User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 

hl

 

ရိုးပြတ်တောလေးထဲ အဖေနဲ့အတူဖြတ်လျှောက်ရင်း

အရိုင်းပန်းတွေတွေ့တော့

သိပ်မခံစားချင်ဘူးဆိုတဲ့ ဦးလေးရဲ့ကဗျာတွေလိုပဲ

ရိုးသားပြီးလှတယ်လို့ အတူထင်ခဲ့ကြတယ်။

 

အဆုံးနဲ့ အစဟာ

တကယ်တော့ ဘာမှအရေးမကြီးလှပါဘူး..

 

အဖေ ဖွဲ့သီခဲ့တဲ့ကာရံတွေဟာ

ပြေချောပြီး

လူဆန်မှုဆိုတဲ့ နက်နဲမှုတခုဆီ

တသွင်သွင်စီးလို့...

တိုက်စားသွားရတဲ့ ကမ်းပါးတွေကတော့ ခက်ထန်တယ်။

hl

ရိုးပြတ်တောလေးထဲ အဖေနဲ့အတူဖြတ်လျှောက်ရင်း

အရိုင်းပန်းတွေတွေ့တော့

သိပ်မခံစားချင်ဘူးဆိုတဲ့ ဦးလေးရဲ့ကဗျာတွေလိုပဲ

ရိုးသားပြီးလှတယ်လို့ အတူထင်ခဲ့ကြတယ်။

 

အဆုံးနဲ့ အစဟာ

တကယ်တော့ ဘာမှအရေးမကြီးလှပါဘူး..

 

အဖေ ဖွဲ့သီခဲ့တဲ့ကာရံတွေဟာ

ပြေချောပြီး

လူဆန်မှုဆိုတဲ့ နက်နဲမှုတခုဆီ

တသွင်သွင်စီးလို့...

တိုက်စားသွားရတဲ့ ကမ်းပါးတွေကတော့ ခက်ထန်တယ်။

 

အရင် ကလေးလေးတယောက်ရဲ့ တခစ်ခစ်ရယ်သံလွင်လေးဟာ

ခပ်ဝေးဝေးဆီလဲ့ပြေးသွားလို့..

တိုးဆတိတ်တိတ် ခပ်ရိပ်ရိပ်သာကြားနေရတယ်..

 

အဲဒီ တနေ့လည်..

အဖေ့ကို နှတ်ဆက်တယ်..

ဂျွန်နသံလိုလေ.. ပျံမလို့ လို့။

 

အဖေက မတားပါဘူး..

ရစရာ တခုပဲရှိတယ်..အသေအချာ ဖမ်းဆုပ်ခဲ့တဲ့။

 

ကျန်းမာရေးဂရုစိုက်တယ်

အိမ်အပြန်ကို စောင့်နေမယ်တဲ့။

 

ဒီလိုနဲ့ အဲဒီ ဟိုးခပ်ဝေးဝေးမှာ ကျန်ခဲ့တဲ့ တနေ့လည်ဟာ

အဖေနဲ့ သမီးအတွက် နောက်ဆုံးဖြစ်ခဲ့။

 

အဖေကမှာတယ်..

ကိုယ့်ဖြစ်တည်မှုတခုကို ဈေးပေါပေါနဲ့ ဘယ်တော့မှ ချမရောင်းနဲ့တဲ့..

သမီးကြိုးစားပါမယ်..

ဤ ဆိုတာ ကျွဲမှ မဟုတ်ပဲ။

 

ငယ်ငယ်က သုတတွေနဲ့ လုံးချာလိုက်ရင်း

ရသတွေဖတ်အားနည်းတော့

အဖေက ဆူတယ်.. ဟစ်တလာလေးဖြစ်လိမ့်မယ်တဲ့..

ကမ္ဘာဟာ တနှစ်ခြိုက်ခြိုက်မြိုချစရာ..

လူသားရောင်းရင်းတွေရဲ့ အနာ အလှတွေကို ဝေမျှတတ်ရာ

ရင်ခွင်တခု လူတိုင်းမှာရှိသတဲ့..

ရသဘ၀စာပေကောင်းတွေနဲ့သာ တူးဆွဖော်ထုတ်ရမယ်လို့ သိခွင့်ရခဲ့တယ်..

 

လူငယ်တွေဟာ ဖြူစင်တယ် အပြစ်ကင်းတယ်ဆိုတာ မဟုတ်ဘူးလို့လဲ

အဖေက ငြင်းချက်ထုတ်ပြခဲ့တယ်..

အဖေ့ကြောင့် အဓမ္မလူငယ်နဲ့ ဓမ္မလူငယ်ဆိုတာကို

တခွဲခြားခြား ပြတ်သားအောင် မြင်နိုင်ခွင့်ရခဲ့တယ်။

 

ပညာတွေ ဆည်းပူးရမယ်ဆိုတော့

အမောဆို့နေရက်က

အဖေစာရေးနေကျ စားပွဲလေးမှာ သမီးကိုအထိုင်ခိုင်းပြီး

စာအုပ်တွေတအုပ်ပြီး တအုပ်ရေးချ

ဘာသာအပြန်ခိုင်းတယ်။

ပြန်သမျှ အမှားတွေပြင်လို့..

