Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
 
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​ရှိတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​ပဲရှိတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​ကလွဲလို့ဘာမှမရှိဘူး
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​တည်းရှင်​သန်​​နေတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​တည်းအထီးကျန်​​နေတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​တည်းမှိုတက်​​နေတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​တည်းအင်​အားချည့်​နဲ့​နေတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​ဟာတဖြည်းဖြည်းကျုံလှီလာတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​ဟာတစစပါးလှပ်​လာတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​ဟာတကျုတ်​ကျုတ်​မြည်​​နေတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​ရှိတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​ပဲရှိတယ်
ကြောင်​အိမ်​ထဲမှာ ​ပေါင်​မုန့်​တစ်​ချပ်​ကလွဲလို့ဘာမှမရှိဘူး
ကြောင်​အိမ်​ကိုဘယ်​သူမှလာမဖွင့်​ခင်​အထိ...။

အောင်​ကိုကိုလတ်​(တမူး)
သရုပ်ဖေါ်ပုံ အနပညာရှင် ဒေမီယံဟားစ် ၏ ဆေးဘီဒို အင်စတော်လေးရှင်းလက်ရာ