User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
                            
ချောင်းကြားမြောင်းကြား
အတောင်တွေညောင်းအောင်ခတ်ရင်း
တရားဓမ္မတွေပြုတ်ကျ
ကြောင်လိုကြွက်လိုပြုတ်ကျ ။

သေတနေ့ မွေးတနေ့
သေမြေကြီး ရှင်ရွှေထီး
ကောင်းကင်ဘုံကြီး မက်လုံးပေး
လောဘတွေ ဘောင်ခတ်ထည့်တော့
အခန်းကျဉ်းကျဉ်းလေးထဲက
ကိုယ်ကျင့်တရားပါးပါးနဲ့ကောင် က
ရေသာခိုချင်တယ် ။

ဒီလောကရဲ့
အရေခွံပြောင်းလဲမှုများ
စိတ်ကွက်မှုများ
ဒီဇာတ်လမ်းမှာ စွန်းထင်း ။

အတင်းအဖျင်းတွေကြား သွေးချင်းလဲစကားမလှန့်နိုင်ခဲ့ ။

စိတ်အသရေကို
ဒုတိယအကြိမ် အကောက်ကြံဖို့
တွန့်ကြေနေတဲ့ဆံပင်ရှည်တွေ ဖီးလိမ်းသပ်တင်ရင်း
ငါ့ကိုမျှော်ဆိုက်နေကြတဲ့ဒုက္ခမြစ်တွေဆီ
ငါဟာ ဟေးလားဝါးလားပြန်ခဲ့ပေါ့ ။         ။



                                         ဆူးလက်အိမ်
                  သရုပ်ဖေါ်ပုံ ထိန်လင်း