Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 hl

နှစ်ငါးဆယ်ကျော်အတွင်း ဘယ်ကစလို့ စရမှန်းမသိတော့ဘူး တင်းပြည့်ကျပ်ပြည့်
ပြောလိုက်ဖို့ က အဓိကမဟုတ်လား၊ ဝေ့လည်ကြောင်ပတ် လုပ်တယ်ဆိုတော့ မင်းက
ငါ့ကို နှုတ်ခမ်းမွှေးပွတ်ပြပြီး အာဏာပိုင်လားဘာလား စစ်လားမေးလား
လုပ်ချင်နေတာမလား။ဘာအာဏာမှမပိုင်သလို ငါ့ကိုငါလည်း မပိုင်တဲ့ကောင်ပါ
မင်းလည်းမင်းကိုယ်မင်း တစ်လက်မမှ မပိုင်တော့တာ သိမှာပေါ့၊မင်းဟာကြီးက
ဘာကြီးလဲ မင်းမေးမယ်တော့ ငါမထင်ဘူး ခေတ်မကောင်းတဲ့ကာလမှာ မင်းကို
ကျည်တစ်ထောင့်က ပိုင်နိုင်တယ်၊တစ်ချက်လွှင့်နှုတ်မိန့် ကလည်း
ပိုင်နိုင်တယ် ဒါမှမဟုတ် လှံစွပ်ပြီးလည်း အသတ်ခံရ
ချင်ခံရမှာပေါ့။ကျားဆိုးကြီးတွေအုပ်စိုးတဲ့နေရာမှာတော့မင်းလည်းအသိသား
ဘုရားသခင်က မင်းကိုမပိုင်တော့သလို ဘယ်နတ်ဒေ၀ါကမှ
မင်းကိုမပိုင်ဘူး၊မကယ်နိုင်ဘူး ခြေကနေခေါင်းအထိ ခန္ဓာတစ်ခုလုံး
မင်းကိုမင်းလည်းမပိုင်ဘူး ငါပြောတယ်၊သမိုင်းဆိုးကြီး
ကျားဆိုးကြီးဖျောက်ဖျက်ဖို့ တိုင်းပြည်က မင်းကိုလိုအပ် နေတယ်။ငါတို
့မွေးကတည်းက တိုင်းပြည်က ငါတို့ ကိုပိုင်သလို ငါတို့ ကလည်း
တိုင်းပြည်ကိုပိုင်တယ်၊ဒါဟာ ငါတို့ နဲ့ ငါတို့ တိုင်းပြည်ရဲ
့ချစ်ခြင်းမေတ္တာပဲ ငါ့အိမ်မက်ထဲ သွေးတွေရဲနေတဲ့ ငါတို့ တိုင်းပြည်ကြီး
ငါ့ဆီတဖြည်းဖြည်းလာတယ် ပြီးတော့သူငါ့ကို ငိုယိုပြီး အနူးအညွတ်
တောင်းပန်တယ် "တိုင်းပြည်ကို ကယ်တင်ပေးကြပါ"တဲ့ ငါလည်းပြန်ဖြေလိုက်တယ်
"အသက်ရှိသရွေ့ ဟေ့"လို့ တိုင်းပြည် ကကျေနပ်ဟန်နဲ့ ပျောက်သွားတယ်။ငါတို
့ကလူငယ်တွေ တဖျတ်ဖျတ်တောက်နေတဲ့ ကြယ်တွေ…ငါတို့ လက်ထဲမှာ တိုင်းပြည်က
ငါတို့ လက်ထဲမှာ တိုင်းပြည်အနာဂတ်က ငါတို
့ပြန်တိုက်ယူရမယ်။တဖျတ်ဖျတ်တောက်နေတဲ့ ကြယ်တွေဆိုတာ ကျားဆိုးကြီးတွေရဲ
့အိမ်မက်ဆိုးပဲ ငါတို့ တစ်တိုင်းပြည်လုံးဖျက်ဆီးတယ်
ပြည်တွင်းစစ်မွေးတယ်ဖိနှိပ်တယ် အပြင်းထန်ဆုံးရိုက်နှက်ချက်က
ပညာရေးစနစ်ကိုဖျက်ဆီးလိုက်တာပဲ။ကမ္ဘာ့ အလယ်မှာ မြန်မာဟာ ရှက်စရာ ငါတို
့ဟာရှက်စရာ နှစ်ငါးဆယ်ဟာ ရှက်စရာ ပညာရှိတွေရှက်စရာ ပညာတတ်တွေရှက်စရာ
