ကဗျာရှည်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

Glass

 

သကြားဓာတ်များများလိုတယ်

အိပ်ရေး၀၀ ထပ်အိပ်ရဖို့လိုတယ်

လက်ဖက်ရည်တိုင်ကီတစ်ခွက်လိုတယ်

သောက်ရေအေးအေးတစ်ခွက်လိုတယ်

သစ်သီးဖျော်ရည်အေးအေးတစ်ခွက်လိုတယ်

ငါးဆယ်ရာခိုင်နှုန်းအကြောဆေးတစ်လုံးလိုတယ်

မိုးကတော့ ဖွဲဖွဲလေး ရွာနေပါစေဦး

ပြီးတော့...

အသံမရှိတဲ့ နေရာလိုတယ်

လေကောင်းလေသန့်ရှိတဲ့ လေ၀င်လေထွက်ကောင်းတဲ့ နေရာလိုတယ်

ရေကို ခေါင်းပေါ်ကနေ လောင်းပြီးချိုးဖို့လိုတယ်

နားထဲကို သံပရာအရည်တွေ ညှစ်မချကြေး

ဆံပင်တွေကို ဆုပ်ကိုင်ပြီး မဆွဲကြေး