Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 



လူနာမပါတဲ့လူနာတင်​ကား​တွေဟာ
အရှိန်​ပြင်းပြင်းနဲ့ဥသြဆွဲပြီး​မောင်းလာတယ်
မိတ္တူကူးစက်​ထဲက​နေအိမ်​​ထောင်​စုဇယားတွေ
လျှောခနဲ
လျှောခနဲ
ထွက်​ကျလာတယ်
မျက်​လှည့်​ဆရာ​တွေက​နာမည်​​တွေကိုကုလားဖန်​ထိုးပြတယ်
Rapperတွေကနာမည်​​တွေကိုမရပ်​မနားရွတ်​ပြတယ်
ဇာတ်​ဆရာ​တွေကနာမည်​​တွေကိုစီပြီးပြဇာတ်​ခင်းပြတယ်
နိုင်​ငံ​တော်​ကြီးမှာနာမည်​​စာရင်း​တွေကို​သေ​သေချာချာကပ်​ပြ​ထားပါတယ်
လူနာမပါတဲ့လူနာတင်​ကား​တွေဟာ
နာမည်​​စာရင်းတွေကိုအားရပါးရလာတင်​ပါလိမ့်​မယ်​။

အောင်​ကိုကိုလတ်​(တမူး)