တိုင်းပြည်ချစ်စိတ်တွေရှက် စရာ။ကျားဆိုးကြီးတွေဆိုတာကလည်း အခက်သားပဲ
ဇာတ်တူသားပြန်စားတဲ့အဟိတ် တိရစ္ဆာန်တွေ မေတ္တာတရားမရှိ၊ စာနာစိတ်မရှိ
ကိုယ့် အသိုက် ကိုယ်ပြန်ဖျက်ဆီးနေတဲ့လူတွေ…..။ကျားဆိုးကြီးတွေဆိုတော့လည်း
သိတဲ့အတိုင်း တော်လှန် မယ်ဆို လုလင်ပျို အမေအို နားမလည်ဘူး သတ်မယ်ဖြတ်မယ်
ဝါးမြို မယ်တကဲကဲ။မင်းအဖေကလည်း တလောက တိုင်း ပြည်ချစ်တယ် ဘာညာနဲ
့အာဏာမက်ပြီးကျားဆိုးကြီးတွေဆီ အညံ့ခံတာလေ "ဒါလား တိုင်းပြည်ချစ်စိတ်
အဖေရာ"ရာလို့  မင်းငိုပြီးပြောတော့"တော်..တန်..တိတ်..အနှိမ်ခံပြီးလုပ်နေတာကွ"လို
့မင်းအဖေ
မင်းကိုပြောတယ်ဆိုပြီး မင်းပြောပြတယ်လေ။ငါတော့ ရွံတယ် မှတ်မိလား ပါးစပ်နဲ
့တိုင်းပြည်ချစ်ပြ ပုဆိုးကြားထဲ လက်သီးလက်မောင်းတန်းပြ
တိုင်းပြည်ချစ်စိတ်ဆိုတာလေ၊ငါတော့ မှတ်မိတယ် မင်းမှတ်မိလား ငါတို
့ငယ်ငယ်တုန်းက ငါတို့ ကြီးလာရင် မင်းက ဥပဒေ ပညာရှင်ကြီးလုပ်မယ်
ပြီးတော့ငါက စစ်ဗိုလ်ကြီးလုပ်မယ်ဆိုပြီးလေ "မင်းထက်ငါက
နိုင်ငံကိုပိုချစ်တယ် ငါကအသက် စွန့် ရမယ့်လူ "လို့ ငါပြောတော့ မင်းက
ကြောင်တောင်တောင်နဲ
့ငါလည်းစစ်ဗိုလ်ပဲလုပ်တော့မယ် ဆိုပြီးလေ။အခုတော့ မင်းလည်းစစ်ဗိုလ်မဖြစ်
ငါလည်းစစ်ဗိုလ်မဖြစ် ဒါပေမယ့် ခံသာပါတယ်ကွာ…ငါတို့ က တိုင်းပြည်အစေခံတဲ့
ပြည်သူကဖူးဖူးမှုတ်ခံရတဲ့ စစ်ဗိုလ်ကြီးပဲဖြစ်ချင်ခဲ့တာ ငါတို့ က
တိုင်းပြည်ရောင်းစားတဲ့ လယ်သိမ်းမြေသိမ်း ပြည်သူ့ အာဏာသိမ်းတဲ့
စစ်ဗိုလ်ကြီးမဖြစ်ချင်ဘူးလေ..ဒီတော့ ငါတို့ တိုင်းပြည်ချစ်စိတ်က
အံ့မခန်းပဲ မီးကျီခဲလိုရဲရဲ တောက်တုန်းပဲ။ပါးစပ်နဲ
့တိုင်းပြည်ချစ်သူတွေများတော့ တိုင်းပြည်က ပါးစပ်နဲ့ ပဲပြီးနေတော့တာပေါ့
ကျရာတာဝန်ကနေတိုက်ပွဲဝင်မယ် ကဗျာနဲ့ တိုက်ပွဲဝင်မယ် ဘယ်တော့မှအညံ့မခံဘူး
ငါတို့ နှစ်ယောက်ဆိုတော့ ဒီနေရာ တင် ငါနားတော့မယ် ငါကြောက်လို့  မဟုတ်ဘူး
ဒင်းတို့ နာမည် ငါပြောရမှာ နှလုံးအော့နာ ရွံရှာလွန်းလို့ သူငယ်ချင်း…..။

ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)