Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


အဝါရောင် ဟာ လူဝင် ဆန့်နေတယ်
လူတွေရဲ့ လက်တွေ လည်ပင်းတွေမှာ
အဝါရောင် ဟာ တလက်လက်နဲ့
အဝါရောင် ဟာ ဟန်ပါပါကြီးနဲ့
မော့ကြည့်နေတဲ့ မျက်ကြည်လွှာတွေဆီ
အဝါရောင် ဟာ လာလာ စိုက်တယ်
အဝါရောင် ဟာ နာကျင် ကိုက်ခဲမှုပဲ
ဒီနှစ် မင်္ဂလာဆောင် အ ရောင် ကလည်း အဝါပဲ
ပီကေ ဆောင်းခဲ့တာလည်း အဝါရောင်
ဗန်ဂိုးဆွဲခဲ့တဲ့အ ရောင် တွေမှာလည်း အဝါရောင် ပါတယ်
ဒီတော့ အဝါရောင် ဟာ သွေးကြီးလာတယ်
ဒီတော့ အဝါရောင် ဟာအဖူးမြော် ခံချင် လာတယ်
ဒီတော့ အဝါရောင် ဆို လက်ညှိုးထောင် ခေါင်းညှိတ် ဖြစ်လာတယ်
ဒီတော့ အဝါရောင် မှာ ကြေးရောမှု ပိုများ လာတာမသိကြဘူး
ဒီတော့ အဝါရောင် ဟာ တစ်နှစ် အာမခံ
နှစ်နှစ် အာမခံ  နဲ့ အတုနဲ့အစစ် ခွဲဖို့ခက် လာတယ်
အဝါရောင် ဟာ သည်းခြေကြိုက် ဓာတ်စာ သတ္ထုတစ်မျိုးပဲ
အဝါရောင် ဟာ တွင်းအောင်းတစ်မျိုးပဲ
လူလူချင်း သွေးခွဲတာလည်း အဝါရောင် ပဲ
လူလူချင်း အချစ်ခံရတာလည်း အဝါရောင် ပဲ
သစ်သီးတွေ ပိုးထိုးပြီဆို
အဲဒီ သစ်သီးအ ရောင် ဟာ အဝါပဲ
( ဥပမာ-မာလကာသီး၊သရက်သီး )
အဝါရောင် ဟာ ပွဲနေပွဲထိုင် မှာ ပြုံးပြ တတ်တဲ့အ ရောင်
အသက်အရွယ်အရ လူကြီးတချို့ဟာ
အဝါရောင် ကိုမဝတ်ကြဘူး
တပယ်တော့ အဝါရောင် ဟာ
နေ့စဉ်သွားလာ လှုပ် ရှားမှုတွေကြားမှာ
ချောင် ထိုးထားတဲ့အ ရောင် တစ်မျိုးပဲ
ငါ့မှာတောင် ချွေးသုတ်ဖို့
အ ဝါရောင် စွပ်ကျယ် လေးတစ်ထည် ရှိတယ်။  ။

                   ဒီလူည