အဖေ့မှာ ဒီလိုတပည့်သားမြေးတွေပုံလို့..

အဖေ့ မျှော်လင့်ချက်တွေဟာ

သမီးဆိုတဲ့ အတ္တကြောင့်မဟုတ်ခဲ့။

တိုင်းပြည်က ခိုင်းလာတဲ့တနေ့ မလုပ်တတ်မကိုင်တတ်မဖြစ်ရအောင်..

 

သမီးတို့မျိုးဆက်အတွက်
အဖေ့ ပုခုံးကြီးပေါ်မှာ နိုင်ငံ့ဝန်တွေ

ရွက်ကြားအိုချိန်ထိ တင်ထားခဲ့ရတဲ့အတွက်

သမီးဝမ်းနည်းပါတယ်။

 

အဖေ့ရင်ဘတ်ကြီးတခုလုံးကို

အာဏာရှင်က မွနေအောင် ဆုတ်ဖြဲထားတဲ့ကြားက

သမီးတို့အပေါ် ဆက်လက်နူးညံ့ရင်း..

မတရားမှုတွေအတွက် ဆက်လက်ကြံ့ကြံ့ခံ မာကျောခဲ့တဲ့အတွက်..

 

အလင်းကို ကြောက်တတ်သူတွေကြားမှာ

အသက်ငင်နေတဲ့အချိန်ထိ

ကိုယ်တိုင်အလောင်မြှိုက်ခံရင်း ထွန်းညှိပေးခဲ့တဲ့ ထိန်နေတဲ့ တန်ဖိုး

စာပေအလုပ်သမားကြီးရဲ့ မေတ္တာတွေအတွက်လည်း

ဦးခိုက်ပါတယ်။ ကန်တော့ပါတယ်။ ရှိခိုးပါတယ်။

ကျေးဇူး အနန္တပါ အဖေ။

 

အဖေဟာ ဘယ်တုန်းကမှ

မြည်တွန်တောက်တီးတယ်ဆိုတာ မရှိခဲ့ပါဘူး..

စီးနေတဲ့ ဖိနပ်ပြတ်သွားတဲ့အခါ

အဖေ့ဖိနပ်ကို ချွတ်ပေးခဲ့သလိုပဲ

အမှောင်ခေတ်ကြီးထဲမှာ

သွေးရူးသွေးတန်း အသံနက်တွေခြိမ်းခြောက်ကြတဲ့အခါ

အပြိုပြို အလဲလဲနှိင့်ထက်စီးနင်းပြုကျင့်ကြတဲ့အခါ

ဆွဲထူခဲ့တယ်..ခေတ်ကြမ်းကြီးရဲ့ လမ်းတလျှောက် မားမားမတ်မတ်ရှေ့က လျှောက်ပြခဲ့တယ်..

အရူးနဲ့ အကောင်းခွဲခြားပြခဲ့တယ်..

 

တကိုယ်ကောင်းစိတ်တွေနဲ့သာ ထုံမွှမ်းနေတဲ့ ၀န်းကျင်မှာ

ပစ္စည်းပစ္စယတွေကို ရှိခိုးတတ်တဲ့ ဓလေ့ရိုင်းတွေကြားမှာ

လူပီသသူရှိသေးရဲ့လို့ မျှော်လင့်ဂုဏ်ယူစရာအဖြစ် ရပ်တည်ခဲ့တယ်..

အဖေ။

 

ဒီကဗျာဟာ

အဖေထားခဲ့တဲ့ လူငယ်မျိုးဆက်တွေကြားက အမှတ်တရတွေများစွာထဲက

အမှတ်တရလေး တစထဲပါအဖေ။

 

တိုင်းပြည်အတွက် ဆက်လက်မျှော်လင့်တတ်တဲ့

မေတ္တာတရားတွေအတွက် ဆက်လက် အသက်ရှု လုံးပန်းတတ်တဲ့

မတရားမှုတွေကို တားရဲ ပပျောက်အောင်ရှင်းထုတ်ရဲတဲ့

အလုပ်ကြိုးစားတတ်တဲ့

အသုံးကျတဲ့

မျိုးဆက်ကြီးကို အဖေအမြဲ လိုချင်ခဲ့တယ်။

 

တရားသော တိုက်ပွဲပျော်တွေ အဖြစ် အဖေ့ကို နစ်နစ်သီးသီး လွမ်းကြပါစို့။

 

၂၀၁၂ခု ဇွန်လ ၁၇ ရက်နေ့တွင် ကွယ်လွန်ဆုံးပါးသွားသော လူထုစိန်ဝင်း၏ ကျေးဇူးကို ရည်၍ ရိုသေစွာ ရေးဖွဲ့ပါသည်။