Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

အဲဒီမျက်လုံးတွေ
ငါ့အပေါ်တည့်တည့်ပစ်ချတဲ့အခါ
အကြောထဲက အငွေ့တွေစိမ့်ထွက်လာတယ်
ဒါဟာ သွေးမတိတ်တော့တဲ့အနာပဲ
အဆိပ်တွေစားပြီး အဆိပ်စကားတွေပြောနေကြ
အရှိုက်မှာစိုက်နေတာက
ဆူးမဟုတ်ဘူး...
လူကုန်ထံစကားလုံးတွေ
အသုံးချခံသက်သက်နဲ့
ဘဝဟာအခါးများနေတယ်
ရောင်နီကိုပျိုးချင်လို့
တစ်ကိုယ်လုံးစာမှောင်ခဲ့ရ
ဒါတွေကသဘောတရားအရပါ
စာရိတ္တဆိုတာ
အဖြူသက်သက်ပစ္စည်းလိုလှနေဆဲ
မြေနိမ့်ရာကိုမှ စိုက်ချင်ကြတဲ့လှံတွေ
မြေကမာနေရင် ဘယ်အထာမျိုးနဲ့လက်မထောင်မလဲ
သူယုတ်မာသင်ရိုးတွေအတွက်တော့
ငါတို့ဟာ မှန်တစ်ချပ်ကြည့်ရင်း
ကောင်းယောင်ဆောင်ဖို့ခက်လိမ့်မယ်။ ။

                             ဂိုးဂိုး(မောရမြိုင်)