User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


san min

(၁)

ပထွေးရဲ့ မရောင့်ရဲနိုင်တဲ့ ၀မ်းနည်းကြေကွဲမှုကိစ္စကော

 

ပြီး၊ မိုးရေကို စေးကပ်စေတဲ့ သူမရဲ့ သုတ်လိမ်း ကော့စ်မက်တစ်

 

ပြီး၊ ကျန်းမာရေးကောင်းမွန်ခြင်းကို ကူးစက်စေတဲ့ ဘာဟီရတွေရဲ့ အဖါအထေးကွက်တွေ

 

ပြီး ၊ တရားဥပဒေပြု အဆောက်အဦဗုံးက မီးစွဲဟပ်တဲ့ အကျိုးသက်ရောက်မှုတွေကော

 

ပြီး ၊ မျိုးဆက်သစ်ရဲ့ နားဝမှာ သေနေတဲ့ တယ်လီဖုံး

 

ပြီး ၊ သူကြိုဆိုအပြုံးဟာ ဒူးလေးလို မြားတပ်ပြီးချိန်မှာ

 

 

 

san min

 

(၁)

ပထွေးရဲ့ မရောင့်ရဲနိုင်တဲ့ ၀မ်းနည်းကြေကွဲမှုကိစ္စကော

 

ပြီး၊ မိုးရေကို စေးကပ်စေတဲ့ သူမရဲ့ သုတ်လိမ်း ကော့စ်မက်တစ်

 

ပြီး၊ ကျန်းမာရေးကောင်းမွန်ခြင်းကို ကူးစက်စေတဲ့ ဘာဟီရတွေရဲ့ အဖါအထေးကွက်တွေ

 

ပြီး ၊ တရားဥပဒေပြု အဆောက်အဦဗုံးက မီးစွဲဟပ်တဲ့ အကျိုးသက်ရောက်မှုတွေကော

 

ပြီး ၊ မျိုးဆက်သစ်ရဲ့ နားဝမှာ သေနေတဲ့ တယ်လီဖုံး

 

ပြီး ၊ သူကြိုဆိုအပြုံးဟာ ဒူးလေးလို မြားတပ်ပြီးချိန်မှာ

 

 

ပြီး ၊ အမြော်အမြင်ရှိတဲ့ ၀က်သစ်ချပင်ဟာ ဆန်းသစ်လရဲ့ မျက်လုံးကို ၀င်ခွင့်ပြုလိုက်ပုံ

 

ပြီး ၊ နှုတ်ခမ်းမွေး စူးစူးအနမ်းနဲ့ မိုတယ်လ်ခန်း

 

ပြီး ၊ မြေကွက်လပ်မှာ ရာဘာကျည်ဆံတွေပစ်နေတဲ့ အကျဉ်းသား

 

ပြီး ၊ အမျိုးသားရေးဟာသကို ၀န်းရံထားတဲ့ ဆွေးမြေ့စည်းရိုး

 

ပြီး ၊ စရိုက်ပျက်သူဋ္ဌေးသမီးလေးအတွက် ဖဲကြိုးတံဆိပ်

 

ပြီး ၊ ဆယ်စုနှစ်တစ်ခုကျော်မှ နိုးလာပြီး `ရောဂါပဲ ၊ ရောဂါပဲ´ လို့ထအော်လို့

 

ပြီး ၊ တနင်္ဂနွေမှာ ရောက်လာတဲ့ ပညာရပ်ရဲ့ ကြားရက်တစ်ရက်အော်ဂဇ္ဇမ်

 

ပြီး ၊ လက်ဝါးကပ်တိုင် သယ်ဆောင်သူတွေဟာ သားအိမ်ရဲ့ မိုးကြိုး ခကြရရှာ

 

ပြီး ၊ အကယ်၍သာ မီးတောင်ဟာ နည်းနည်းလေးဖြစ်ဖြစ် တကျစ်ကျစ်မြည်ရင်

 

ပြီး ၊ သူနာပြုအုပ်ဆရာမကြီး ရုံးခန်းထဲမှာ သူတို့ ကလေးဆော့ကစားတမ်းဆော့ကြ

 

ပြီး ၊ ရေဆိုးမြောင်းနံ့ကလွဲလို့ ဆစ်ကမိုးပင်ရဲ့ အပွင့်တွေမွှေးကြူ

 

