User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
    

မှောင်နေတဲ့ စိတ်ကလေး
လူအဖြစ်ရဲ့မစို့မပို့အလင်းမှာ
ပိတ်မိ ။

အခန်းကျဉ်းကလေးထဲက
မီးလုံးကလေး ငါနဲ့အတူဝဋ်နာကံနာ ။

စိတ်ကူးတည့်ရာ
အရှေ့အရပ်ကိုမျက်နှာမူပါသည် ။

ဆန့်ကျင်ဘက်အယူဝါဒနဲ့
ဘာသာဗေဒအက်ကြောင်းတလျှောက်
နာရီလက်တံလွဲနေတဲ့မြေသားစိမ်း
သရဏဂုံဟာရေဒါမလို
အလင်းများများစားစားမလို ။

ညနေ...
ညနေရီ...
ဓာတ်လိုက်သွားတဲ့စိတ်ကလေး
ဖြေစရာရှာမတွေ့ပေမယ့်
ဖြေဆေးတကယ်လိုအပ်တဲ့အခါ
အနံ့တွေလှိုက်အူထလို့ ။          ။

                                လင်းရီဝေ

သရုပ်ဖေါ် ဒီဇိုင်း ကိုထိုက်