User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

           

ငါကတော့ ရှင်းရှင်းပြတ်ပြတ်ပဲ ပြောလိုက်တယ်
အခြေအနေက ဒီလိုပဲပြောရမယ့် ကိန်း ဆိုက်လာတဲ့ အခြေလေ
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့၊ဒီကိစ္စနဲ့ ပတ်သက်ရင်
မင်းလည်း ငါ့လို ရှင်းရှင်းပြတ်ပြတ်ပဲ ပြောမှာပဲလို့ ငါထင်တယ်
ထင်တယ် ဆိုတာထက် ယုံတယ်လို့ ပြောရမယ်
ငါနောက်မဆုတ်နိုင်သလို
မင်းလည်း နောက်ဆုတ်မှာ မဟုတ်ဘူး
အဲဒီတော့ ရှင်းရှင်းပြတ်ပြတ်ပဲ ပြောလိုက်တာ ရှင်းတယ်
ရိုင်းရိုင်းရှင်းရှင်းပြောရရင် ဒီကိစ္စကအရှုပ်ကွ
အခုလို ရှင်းရှင်းပြတ်ပြတ်ပြောလိုက်မှ ရှင်းမှာ
ဒီလို ပွင့်ပွင့်ရှင်းရှင်း ပြောလိုက်တော့
ဒီကိစ္စပေါ်ထားတဲ့ တို့ သဘောထားကို
သူလည်း တခါတည်း ရှင်းရှင်းပြတ်ပြတ် သိသွားတာပေါ့
ဒီကိစ္စက
ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းဖြစ်မှ
ကောင်းမှာမဟုတ်လား။

                     အောင်နှင်းသစ်

သရုပ်ဖေါ် ပုံ  လှိုင်ဝင်းဆွေ