Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 




ခင်ဗျားဖတ်ဖို့ရေးလိုက်တာပါ
ခင်ဗျားကျော်သွားမှန်းသိပါတယ်
ခင်ဗျားရဲ့ခံစားမှုကို မထိခတ်နိုင်တဲ့ကဗျာ
ဒါမှမဟုတ် စကားစုတစ်ခု
ဒါမှမဟုတ် ရေးချင်ရာရေးသောစာ
ခင်ဗျားဖတ်ကြည့်ဖို့ရေးလိုက်မိတာပါ
ခင်ဗျားဖတ်ချင်မှဖတ်မယ်မှန်းသိပါတယ်
ခင်ဗျားဖတ်ချင်စရာအဆင်တန်ဆာကို
ကျနော်မသိတာမှန်သလို
ခင်ဗျားမဖတ်ချင်လို့ကျော်သွားတာလည်း
မှန်ပါတယ်
ခင်ဗျားမဖတ်တဲ့ကဗျာဟာ
ခင်ဗျားမဖတ်တဲ့ကဗျာဖြစ်ပြီး
ခင်ဗျားမဖတ်တာကခင်ဗျားမဖတ်တာပဲဖြစ်ပါတယ်
ရေရေလည်လည် အဲ့ဒီလို ရှင်းလင်းပြီး
ခင်ဗျားကောကျနော်ပါ
ကမ္ဘာကြီးထဲကလေကိုရူပြီး
ကမ္ဘာကြီးထဲ ရှင်သန်ကျက်စား
ခင်ဗျားမဖတ်တဲ့ကဗျာလည်း
ဒီကမ္ဘာကြီးထဲရှိခဲ့တယ်ပေါ့။

လင်းသက်ငြိမ်