ပြီး ၊ စိတ်ရဲ့ ပိုလ်ကာ ဂီတဟာ နိုဝင်ဘာတစ်လလုံး ဖျော်ဖြေ

 

ပြီး ၊ ပျက်ဆီးသွားတဲ့ အချစ်ဟာ အခုတော့ ပုစွန်ထုပ်ဟင်းထချက်

 

ပြီး ၊ ခုနှစ်တွေဟာ တိုတိုလာနေကြပြီဆိုတော့ကာ

 

 

(၂)

နှလုံးသားဟာ သူ့ထိုင်ခုံမှာ ထိုင်ချလိုက်တဲ့အခါ

 

ဝတ်ပြုကျောင်းနံရံဟာ ချွေးထွက်သလို သွေးတွေထွက်လာတဲ့အခါ

 

ရုပ်ရှင်ရုံထဲ သေနတ်နဲ့ ပေါက်ပေါက်ဆုပ်ယူသွားလို့ရတဲ့အခါ

 

လူသတ်သမားရဲ့ စိတ်ဟာ ခါးပတ်မှာ ကျည်အကပ်လိုက် ချိတ်ထားတဲ့အခါ

 

လမ်းလျှောက်စ ကလေးငယ်ဟာ သူ့မစင်ထဲ မွှေနှောက်ရှာစားတဲ့အခါ

 

မြစ်ဟာ တစ်စက်တစ်စက် စီးဆင်းဖို့တောင် ခြောက်သွေ့လွန်းလာတဲ့အခါ

 

ဒါတွေထက် ကျွန်စနစ်ကမှ ပိုကောင်းသေးတယ်လို့ သူမ ပြောတဲ့အခါ

 

လက်ဘက်ရည်ပွဲဟာ အထက်လွှတ်တော်ကို ပင်လယ်ထဲမျော ရေခဲတောင်လုပ်လိုက်တဲ့အခါ

 

သမ္မတကြီးဟာ မဲကြုတ်နေတဲ့ ကလေးငယ်လေးကို လေထဲရမ်းပြတဲ့အခါ

 

သနားကြင်နာမှုဟာ သင့်ကို မွန်းသေစေတဲ့ ဂွမ်းကပ်ဖြစ်သွားတဲ့အခါ

 

ကန္တာရ စနိုက်ပါဟာ နယ်ခြားဖြတ်ကျော် ဂိတ်ပေါ်မှာ နေရာယူထားတဲ့အခါ

 

ဈေးခြင်းတောင်းထဲ အပြည့်ထည့်ပြီး အဲဒီခြင်းကို ဒီမိုကရေစီလို့ ခေါ်တဲ့အခါ

 

အပြေးပြိုင်ပွဲအစ ပစ်လိုက်တဲ့ ပစ္စတိုကြောင့် မှန်တွေ ကွဲသွားကြတဲ့အခါ

 

စိပ်ပုတီးလုံးတွေဟာ သွားတွေလို ကြိတ်ကြတဲ့အခါ

 

ဆလယ်ဘရစ်တီဟာ နာမည်သစ်ရတဲ့အထိ ငိုင်တွေကြည့်နေတဲ့အခါ

 

အားပေးကြတဲ့ ကိုယ်တော်ချောတွေဟာ ရဲတိုက်ရဲ့ မာကျောမျက်နှာပဲရကြတဲ့အခါ

 

ကိုလာအေးတစ်ငုံစီသောက်နေတဲ့ အိုလံပစ်မီးရှူးတိုင်ရဲ့ ၀င်ပေါက်လုပ်ခံရတဲ့အခါ

 

ပြည်နှင်ဒဏ်ခံရတဲ့ ဘ၀တစ်ခုလုံးဟာ တစ်နှစ်နားချိန် အသစ်ဖြစ်သွားတဲ့အခါ

 

ရေနံစိမ်းတစ်တန်နဲ့ အာဏာရှင်ရဲ့ သတ်ဖြတ်မှုကို လက်ခံသဘောတူလိုက်တဲ့အခါ

 

ကျောက်တုံးတွေပေါ်ခန္ဓာကိုယ်တွေဒုတ်ကနဲ ဒုတ်ကနဲ ပစ်ချလိုက်တဲ့အခါ

 

(၃)

ဒါမှမဟုတ်ရင် နတ်ဘုရားဟာ သူခိုးကောင်းကိုချစ်လို့ပဲ

 

