ကဗျာ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

အစေးမကပ်တဲ့ 
ကျောက်စရစ်ခဲတွေ ပြန့် ကျဲနေသလို 
အစိုးမရတဲ့ စိတ်အတွေးတွေက ဟိုတစ်စဒီတစ်စ
လကမ္ဘာရဲ့  ချောက်ကမ်းပါးမဟုတ်
မြေကမ္ဘာရဲ့  ဆွဲငင်အားနည်းခြင်းရဲ့  ပြယုပ်
ကတ္တရာတွေ အရောင်ပြယ်နေလို့ ပါ ။ 
ပလတ်စတစ်အိတ်တွေ 
လေရူးနဲ့ ကခုန်
ရေသန့် ဗူး ဘီယာဗူး
အိုးခွက်စုတ် အဟောင်းထုတ် 
အစုတ်ပလုတ်တွေ
အခြေမဲ့ အကြွေပန်းခြောက်လေးတွေ
ဟိုတစ်စဒီတစ်စ တွယ်ရာမဲ့ လွင့်နေကြတာ
ဒါဟာ . . .
ဒီရပ်ဝန်းရဲ့  မညီမျှခြင်း ပြယုပ်
စိတ်ဓာတ်တွေ အရောင်ပြယ်နေလို့ ပါ ။ ။

           မင်းအောင်မြင့် ( ရာမည)

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စခန်းရောက်မှရှင်း ဆိုတာရဲ့နောက် ထပ်မတွေ့ရတော့ဘူး
လုပ်ထုံးလုပ်နည်းလုပ်နေကျအတိုင်းပဲ လုပ်ရပါလိမ့်မယ် ဆိုတာ
လက်သုံးစကားမှန်းသိသိကြီးနဲ့ မင်သက်မိသွား
ငါဘာလို့ မတားဆီးလိုက်နိုင်တာလဲ ငါဘာလို့ မကာကွယ်လိုက်နိုင်တာလဲ  ငါဘာလို့..ငါဘာလို့...။
အမှန်တရားကိုယုံကြည်လွန်းနေတော့ ...
အမှန်တရားကပြန်လှည့်ကြည့်ပါ့မလား.. သံသယက
အမှန်တရားကို ငါ မယုံကြည်တော့ဘူး ။
အမှန်တရားပေမယ့် မပေါ်ပေါက်ခင်အထိတော့ခံစားရတာပဲ
ပေါ်ပေါက်ပေမယ့်လည်းဘယ်အမှန်တရားမှအစားလာဝင်မခံဘူး...အမှန်တရားအပေါ်သာစောက်ချဉ်ပေါက်နေခဲ့...
အခုအမှန်တရားချစ်မြတ်လွန်းသူကြီးရဲ့ချစ်စိတ်ဟာလက်ထိပ်တန်းလန်း..အိပ်မက်ဟာလက်ထိပ်တန်းလန်း...လက်တစ်စုံဟာလဲလက်ထိပ်တန်းလန်းနဲ့ငါ့ရှေ့တင်ခေါ်ဆောင်ခံရတယ်..။
လက်ထိပ်တန်းလန်းနဲ့အဲ့ဒီလက်ဟာငါ့ကိုထမင်းခွံကျွေးဖူးတယ်
လက်ထိပ်တန်းလန်းနဲ့အဲ့ဒီလက်ဟာငါ့ကိုချော့ သိပ်ဖူးတယ်
လက်ထိပ်တန်းလန်းနဲ့အဲ့ဒီလက်ဟာငါ့ကို လုံခြုံ စိတ်ချ
ဒီနေရာရောက်စေခဲ့တယ်
ငါကတော့အမှန်တရားအားကိုးနဲ့လက်ထိပ်တန်းလန်းကို
ဖြု တ်ချဖို့မကြိုးစားခဲ့ဘူး
ငါကတော့အမှန်တရားအားကိုးနဲ့လက်ထိပ်တန်းလန်း
ပြုတ်အောင် ဒူးမထောက်အောက်မကျို့ ခဲ့ဘူး
အမှန်တရားအတိုင်းဖြစ်လာမှာပါဆိုတာ ချွေးသိပ်စကားသက်သက်သာ 
ငါဟာအမှန်တရား...ငါဟာလက်ထိပ်...ငါဟာတန်းလန်း..
ငါ့ချစ်စိတ်ကိုလက်ထိပ်ခတ်ကြတယ်
ဒီခေတ်မှာဒါမျိုးတွေမရှိတော့ဘူးလို့ဘယ်သူပြောသလဲ
ငါ့ချစ်စိတ်ဟာ လက်ထိပ်တန်းလန်း...
ငါ့အမှန်တရားဟာလဲ လက်ထိပ်တန်းလန်း.. .။ ။

မိုးသက်ငြိမ်ဦး
29.10.2016

ဗီရိုထဲမှာ စာအုပ်တွေရှိတယ်
နံရံမှာ ပန်းချီကားတွေချိတ်ထားတယ်
CDချပ်ထဲ မှတ်ပုံတင်
မေ့ကျန်ရတယ်လို့ 
လည်ချောင်းသံအက်အက်နဲ့
အလ္လာဘ သလ္လာဘတွေဆက်ပြောလို့ 

ကုန်ရုန်းပြီးခုံးခုံးထလာတဲ့လေကြောင်းလွှာ
အံ့သြစရာမရှိပါ ။

လူပျောက်ကြော်ငြာတွေက
လူပျောက်ကြော်ငြာတစ်ခုကို
စိမ်ပြေနပြေ ထိုင်ရေးနေတယ်
လူသေမှုတွေက
လူသေမှုတစ်ခုကို အော်ဖတ်နေတယ်
ပြီးတော့ . . .
ရေတယ် 
တွက်တယ် 
ရေတွက်တယ် 
ပြီးတော့ . . . ပြီးတော့
ေ ရ တွ က် တ ယ်  ။          ။

ရန်လင်းအောင်

Subcategories

လုံးဝိုင်း ပျော့ပြောင်းလေတော့ 

သားရေကွင်းဆိုတာ ကြယ်မှ မဟုတ် 

ဘာမဆို ဖြစ်လာနိုင်တယ်

ပထမဆုံး 

သားရေကွင်းကို မင်း ညာ လက်မနဲ့ 

ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်

ပြီးတော့ ဘယ်လက်ညိုးကို 

သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ

ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်

ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်

အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့  

သားရေကွင်း တြိဂံ ပေါ်လာမယ်

ကြယ်မဖြစ်ခင် 

တြိဂံ အရင်ဖြစ်အောင် ကြိုးစား

ပြီးမှ မင့် ဘယ်လက်ညိုးကို 

တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး

တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်

အောက်ကို ဆွဲချ

ဟုတ်ပြီ

လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို

ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်

ဟော 

မင်းလက်ခုပ်ထဲက ကြယ် 

သေးချင်လည်း ဖြစ်တယ် 

ကြီးချင်လည်း ဖြစ်တယ်

အမျိုးသားစာပေဆုပေးမလား

အမျိုးသား သစ္စာဖောက် စွပ်စွဲမလား 

မှောက်ချင် မှောက် နိုင်တယ် 

လှန်ချင် လှန် နိုင်တယ်