Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


ဆက်သွယ်ရေးကြိုးတန်းမှတဆင့် အသွား ထက်ထက် ချွန်မြမှုတွေ ဆင်းလာတယ်
လှမ်းကြည့်လိုက်တဲ့အခါ ချွေးပြန် နေတဲ့ ပင် လယ်စာတွေက အတက်အဆင်း ကြမ်းနေတယ်
ဓားစာခံတချို့ဟာ မျက်လုံးအဝတ်စည်း ခံပြီး ကိုယ့်ရဲ့ထွက်သက်ကို ကြည့်ရှုသူ တွေများအောင် အသုံးတော်ခံနေတယ်
ပန်းခြံထဲက ခုံတန်းတွေပေါ်မှာ ခန္ဓာကိုယ် ချင်းပူးကပ် နေတဲ့ ထောင် ချောက် တွေထိုင် နေတယ်
မ နေ့က အ မေ ဟာ ငါ့ဆီ ဖျားနာ သတင်း ကို လှမ်းမေးတယ်
အဲဒီ အချိန်တုန်းက ပတ်ဝန်းကျင် တစ်ခုလုံး မှာ အလင်းက မှိန်နေတယ်
အ ဝေးက အိမ်မြှောင် စုတ်ထိုးနေတဲ့ အသံ ကို ကြွက်က တွင်းထဲကိုက်ချီသွားတယ်
ဘယ်လိုင်းပြောင်းပြောင်း အ တွေ့အကြုံ သုံးနှစ် ရှိရမယ် အသက် ၃၀ ထက်မ ကျော် လွန် ရ နဲ့ တိုးနေတယ်
ပုပ်သိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေအ တိုင်း ရောင်းဗန်းနောက်မှာ အသက် တွေအထပ် လိုက် ပစ်ထားတယ်
မှတ်ဥာဏ်မြောင်းထဲမှာ သုံးခွက်တစ် ခွက်တင် ကျိုချက်ထားတဲ့ အညွန့်က ညှိုးရော် နေတယ်
အစိမ်းရောင် အစက် က လေးပေါ်မှာ အိပ်မ ပျော်မှုတွေကို အပြန်အလှန်နား ထောင် ပေးကြတယ်
ငါ့ ဆီဝင် လာတဲ့ missed call တစ်ခုကို ပြန်ခေါ် တော့ ခေါ်မထားဘူးလို့ ပြန်ပြော တယ်
Virus တွေဟာ တရွရွ နဲ့ သွေးကြောတွေ ထဲ ဖောက် ဝင် ငယ်ထိပ်ဆီ တက်လာတယ်
အ ဖေ က ပျော် ရွှင် မှုတွေ အ ကြောင်း လှမ်းမေးတယ်
ဒါ ပေမယ့် အားရဝမ်းသာ ငါ့အ ဖြေစကား တွေကို လိုင်းအခက်အခဲ ကြောင့် ငါ့အ ဖေက
"အဲ့ဘက် က ပြောတာ ဘါမှ မကြားရဘူး " လို့ပြောတယ့် 
ငါ့ ဘက် မှာတော့ အသံကို ကြည်ကြည် လင် လင် ကြားရတယ်
တွန့်လိမ်နေတဲ့ သွေးပြန်ကြောတွေဟာ ဝါယာကြိုးတွေကြား ဖျားနာနေတယ်။   ။
ငါ့မျက်နှာ က တော့ နှင်းတွေကြား ပိတ်မိ နေတယ်။  ။

ဒီလူည

သရုပ်ဖေါ်ပုံ ဆာဗေးဒိုဒါလီ