ကဗျာရှည်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ထိန်လင်း

 

၁။ ဟိုးတစ်ချိန်ကတော့

 ငါတို့ကို တူအောင် တုမယ် ဆိုတဲ့မြို့

လေဆိပ်မှာထဲက စည်းကမ်းကျတဲ့ အလှကိုငေး

နေစရာတွေငေး၊ နားစရာတွေငေး

မလိုသူတွေက ပွဲစားမြို့ လေးတဲ့

ဒါပေမယ့် သူဟာ ကမ္ဘာလေးတစ်ခုပါ

ဒီကမ္ဘာလေးကို အစစ်အတု ခွဲပြီး အလှရှာမဲ့

မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ယခုဖေါ်ပြမည့် “ကြိတ်ဖတ်များ” ကဗျာသည် ၂၀၀၂ က မြောင်းမြ ကျောင်းတော်တွင် ကဗျာဆရာ စံမြန်းနေစဉ်အတွင်း ဘ၀တူ ကျောင်းတော်သားများ ဖတ်ဖို့ ထုတ်ဝေခဲ့သော လက်ရေး လုံးချင်း ကဗျာရှည် စာအုပ်ငယ်မှ ပြန်လည် ကူးယူ ဖေါ်ပြခြင်း ဖြစ်ပါသည်။ ကဗျာဆရာ၏ သူ့မိသားစုသို့ အလွမ်း၊ ရှေ့က ကဗျာဆရာများသို့ အလွမ်း၊ ထိုအချိန်က လတ်တလော အရေးအခင်း ၉/၁၁ မောင်ချောနွယ် ကွယ်လွန်ခြင်း၊   ကဗျာဆရာ၏ အာနာပါဏတို့ကို စကားလုံး စူးဆောက်များအသွင်ပြောင်းကာ ကြိမ်ဖန်များစွာ ပစ်ပေါက်၊ ထွင်းဖေါက်ပြီး လွတ်မြောက်မှုအတွက် အားထုတ်နေသော ကဗျာဆရာအား အထင်းသား တွေ့ရပေမည်။

ဤကား စာတည်းအဖွဲ့၏ ကဗျာရှေ့က စကားသာ ဖြစ်ပါကြောင်း .......။

            ထိန်လင်း

 

          (၁)

မှောင်ကြီး မည်းမည်းမှာ

လှေကားစောက်  အမြင့် ကြီးပေါ်က

စမ်းပြီး ဆင်းရသလို တထိတ်ထိတ်နဲ့  ။

ငါတို့ဟာ အမြဲပဲ မမြင်မကန်း

ငါတို့ ပင်ပန်းကြ ၊

ငါတို့မှာ အာယတန အတွက်

အပိုပစ္စည်း ဆိုတာ မရှိ

ငါတို့ အသိဥာဏ်ဟာ ကူလီပိန်ပိန်လို

သူ့ကျောပေါ် မမျှမတ ၊မနိုင်ဝန်ထုပ် ပိကျလို့

ငါတို့ ဆင်းရဲ ခဲ့ပါတယ်

သို့ပေမယ့် အချိန်အားရင် လမ်းသလားဆဲ။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
aအောင်လတ်

 

ဟောဒီ ကမ္ဘာပေါ်မှာ

နာနာကျင်ကျင်ဘဝ ရှိသူတိုင်း

သမိုင်းကို ပြောင်းလဲပစ်ခဲ့ ကြတယ်။

လူတဦးတယောက်ရဲ့ အသက်ရှုသံ

သူ့ ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ်

ဘယ်သူမှ မကျူးကျော်နိုင်ဖို့ …

အသိ အသက် ရှိတာခြင်း တူရင်  

ဘယ်လုမျိုးကမှ

အခွင့်အရေး ပိုမယူကြဖို့ ..

စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့ 

အဟောင်းအမြင်း မှန်သမျှကို

ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

Prison (၁)

ရာဇဝင်လို အိုမင်းတဲ့

တောင်ပူစာ တလုံးရဲ့ နဘေးမှာ

ရေမစီးတဲ့ ခဲခြစ်ကောက်ကြောင်းရှိတယ်

အဲဒိနံဘေးမှာ

အဖုံးမပါတဲ့ မှော်သေတ္တာတလုံးရှိတယ်

 

မှော်သေတ္တာထဲမှာ . . .

ကြယ်ရောင်တွေကို မြှုပ်ထားတယ်

ဝတ်စုံပြည့် သတို့သမီးတွေကို မြှုပ်ထားတယ်

ခြေတစ်ဖက်ကျိုးနေတဲ့ အနာဂတ်ကို မြှုပ်ထားတယ်

ဒိုမိနစ်လာပီယဲရဲ့ “သုခမြို့တော်” မြှုပ်ထားတယ်

မှော်သေတ္တာထဲမှာ

ကမ္ဘာကြီးအတွက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပန်းချီကား

ချန်ထားရစ်တဲ့

ကိုချိုကြီးကို မြှုပ်ထားတယ်

တန့်ဆည်သပိတ်က ကိုချိုထွန်းကို မြှုပ်ထားတယ်

သတင်းထောက်ကြီး ဦးကျော်ညွန့်ကို မြှုပ်ထားတယ်

ရွှေကူသပိတ်က ဦးကိုလေးကို မြှုပ်ထားတယ်

. . . .

. . . .

မြှုပ်ထားတယ် . . မြှုပ်ထားတယ် . . . .

မှော်သေတ္တာထဲမှာ

လူသေတွေထုတ်လုပ်တဲ့

ဆေးရုံ တစ်ရုံ မြှုပ်ထားတယ်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သရုပ်ဖေါ် ဓါတ်ပုံ ပန်းချီထိန်လင်း မော်ဒယ် ဌေးမျိုးကျော်

 

တကယ်တော့

စတာနဲ့ဆုံးတာဟာ တစ်ပြိုင်တည်း၊

 

မွန်းတည့်နေမှာ။

 

မွန်းတည့်နေဟာ

ချောက်ချောက်ခြားခြား ပြုံးတယ်

ယဉ်ယဉ်ကျေးကျေးပယ်ချတယ်

သံတမန်တွေလို လက်ဆွဲနှုတ်ဆက်တယ်။