Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

တာဝန်ကြီးသော အလုပ် သို့မဟုတ် လုပ်ငန်း အ၀ိုင်းများနဲ့ လေးထောင့်များရဲ့ နယ်စပ်

ကိုယ့်ကိုယ်ကို ကိုယ် ငှက်ကြီးဝန်ပိုလို့ ထင်တစ်လုံး ဒါမှ မဟုတ် ထင် နှစ်လုံးပေါ့လေ

မည်းနက်သော ကိုယ်ထည်များဖြင့် ကမ္ဘာကြီးကို အလှဆင်ဖို့ တက်ကြွသူများ အဲလေ

တက်ကြွ သတ္တ၀ါများ ငါ့ တုံ့ယမ် ကု(မ့်) ဟင်းလျာထဲ ပုဇွန် သုံး၊ လေး၊ ငါးကောင်ဟာ

ဝမ်းနည်းပက်လက် အဆီအငေါ်မတည့်တဲ့ နိုင်ငံရေး သိမှုများဖြင့် တိုင်းပြည်ချစ်စိတ်ဟာ

လေးအိမ်နဲ့ မျှားတံ အဆီအငေါ်မတည့် သလို  လေးကိုင်းဟာ တင်းလွန်းနေတာလား

လျော့လွန်းနေတာလား မုန့်ဝေတိုင်း မရောက်ဖြစ်လို့ ဒုတ်ဝေတဲ့အခါ တက်ကြွမိပါတယ်

ထမင်းပုံစားဆိုင်တွေ များလာတဲ့အခါ အဲ့လို ပုံစားရတာကို ရွံရှာလာမိတယ် ဟိသရိုး မှာ

လေယာဉ်ဆိုက်တော့ ကိုယ့်သား မလာနိုင်ဘူး ကောင်းပြီ ဒါဖြင့် အစ်မ နောက်သို့လိုက်

သွားပါ ဟု ဆိုသော် - ပင်လယ်ထဲက ဆိုရင် ဘာမျှထပ်မလိုချင်တော့ဘူး ယုတ်စွအဆုံး

ခရုခွံအပဲ့လေးပဲ ဖြစ်ပလေ့စေ အ၀တ်လှန်းစင်မှာ အစိမ်းစင်းပြား ဒီဇိုင်းနဲ့ စပို့ထ်ရှပ်

အင်္ကျီ ပြီးတော့ အလိုအလျောက်ဆိုသလိုပဲ ကမ်းနားလမ်းတစ်လျှောက် စာအုပ်စင်များ

ငါးညှီနံ့များ ဗန်းအရှည်ကြီးပေါ်တင်ထားတဲ့ ပေါင်မုန့်အရှည် ရေလှိုင်းတွေဟာ ဘ၀ရဲ့

အထိအရှ မခံနိုင်မှုရဲ့ အဓိက တရားခံပဲ မိုးချုပ်မသွားခင်လေးမီ အကပ်အသပ်ကျန်နေဆဲ

အလင်းရောင်ကလေးထဲ ငှက်သံ စကားကိုလည်း နားထောင်ကြပြီး ယနေ့ထိတိုင်အောင်

ကြာမြင့်စွာ အသက်ရှူ မှုပုံစံဟာ လေယာဉ်ပျံတစ်စင်းရဲ့ လိုအပ်စွာ ရေးဆွဲထုတ်လုပ်ထား

တဲ့ ဒီဇိုင်းလို မျက်နှာမူရာ အရပ်၌ ကိုယ်လိုချင်တဲ့အရာ တစ်ခုမျှမရှိ မုတ်ဆိတ်ရိပ်ဒါးမျှပင်

မရှိ သက်တံကြီးလည်း မရှိ ခင်ဝမ်းသီချင်းများလည်း မရှိ ဆံပင်ညှပ်ဖို့ စိတ်စောနေသော

ကိုယ့်ချစ်သူလည်း မရှိ ခေါင်းဖြတ်စက်မရှိ တော်လှန်ရေးသမား တဖြစ်လဲ ကဗျာဆရာများ

လဲ မရှိ ခြောက်သွေ့စွာ မက်မောနှစ်ခြိုက်ဖွယ်များ ဆိတ်သုဉ်းလျက် 'မရှိမုန့်' ။  ။

 

၆ စက်တင်ဘာ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၂၂း၁၀ နာရီ

(အမေရိကန် ကွန်တမ်ပိုရုရီကဗျာဆရာ မက်တ် ဇာပရူဒါ Matt Zapruder ရဲ့

“April Snow” ကို ဇေယျာလင်း ဘာသာပြန်တာကို တစ်ခေါက်ဖတ်ပြီးပြီးချင်း

နောက်ထပ်တစ်ခေါက် ထပ် ဖတ်ချင်နေသေးတာကိုအောင့်ထားပြီး စိတ်ထဲ

လှုပ်ရှားမှု အားပြန်ပြီးကျ မသွားခင် ကိုယ့်ဖာသာ ကဗျာတပုဒ် ထပ်ပြီးဖန်တီး

ဖြစ်ခြင်းဖြစ်စဉ်မျှသာ ဖြစ်ပါကြောင်း)