Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

သကာတွေ့နေတဲ့အချို ရှာလေသူက ဘဝကခါးတယ်လို့သာပြော ၊ မနေ့က
တွေ့လိုက်တော့ ဒုက္ခကပျားရည်စက်တဲ့ ၊
တကယ်တမ်းတော့ ဘယ်သူမှ ဆင်းရဲတွင်း
မနက်ချင်ဘူးကိုယ့်လူ လို့ ပြောဦးမှာ မဟုတ်လား ၊ ခင်ဗျားစင်္ကြန်လျှောက်နေတာ ဓားသွားပေါ်မှာလား မျက်ခုံးမွှေးပေါ်မှာလား ၊ ရဲရဲတောက်ခဲ့တာ 
ငယ်တုန်းကပါလို့ ရှက်ရယ် ရယ်ပြီး ပြောဦးမယ် ၊ ယူထားလိုက်မိတာတွေအတွက်နောင်တမရမိအောင် ဒါဟာ အိပ်မက်ဆိုပြီးစိတ်ကိုလှည့်စားထား ၊
ပြားခဲပြီ ၊ ကမ္ဘာဟာပြားခဲ့ပြီ ။
ကဗျာကိုလဲထားခဲ့ပြီ ၊ 
ခါးခဲ့လေသမျှ ချို ပါရစေတော့
အမှန်ကိုမျက်ကွယ်ပြုတယ် ဆိုချင်ဆို ။ ။

မိုးသက်ငြိမ်ဦး