Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


ရုပ်တည်ကြီးနဲ့အဆီတ၀င်းဝင်း အိုးစားဖက်

ု အမြက်တော်ရှ သဲတရှပ်ရှပ် နာခံတော်မက်လုံးများ
ပခုံးပေါ်မှာအရိအရွဲ ဘယ်လောက်သားဟုတ်လိနိုးနိုးဆင်ကန်းတိုး
ကျေနပ်မှုမရှိက တိုင်ကြားနိုင်သောနာဖျား ဥပါယ်ဆိုင်းဘုတ်များ
ကိုယ့်အထာနဲ့ကိုယ့်အထွာနဲ့ သံချေးတက်ယိုးမှား
ဗန်းစကားအတိုအစတွေ
အိုးကင်းနှင့်လှော် ရေနှင့်ကြော် မိုးမျှော်နိုင်ငံရေး
အထူးလော တက်တိမ်လော ပျံကျစာသားတွေထိုးထည့်
သေချင်သေ ရှင်ချင်ရှင် အင်မတန့်အင်မတန်
သူရဲကောင်းဆန်ခဲ့
ထောင်းထောင်းငယ်လျှံငွေ့ လောင်ဓလေ့နှင့်
နွေဦးဟာကွေ့ရှောင်
တစ်သွန်ကူလှောက် ခေါက်ထားတဲ့အိပ်မက်တွေ 
ခေါက်ရိုးကျိုး ခေတ်ထဲ မှိတ်ပါလျှင်လိပ်ပြာကအေးတာမို့
စိတ်ရှိတိုင်းရွှေနံကားအောင်စားပါလှည့်ဗုန်းဗော။

(ဒသမတန်းမြန်မာကဗျာလက်ရွေးစင်စာအုပ်ထဲမှ ကဗျာစာသားများကို လိုအပ်သလိုယူငင်သုံးစွဲထားပါသည်)

                          မင်းလုဇော်