Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ါ

ခူးဆွတ်လိုက်ဖို့
အခွင့်အရေးတွေလည်းလွှတ်တင်ထား
ဖြတ်ရိုက်ချလိုက်မယ့်
အစီးအနင်းတွေကလည်းမဖိတ်မခေါ်ဘဲ
မိုးလို လိုက်ရွာ
ရွေးချယ်ခွင့်မရှိဘူး/ငြင်းပယ်ခွင့်မပေးဘူး
ကံတရား' လို့ခေါင်းစဉ်တပ်ချင်သလား
ရတယ်
ကိုယ်တိုင်ရှာမှီးခဲ့တာတော့သေချာနေခဲ့ပြီ
ခုန်ကျော်လွတ်မြောက်နိုင်မယ့်တောင်ပံလို
အံစာတုံးတစ်ခုကိုလှိမ့်ချလိုက်
ဂဏန်းစဉ်'ရေတွက်ရင်းကစားကွက်မှာ
ပျော်စရာတစ်ခုခုကိုရင်တထိတ်ထိတ်နဲ့
စောင့်ကြည့်ရတာကိုက အရသာ
သြော်--ဘဝရယ်။

မောင် သော် တာ