ကဗျာရှည်
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
san min
(၁)
ပထွေးရဲ့ မရောင့်ရဲနိုင်တဲ့ ၀မ်းနည်းကြေကွဲမှုကိစ္စကော
ပြီး၊ မိုးရေကို စေးကပ်စေတဲ့ သူမရဲ့ သုတ်လိမ်း ကော့စ်မက်တစ်
ပြီး၊ ကျန်းမာရေးကောင်းမွန်ခြင်းကို ကူးစက်စေတဲ့ ဘာဟီရတွေရဲ့ အဖါအထေးကွက်တွေ
ပြီး ၊ တရားဥပဒေပြု အဆောက်အဦဗုံးက မီးစွဲဟပ်တဲ့ အကျိုးသက်ရောက်မှုတွေကော
ပြီး ၊ မျိုးဆက်သစ်ရဲ့ နားဝမှာ သေနေတဲ့ တယ်လီဖုံး
ပြီး ၊ သူကြိုဆိုအပြုံးဟာ ဒူးလေးလို မြားတပ်ပြီးချိန်မှာ
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
                                                    ကဗျာသရုပ်ဖေါ်ဒီဇိုင်း ကိုထိုက်
ငယ်စဉ်ကတည်းက
အားပါးတရ သံပြိုင်အော်ဟစ်လို့
တိုင်းပြည်ကိုချစ်ခဲ့ကြတဲ့ပြည်သူတွေ
ဒါတို့ပြေ ဒါတို့မြေ
ဘယ်မှာလဲလေ
ငါတို့မြေ
ကမ္ဘာမကြေသီချင်းကိုပင်
သီဆိုပိုင်ခွင့်မရှိတဲ့ဘဝများ.....။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
the maw naing
သရုပ်ဖေါ်အင်စတော်လေးရှင်း ဓါတ်ပုံ သည်မော်နိုင်
 ဘယ်သူ့ကိုပြောနေတာလဲ ဟုတ်လား၊
ဘာတွေပြောချင်နေတာလဲ ဟုတ်လား၊
ဘယ်သူ့ကိုပြောရမလဲ၊
ဘယ်သူရှိရမှာလဲ၊
မင်းအသိဆုံးပါကွာ။ မဟုတ်လား။
နေပူလိုက် မိုးရွာလိုက်
မီးလောင်လိုက် ရေကြီးလိုက်
သူပုန်စီးလိုက် အဲဒါပဲ ဟုတ်တယ် မဟုတ်လား
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
hl
ရိုးပြတ်တောလေးထဲ အဖေနဲ့အတူဖြတ်လျှောက်ရင်း
အရိုင်းပန်းတွေတွေ့တော့
သိပ်မခံစားချင်ဘူးဆိုတဲ့ ဦးလေးရဲ့ကဗျာတွေလိုပဲ
ရိုးသားပြီးလှတယ်လို့ အတူထင်ခဲ့ကြတယ်။
အဆုံးနဲ့ အစဟာ
တကယ်တော့ ဘာမှအရေးမကြီးလှပါဘူး..
အဖေ ဖွဲ့သီခဲ့တဲ့ကာရံတွေဟာ
ပြေချောပြီး
လူဆန်မှုဆိုတဲ့ နက်နဲမှုတခုဆီ
တသွင်သွင်စီးလို့...
တိုက်စားသွားရတဲ့ ကမ်းပါးတွေကတော့ ခက်ထန်တယ်။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
မကကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ချစ်သူနှစ်ယောက် နှုတ်ခမ်းချင်းနမ်းနေတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဝစ်လစ်စလစ် မိန်းကလေးတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လမ်းသရဲစကားနဲ့ ဆဲရေးတိုင်းထွာသံတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ချစ်သူချင်း/လင်မယားချင်း ကိုယ်လက်နှီးနှောတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ယောက်ျားချင်း ချစ်ပြတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အမျိုးသမီးချင်း ချစ်ပြတာ မပါဘူး