Home
kaungkin
ကဗျာ၊ အံ့ဘွယ်ကမ္ဘာ Print E-mail
Written by ခင်အောင်အေး   

သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

‘My poetry world, The author says’

ကဗျာဆရာက ကဗျာအကြောင်းပြောရမယ်ဆိုတော့ (ကိုယ့်အတွက်) နည်းနည်းတော့ ခွကျတယ်၊ ကဗျာနယ်ပယ်ထဲရောက်သွားတာက ရောက်မှန်းမသိ တဖြည်းဖြည်းရောက်သွားတာ၊ အဲလစ်စ် နဲ့ အံ့ဘွယ်ကမ္ဘာ ဆိုတဲ့ ပုံပြင်လေးက ကိုယ် ကဗျာနယ်ပယ်ထဲရောက်သွားပုံကို တင်စားခိုင်းနှိုင်းဖို့သိပ်ကောင်းတယ်။ အဲလစ် သူ့ဟာသူ ပုံပြင်လေးတွေဖတ်ရင်း wonderful land ထဲ ကျရောက်သွားတာ ကဗျာတွေ ကြိုက်လို့ဖတ်ရင်း ကိုယ်တိုင် ကဗျာနယ်ထဲ ကျရောက်သွားပုံနဲ့တထေရာထဲပဲ။ ထူးထူးဆန်းဆန်းတွေတွေ့ရတာ မဖြစ်နိုင်တာတွေ ကြုံရတာ အခက်အခဲတွေ ကျော်လွှားသွားရတာ ကြိုတင်မသိ မမြင်ရတဲ့ အန္တရယ်တွေနဲ့ ဘွားကနဲ ရင်ဆိုင်ရတာ၊ အသည်းယားစရာ ဖြစ်ရပ်တွေရဲ့ ဖမ်းစားမှု။

 

Read more...
 
ရှင်းတမ်း Print E-mail
User Rating: / 3
PoorBest 
Written by ကာတွန်း မောင်တီထွင်   
မောင်တီထွင်
 
ဆေးရုံ Print E-mail
User Rating: / 2
PoorBest 
Written by တာကောဒီ   

Prison (၁)

ရာဇဝင်လို အိုမင်းတဲ့

တောင်ပူစာ တလုံးရဲ့ နဘေးမှာ

ရေမစီးတဲ့ ခဲခြစ်ကောက်ကြောင်းရှိတယ်

အဲဒိနံဘေးမှာ

အဖုံးမပါတဲ့ မှော်သေတ္တာတလုံးရှိတယ်

 

မှော်သေတ္တာထဲမှာ . . .

ကြယ်ရောင်တွေကို မြှုပ်ထားတယ်

ဝတ်စုံပြည့် သတို့သမီးတွေကို မြှုပ်ထားတယ်

ခြေတစ်ဖက်ကျိုးနေတဲ့ အနာဂတ်ကို မြှုပ်ထားတယ်

ဒိုမိနစ်လာပီယဲရဲ့ “သုခမြို့တော်” မြှုပ်ထားတယ်

မှော်သေတ္တာထဲမှာ

ကမ္ဘာကြီးအတွက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပန်းချီကား

ချန်ထားရစ်တဲ့

ကိုချိုကြီးကို မြှုပ်ထားတယ်

တန့်ဆည်သပိတ်က ကိုချိုထွန်းကို မြှုပ်ထားတယ်

သတင်းထောက်ကြီး ဦးကျော်ညွန့်ကို မြှုပ်ထားတယ်

ရွှေကူသပိတ်က ဦးကိုလေးကို မြှုပ်ထားတယ်

. . . .

. . . .

မြှုပ်ထားတယ် . . မြှုပ်ထားတယ် . . . .

မှော်သေတ္တာထဲမှာ

လူသေတွေထုတ်လုပ်တဲ့

ဆေးရုံ တစ်ရုံ မြှုပ်ထားတယ်

Read more...
 