ဒါမှမဟုတ် ထောပတ်လိုအပြုံးဟာ မီးဖိုချောင်သိုလှောင်ခန်းထဲ ဘာမှမဖြည့်ပေးဘူး

 

ဒါမှမဟုတ် သူတို့ကို မျိုးကောင်းမျိုးသန့်ပြုလုပ်တာဟာ ငါတို့ကို မျိုးယုတ်မျိုးညံ့ဖြစ်စေလို့ပဲ

 

ဒါမှမဟုတ် ကျေးလက်နေတို့ရဲ့ ချက်အရက်ထက် ပိုသူစိမ်းဆန်တာမရှိလို့

 

ဒါမှမဟုတ် မွန်းတည့်မှာ သူတို့သေပြီး သန်းကောင်ယံမှာ ပြန်မွေးဖွားလာကြလို့

 

ဒါမှမဟုတ် ဆင်းရဲသားရပ်ကွက်ဟာ တစ်ဝက်ပဲ ဆောက်တည်ရာမရဖြစ်နေရင်ကော

 

ဒါမှမဟုတ် ၀တ်လစ်စလစ် ဧ၀ဟာ သင့်ရဲ့ အီဒင်ကို ထွန့်ထွန့်လူးစေလို့

 

ဒါမှမဟုတ် ခဲတံချွန်ဓါးဟာ ခွေးမသားအသစ်လေးပဲ

 

ဒါမှမဟုတ် လူသားရဲ့ပြာတွေ အထပ်လိုက်စီထားတဲ့ စာကြည့်တိုက်

 

ဒါမှမဟုတ် လူနာဆောင်ဂိတ်ဝမှာ ည၀တ်ဂါဝန်အပြာရောင်တွေနဲ့ စိတ်မနှံ့မိန်းမတွေ

 

ဒါမှမဟုတ် သမိုင်းလို့ခေါ်ကြတဲ့ ဟောဒီပုံပြင်ဇာတ်လမ်းပေါ်သဘောတူညီကြတော့မှ

 

ဒါမှမဟုတ် မိသားစုတောအုပ်ကို ခုတ်ထွင်ပစ်လိုက်တာ သစ်ပင်ကို ထိမ်းသိမ်းစောင်ရှောက်ဖို့

 

ဒါမှမဟုတ် ဒါဟာ မျက်ကန်းမျိုးချစ်စိတ်ဓါတ်ရဲ့ သင်္ကြန်အမြောက်ပဲ ဖြစ်နေမလား

 

ဒါမှမဟုတ် စီစလီနဲ့ ကျွန်ုပ်သင့်အား မေးပါရစေ ၊ အာဖရိကန်စကား ကျွမ်းကျင်လား

 

ဒါမှမဟုတ် မိမိတို့ မဲပေးလိုက်ကြတဲ့ ပုတ်သင်ညိုတွေဆီက ဘာပြောင်းလဲမှုမှမလာတဲ့အခါ

 

ဒါမှမဟုတ် ရေတစ်ပုံးအတွက် သန့်စင်တဲ့ အ၀တ်စုတ်

 

ဒါမှမဟုတ် ချောမောတဲ့ အသစ်ကလေးအတွက် မိန်းမရဲ့ မျက်လုံးကို သူလှည့်စားလိုက်စဉ်မှာ

 

ဒါမှမဟုတ် အိမ်ရှေ့မင်းသားလေးဟာ Handel ကိုနားထောင်ရင်းသူ့ဥတွေကိုခွဲနေတယ်

 

ဒါမှမဟုတ် ခုတ်ပိုင်းခံရသူတွေဟာ မူဆလင်တွေဖြစ်ရင်တော့ အဓိပ္ပါယ်တစ်မျိုးပြောင်းသွားပြီပေါ့

 

ဒါမှမဟုတ်ရင် သင်ဟာ ဘယ်လိုအပြစ်ရှိသူလူစားမျိုးလဲ

 

(၄)

ဟုတ်တယ် ၊ တစ်ကိုက်စာ စားစရာလေးတွေဟာ ညစာစားပွဲကြီးရဲ့ ပုံတိုပတ်စ စကားတွေထက်သာလွန်တယ်

 

ဟုတ်တယ် ၊ အရောင်လေးတောက်ပြလိုက်ရင် ချီတုံချတုံပြည်နယ်တွေရဲ့ မဲတွေရနိုင်တယ်

 

