Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ငရဲလေးကို ငရဲကြီးနိုင်တယ်
စကားလုံးတစ်လုံးရဲ့အောက်မှာ
အကုသိုလ်တွေပွန်းပဲ့ ပေကျံလို့
ကူးစက်လောင်ကျွမ်းခံနေ့ရက်များ
သမိုင်းကိုမီးရှို့ပစ်ဖို့ဝန်မလေးသူတွေ
သတ္တိဟာ ကျည်ဆံအပြည့်ဖြည့်ထားတဲ့အဓမ္မရှုမျှော်ခင်းတွေ
တောင်ကတုံးဟာအဆီအဆိမ့်ခမ်းရ
မတော်လောဘပါးစပ်မှာ ဖွဲမီးလိုတမြေ့မြေ့ကျွမ်းလို့
အမေတရတယ် 
အဖေတရတယ်
အရေးထဲ ပထွေးတမိလို့ 
သွေးကြောမကြီးပါဖောက်ထုတ်ခံရ
အခွံချည်းနစ်နေတဲ့နှစ်များ
သက္ကရာဇ်တွေ အဖတ်လိုက်ကွာကျတယ်
လယ်ယာမြေထဲ နတ်မွဲတေးချင်းတွေ
တောက်ခေါက်သံနဲ့ကျိမ်စာ
နာနာဘာဝတွေပြုံးတော်မူတယ်
အတုံးလိုက် အတစ်လိုက်ထိုးသိပ်ထည့်လို့ပဲ့ပြိုယိုင်ဆင်းတော်လည်းသံ
မျှခြေတွေဇောက်ထိုးနဲ့ ကျွမ်းပစ်သူဒုနဲ့ဒေး
အစေအပါးဟာ ကုသိုလ်ထူးကံဇာတာတက်သူ
လက်တစ်ဆုပ်စာလက်ခုပ်ထဲမှာလက်ပစ်ကူးရ
ဘယ်ပြက္ခဒိန်မှ လမိုင်းမကပ်ခဲ့ ဆုတ်ဖြဲခံနေ့စွဲများ
နတ်ဆိုးနတ်ပဲ့တွေပဲ ပူဇော်ခန်းဖွင့်ရ
မျက်ရည်ပေါက်ကြီးငယ်အသွယ်သွယ်တို့်ဖြစ်ထွန်း
ပြည်တွင်းဖြစ်ရမ်းညှော်နံ့ထဲ ဘ၀များစွာအခိုးအငွေ့ပျံ
အိမ်ယာမဲ့ မီးခိုးတွေအူ ဖွတ်ဖွတ်ကြေလျောင်းရာသခ်ျိုင်္င်း
သွေးတွေ ခြစ်ခြစ်တောက်နီရဲလာ
ကဗျာတွေ တရှိန်ရှိန်ပူနွေးလာ
ထိုင်ခုန်ဟာကြွတက်ဖို့
ို့ ဖြေဆေးမဲ့နွေတွေဖြတ်ဖို့
လက်ချင်းတွေချိတ်ထား
ဒဏ်ရာကိုသူကောင်းပြုအထွတ်တင်
အချို့ကြယ်တွေ တိတ်တဆိတ်စတေးလို့
အရစ္စတိုတယ်ပြောသလို
အမှောင်မှာအရောင်မရှိကြောင်းပြခဲ့
အာဏာရှင်ရက်ထပ်နှစ်များသက္ကရာဇ်ခြေလို့
ကမ်းခြေမှာလှိုင်းသံတော့ကြားရမြဲ
နှလုံးသားထဲ ဆားငန်ရေတွေမပါဖို့
လိပ်ပြာသန့်သန့်ကူးခတ်သူတွေ
ကျရှုံးမှုဟာ အလင်းမဲ့သူအတွက်သာမှတ်ကျောက်တင်ခဲ့တယ်။

  မင်းလုဇော်