Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 နလာ

ကျောက်ကုန်းနီလာနဲ

ကျောက်တန်းနီလာ မမှားကစေလို

 

ကျောက်မြောင်းနီလာကို

သန္တာလို့လည်းခေါ်ကြတယ်

နီလာက ရေပေမြတင်မဟုတ်

စိန်နဲ့ မာခြင်းအဆင့်သိပ်မကွာပေမယ့်

စိန်ရောင်းတဲ့ကား နီလာ ကန်လန်မလုပ်

မဟူရာကို မကောက်တဲ့ နီလာ

ဥဿဖရားကို မကိုးကွယ်တဲ့ နီလာ

ပါလဒုတာကို မျှော်ကိုးတဲ့ နီလာ

ကျောက်စိမ်းလောက်တော့ နားထား

နေထွတ်တပြူ နေပူကျဲကျဲမှာတောင်

သလင်းကျောက်ကို နင်းလျှောက်ခဲ့တဲ့နီလာ

န္ဒနီလာနဲ့ နီလာ ဘာမှမတော်

နီလာ့ သွားလေးတွေကို ပုလဲသွယ်လေးလို

နဂါးသွဲ့ကပြောဖူးပေမယ့် နီလာကတော့

ရင်ထဲကလာတဲ့ အမှန်အကန်စကားကိုပဲ

ခံစားတတ်တာ၊ ခံစားချင်တာ၊ ခံစားနေတာ

ပေးဆပ်စွန်တ်ရဲရင့်ချစ်ကြင်ချင်တာ

အတင်းဖန်တည်းယူလို့လည်းမရ

အတင်းဖျက်ဆီးပစ်လို့လည်းမရ

အချစ်ဆိုတာ သူ့အလိုလို အလိုတူအလိုပါ

နီလာကွံနစ်ဖူးပေမယ့် အရောင်မပြယ်တဲ့ ပတမြား

ရွှေနိုင်ငံရေးလက်နဲခေလည်း နီမလာ

ငွေလူမှုရေးလက်နဲခေလည်း နီမလာ

နီလာ့ဘဝနဲ့ နီလာ

 

    ကိုကိုသက်