Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

စစ်သားတစ်ယောက်ရဲ့ သေနတ်ပြောင်းဝမှာ ဂုဏ်သိက္ခာဟာ တည်ရှိနေ ရပ်နေ
လဲကျသွားတဲ့ မြို့ လေးမှာ ဒဏ်ရာတွေ။ကျန်းမာရေးမှူးလေးပြောတာတော့ ဒါဟာ
သိက္ခာရှိသော ဆရာဝန်နဲ့ ပြဖို့ သိက္ခာ ရင်းပြီးပြောရတာပါတဲ့။
သိက္ခာဟာ ဂုတ်ပိုးစီးပြီး ပုဂံကို မော်စကို ကိုချီတက်နေတဲ့အကြောင်းကြားရ။
ခင်ဗျားဟာ ဘယ်လောက်တုန်လှုပ်ဖို့ ကောင်းတဲ့ စကားလုံးလဲ။

သိက္ခာကာကွယ်ရင်းသိက္ခာပိလို့ သတ်လို့ သေရတာ။ဆိုတော့
သိက္ခာဟာ တန်ဖိုးရှိလှ တန်ခိုးကြီးစွ။လှောင်လျက် ရယ်နေလျက်။ဆို့ တက်နေလို့ 
အန်ထုတ်ရတဲ့ခါ ဆံပင်မွှေးများနှင့်အတူ သိက္ခာများ လတ်လတ်ဆတ်ဆတ် ထွက်လာ။
သိက္ခာဆိုလို့ ကိုသိက္ခာနဲ့ မတွေ့ ရတာ သိပ်ကြာ။ဘုရားလေးဆူပွဲမှာ စတင်ရင်းနှီးရပြီး
နောက်ဆုံးတွေ့ ရတာက အထွေးလေးရဲ့ အနှိပ်ခန်းထဲမှာပဲ။အထွေးလေးဟာလည်း သူဟာ
လည်း သိက္ခာအကြီးကြီးပါ။ဒီလိုနောက်ဆုံးတွေ့ ခဲ့ရဖူးခဲ့ရသော အို သိက္ခာ။
ခေတ်သစ်စပါတာကပ်စ်များ ခေတ်သစ်ကာဖ့်ကာများ ခေတ်သစ် ဗန်ဖိုင်ယာများထဲမှ 
သိက္ခာဟာမြနေ။အဆိပ်သောက်တာ။ရေကြီးမြေပြိုရတာ။အဆုပ်အအေးပတ်တာ။
ဖတ်ချင်တာဖတ်ပြီး ပြောချင်ရာပြောနေတာ။သိက္ခာ။တဖွေးဖွေး။
လွန်ခဲ့တဲ့ သိက္ခာများ။အုတ်ကြားမြက်ပေါက် သိက္ခာ။ဘာသာစကားနှင့် ကြားခံဂုဏ်သိက္ခာ။
တော်လှန်သော ဆယ်လ်ဖီ ဂရပ်ဖ်တင်း ပရိုကးရှင်း။သုတေသနသမားလေးဟာ 
မောလျက် ယိုင်လျက်စွန့် ပစ်ပစ္စည်းတို့ ရဲ့ မစ္စတာဂုဏ်သိက္ခာ။ပျင်းရိစရာအရေးအသား 
များတကောက်ကောက် မောပန်းလျက် နေကောင်းပါရဲ့ လား မြောင်းထဲ။တည်ရှိမှု ရောဂါ။

သိက္ခာများအား အမှိုက်ပုံးထဲသို့ စနစ်တကျ သိမ်းဆည်းရန် နှင့်အခြားသော
သိက္ခာကိုဖူဂျီနဲ့ လျှော်ပါ။အုတ်ကြားမြက်မပေါက် စိုစိစိုစိ ရိရွှဲရွှဲနှင့်သိက္ခာ။ချစ်ပါ၏ 
အလေးပြုကန်တော့ပါရဲ့ သိက္ခာ။ကားမောင်းထွက်သွားပါပြီ။ရယ်စရာမောစရာ 
နေ့ တိုင်း ပါးစပ်ပေါက်မှ ကြိုးဆွဲချသေနေသော သိက္ခာ။
ကျနော်တို့ ၏ကြီးမြင့် ဂုဏ်ပြု ဂုဏ်ယူရာ။

ဆလိုင်းမြတ်နိုးသူ
2016 May 24