Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                 

 

 ပရိတ်သတ်တွေက လင်းနို့ တွေလို

မျက်နှာကြက် ကနေ ဇောက်ထိုးတွဲလွဲ တွေ ကျလို့

မိုက်ကိုင်ထားတဲ့ ခပ်မိုက်မိုက်လူက ကိုချောဖြစ်နေတယ်။

ဟာ ကိုချောက ချောခဲ့တာကြာပြီပဲလို့  ထယောင်ပြောမိ

ကိုချောကတော့ ချောချောမောမော ပဲဆက်ပြောနေတယ်

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကွယ်လွန်ခဲ့တဲ့ 

သူငယ်ချင်းကဗျာဆရာအောင်ချိမ့် ရဲ့

တောလားကဗျာကို ရွတ်ဆိုပါမယ်တဲ့

မှားနေပြီ မှားနေပြီလို့  အကျယ်ကြီးထအော်ကာ

လန့်နိုးပြီးတဲ့ နောက် တော့

ဒီအတိုင်းဆက်မအိပ်ရဲတော့ဘူး

ခြေရင်းကို ခေါင်းထိုး

 ခြေထောက်ကို ခေါင်းအုံးပေါ်တင်ပြီး ပြန်အိပ်လိုက်တော့

အိပ်မက်မှာ ပုံမှန်ပြန်ဖြစ်ပြီး ကိုအောင်ချိမ့် က

ရထားကဗျာ ရွတ်ပြီး ကိုချောကို လွမ်း လို့ 

မိန်းမ တရေးနိုးခိုက်

သူ့မျက်နှာနား ကိုယ့်ခြေထောက်ကြီးရောက်နေတော့ 

ဘိလပ်လို ရှော့ခ်ရသွားတာပေါ့

ရှင်းပြရတယ် အိပ်မက်ကို ပြန်တည့်မတ်ချင်လို့ 

ခုလို စစ်စတီနိုင်းလုပ်ရတာဖြစ်ပါကြောင်းပေါ့

အဲဒါဆိုရင် ရှင့် ဘက်ကဟာကို 

ခေါင်းအုံးလို့ ခေါ်မယ့်အစား  ခြေအုံး လို့ ခေါ်သင့်တယ်တဲ့

ပိတကဋ် အိုးကွဲ အင်္ဂလိပ်မ က ဗမာဆန်ဆန်ငေါ့တယ်

ငေါ့ကာမှငေါ့  ကိုယ်ကတော့ ပြန်မလှည့်အိပ်နိုင်တော့

တော်ကြာ

လှသန်း ပါပါလာပြီး 

ကိုပြည့် (မောင်ပြည့်မင်း) လွန်တဲ့ နေ့ ကျင်းပ မယ်ဆိုပြီး

အခက်ကြီးထဲ ခုန်ချ နေမှ ဖြင့်    ခက် ခက်ရချည့်……။

 

            ပန်းချီထိန်လင်း