Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
   

အဖြူဆွတ်ဆွတ်တစ္ဆေတကောင်
မွေးပွကိုယ်လုံးကြီးနဲ့
ပြတင်းပေါက်မှာပိတ်ရပ်လာတော့
တို့မှာ
'ပါစပက်တစ်'တွေပျောက်ကုန်ရော ။

သူ့ရဲ့
ရေခဲရိုက်အစွယ်ဖွေးဖွေးတွေက
တို့အရိုးတွေရဲ့
မာကျောမှုကိုစမ်းသပ်လို့ ။

အချစ်ရေ
ခေါင်းလောင်းထိုးသံတွေကြားရပြီလား
'ဆန်တာကလော့စ်'ရဲ့ကျောပိုးအိတ်ထဲမှာ
ပီကာဆိုငှက်ကိုရှာရအောင် ။

ဒီတစ္ဆေကိုမောင်းထုတ်ပြီးရင်
မြစ်တွေကိုနှိုးရပေဦးမယ် ။           ။

                                   မင်းညွန့်လှိုင်

သရုပ်ဖေါ်ပုံ ပန်းချီစစ်ငြိမ်းအေး