ဟုတ်တယ် ၊ ကြော်ငြာသမားရဲ့ တွဲလျားကျ ရေခဲချောင်းမျက်လုံးတွေဟာ သင့်ကို နွေးထွေးစေဖို့

ဟုတ်တယ် ၊ အာဒံနဲ့ သူ့အိမ်မွေးတိရိစ္ဆာန်မြွေတို့ရဲ့ ဘ၀မှာ နောက်ထပ်တစ်နေ့တာ

 

ဟုတ်တယ် ၊ မလှန်ရသေးတဲ့ စာမျက်နှာကို ကောင်းကောင်းဖတ်လို့မရဘူး

 

ဟုတ်တယ် ၊ မိုင်ကုန်မောင်း ဂျက်လေယာဉ်ရဲ့ ပြင်းထန်တဲ့ ပေါက်ကွဲအားကိုခံနိုင်တဲ့ ကွန်ခရိလှေခါး

 

ဟုတ်တယ် ၊ စားပွဲပေါ်က hologram ဟာသင့်ကို ဂရုတစိုက်ရှိတဲ့ web check-in ပဲ

 

ဟုတ်တယ် ၊ ဆပ်ကပ်များရဲ့ ၀န်ကြီးဋ္ဌာနဟာ ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာနပဲ

 

ဟုတ်တယ် ၊ ဂျင်ဂျစ်ခန်ကို မြှုပ်နှံထားတာ ဒီမှာ ၊ ဟိုမှာ ၊ နေရာတကာမှာ

 

ဟုတ်တယ် ၊ အဆိုးဆုံးရေဟာ အတောက်ဆုံးမီးကို ငြိမ်းနိုင်တယ်

 

ဟုတ်တယ် ၊ ဟစ်တလာဟာ သူ့မြေအောက်ဗုံးခိုကျင်းထဲမှာ သူ့ခွေး `၀ံပုလွေ´ကို ပွတ်သပ်ခဲ့တယ်

 

ဟုတ်တယ် ၊ ပန်းချီကားလေလံသမားဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ အလုပ်ဆင်းချိန်နာရီပဲ

 

ဟုတ်တယ် ၊ လက်နက်စက်ရုံကို ၀ယ်ယူဖို့ သင်္ဘောကုန်အပြည့် သံခင်းတမန်ခင်း

 

ဟုတ်တယ် ၊ ဘုရားရှိခိုးကျောင်းက မီးပန်းဆိုင်းတွေဟာ `ကောင်းကင်ဘုံရဲ့ ရောင်းကုန်ပစ္စည်း´ ပဲ

 

ဟုတ်တယ် ၊ အစိမ်းရောင်ခန်းထဲမှာ စာကြည့်တိုက်မှူးနဲ့ ခရစ်ယာန်ဘုန်းကြီးတို့ လုပ်ကြတယ်

 

ဟုတ်တယ် ၊ ကော်ဖီအိုး ဘိုဟီးမီးယန်းတွေဆီရောက်တဲ့အထိ ခေါင်းငြိမ့်သွားလိုက်

 

ဟုတ်တယ် ၊ ငါတို့ဟာ တကျွိကျွိမြည်တဲ့ စအိုတွေရဲ့ ခေတ်မှာ နေထိုင်နေကြတာ

 

ဟုတ်တယ် ၊ သူမရဲ့ တင်သားတွေပေါ်က အက်ကြောင်းတစ်လျှောက်တက်တူးစာသားဟာ `ခွေးလိုကြိုက်တယ်´တဲ့

 

ဟုတ်တယ် ၊ `အနုပညာမြောက် ထိရောက်မှု´ဟာ ကော်မတီအဖွဲ့ဝင်တွေကိုမြှူဆွယ်တယ်

 

ဟုတ်တယ် ၊ အပြစ်အနာအဆာကင်းသူဘယ်သူမှမရှိဘူး ၊ သူဟာလည်းနောက်ထပ် ဘယ်သူမှမဟုတ်တဲ့ တစ်ယောက်ပဲ

 

(၅)

ငရဲထဲပစ်သွင်းခဲ့တဲ့ နှင်းခဲလုံးတွေအားလုံးအတွက်သာမဟုတ်ရင်

 

ဂင်္ဂါထဲက လူသားအဆန်တစ်စေ့စီအတွက်သာမဟုတ်ရင်

 

