော့လုပ်လိုက်တယာ
အ ရေးထဲ ဇာတ် ရှိန်တက်လာမှ ကြော်ငြာက ဝင် လာတယ်
မိုးက အုံ့လာတယ်  ခြေလှမ်းတွေက ပို ရှုပ်သွားတယ်
ဇန်နီလည်း ပြေးပြေးလွှားလွှားသတင်းထဲ ပါသွားတယ်
ည ရောက်တော့
ကင် မရာက breaking news မှာ ထုတ်လွှင့်နေတဲ့
အရုပ်တွေ ကိုကြည့်နေတယ်
သူ ရိုက်ထားတဲ့ ပုံတွေမပါဘူး လို့ပြောတယ်
ဖန်သားပြင် မှာ ပေါ်နေတဲ့ ဇန်နီက ကင် မရာ ကို လှမ်းကြည့်နေတယ်
မှတ်မှတ် ရရ အဲ့ဒီညမှာ
ကင် မရာ အိပ် ရာ ဝင် နောက် ကျခဲ့တယ်။   ။

                     ဒီလူည