ဒါပေမယ့် အဲသလို အသံမျိုးကို မိစ္ဆာကတောင် သီချင်းအဆိုသင်ပေးလို့ရတယ်

 

ဒါပေမယ့် ရေခဲတောင်ထိပ်ဟာ အ၀ါရောင်ငှက်တောင်အဖြစ် ကျုံ့သွားတယ်

 

ဒါပေမယ့် သူတို့ ကျယ်ကျယ်အော်ခေါ်လေ ၊ မိမိတို့ရောက်လာပုံဟာ အသံထွက်လေပဲ

ဒါပေမယ့် ဘာဖြစ်လို့ ငပိန်းတွေဟာ ရှေ့ရောက်အောင်မြင်နေကြတာလဲ

 

ဒါပေမယ့် သူတို့ပြောတယ် ၊ ဒေါ်လာတွေဟာ ပြန်အမ်းငွေထက်ကောင်းသတဲ့

 

ဒါပေမယ့် အကယ်၍ ပဉ္စမမြောက်ပညတ်တော်ဟာ `သင့်သားသမီးကို မယုံကြည်နဲ့´ လို့ဆိုခဲ့ရင်ကော

 

ဒါပေမယ့် နောင်တော် တေဇောဓါတ်ကပြောတယ် အနိစ္စဟာ မျိုးရိုးလိုက်တာတဲ့

 

ဒါပေမယ့် အကယ်၍ ဆာလောင်မှုနဲ့ ဆိုင်တဲ့ ဥပဒေတစ်ခုခုရှိခဲ့ရင်ကော

 

ဒါပေမယ့် လောကမှာ အခက်ဆုံးဟာ ဖြောင့်ဖြောင့်တန်းတန်းလျှောက်ခြင်းမို့

 

ဒါပေမယ့် နွေရာသီ rumba ချာတိတ်တွေဟာ ဒီအကြောင်းမပြောချင်ဘူး

 

ဒါပေမယ့် သင်္သကရိုက်ဘာသာစကားမှာ အင်ပါယာဟာ ကွဲပြားခြားနားစွာအုပ်ချုပ်တယ်

 

ဒါပေမယ့် ဘာဖြစ်လို့ဒီလောက်စုတ်ပြတ်တဲ့ လမ်းတွေမှာ ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ နောက်ထပ်ရုပ်တုတွေ

 

ဒါပေမယ့် ရွေးကောက်ပွဲ လေဆန်ဟာ လတ်လတ်ဆတ်ဆတ်လှီးဖြတ်ထားတာတွေအတွက်

 

ဒါပေမယ့် ကော့တေးတုတ်ချောင်းလေးရဲ့ ထိပ်မှာ ကလော်ထုတ်ယူလိုက်တဲ့မျက်လုံးတစ်လုံး

 

ဒါပေမယ့် လူသတ်သမားရဲ့ တိရိစ္ဆာန်ဆန်တဲ့ အရသာကို ပိုရင်းရင်းနှီးနှီးသိရဖို့

 

ဒါပေမယ့် ဥယျာဉ်မှူးက သိတယ် ဖူးငုံရဲ့ နှလုံးသားဘာကြောင့်သွေးစွန်းရရှာလဲ

 

ဒါပေမယ့် သိုးမ ဟာ သူ့သဘာဝရန်သူဖြစ်တဲ့ ခြင်္သေ့ရဲ့ ခြေဖ၀ါးကိုလျက်ပေးတယ်

 

ဒါပေမယ့် ရိုက်ခွဲပစ်လိုက်တဲ့ မှန်ကနေ လူ့အန္ဓရဲ့ မျက်နှာဟာ ငေးစိုက်ကြည့်နေတုန်း

 

                                                                        ဂျေးမ်စ် ဘန်း

   ဇေယျာလင်း အင်္ဂလိပ်ဘာသာမှပြန်ဆိုပါသည်။ ကဗျာဆရာဂျိမ်စ်ဘန်းသည် ယူကေအခြေစိုက် the Wolf ကဗျာမဂ္ဂဇင်းအယ်ဒီတာ တဦးဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင်ထုတ်ဝေသည့် BONE will Crow မြန်မာခေတ်ပြိုင်ကဗျာပေါင်းချူပ်စာအုပ်ကို တည်းဖြတ်သူလည်းဖြစ်ပါသည်။ကဗျာသရုပ်ဖေါ်ပန်းချီ စံမင်း

 

 

 

 

/