ကံကော် ရွာသို့  တမ်းတခြင်း Print E-mail
Written by နန်းရွှေမြ   


သရုပ်ဖေါ် ပန်းချီလှတိုး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကံကော်မြေ က ကံကော်ရွာလေးကို
စရောက်ခဲ့ တာ ၁၉၈၂ ။
၂၂ နှစ်ကာလအတွင်း
ကံ့ ကော်ရွာလေးကို ရောက်ခဲ့ တစ်နှစ်
မရောက်တစ်နှစ်နဲ့ ။
မှတ်မှတ်ရရ ရောက်ခဲ့ တဲ့ နှစ် ၂၀၀၁
ကံကော်ရွာမောင်နှမများနှင့်  ပြန်ဆုံ ခဲ့ ရသည်။
(ကို မြိုး၊၀င်းမော်ဟန် တို့ ရောပေါ့ )
ခုတော့  ခရီးဝေးကို တချို့ က သွားနှင့်ကြပြီ။
ဆုတောင်းမိသည်
ကံကော်ရွာလေး ထာဝရ တည်ရှိနေပါစေ။
မှာလိုက်ချင်သည်။

ကံကော်ရွာ မောင်နှမအားလုံးကို သတိရပါသည်။
ပြောပြချင်သည်
အဝေးကနေပြီး ကံကော်ရွာလေးကို လွမ်းမိနေသည်။

 

နန်းရွှေမြ

 
ရေခြား မြေခြား စေတနာရှင်များ Print E-mail
User Rating: / 2
PoorBest 
Written by စာတည်းအဖွဲ့   

 Donation

ကောင်းကင် (မဂ္ဂဇင်း)  စာဖတ်ပရိသတ်များ ဖြစ်ကြသော လန်ဒန်မြို့နေ  ကိုကြည်ထွန်း-မရတနာတို့ ဇနီးမောင်နှံက   (၂၀၀၉) ခုနှစ် အတွင်း  ကောင်းကင် (မဂ္ဂဇင်း)  ပြည်တွင်း ကလောင်ရှင် (၂၀) ကျော်အတွက် တစ်ဦးလျှင် ဥာဏ်ပူဇော်ခ ကျပ်နှစ်သောင်း ပေးပို့ ချီးမြှင့်ခဲ့ပါသည်။

donation

          ၂၀၁၀ မေလလယ်မှ စတင်၍ လန်ဒန်မိုနေ ကိုကြည်ထွန်း-မရတနာ၊ ကိုအောင်ကျော်စိုးတို့ ဦးဆောင်သောအလှူရှင်များ (အလှူရှင်များစာရင်း ကြည့်ရန်နှိပ်ပါ။) က စုပေါင်းအလှူငွေ ဗြိတိသျှစတာလင်ပေါင် နှစ်ထောင့်နှစ်ရာကျော်ကို ရန်ကုန်မြို့ မှ ကဗျာဆရာ သုခေတ်နဒီ၊ ကိုမျိုးမင်း၊ တေးရေး ကိုရဲလွင်တို့ ဦးဆောင်သော စေတနာ့ဝန်ထမ်း အဖွဲ့မှတဆင့် ရေအခက်ခဲ ဖြစ်နေသော  တွံတေးမြို့နယ် ရေတွင်းကုန်း၊ လေးအိမ်စုရွာ၊ သန်လျင်မြို့နယ် စစ်ပင်ကွင်းရွာ၊ သူဌေးကွင်းရွာ၊ သုံးခွမြို့နယ် သိုက်တူးကန် ၊ ပျဉ်းမကန်၊ ညောင်နီ၊ ပုလဲ ရွာများသို့ သောက်သုံးရေများ လှူဒါန်းခြင်း၊ သာယာကုန်းရွာ ဘုံပျံကျောင်း ဗလငါးတန်၊ ဆုထူးပန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းဖွင့်ချိန် စာရေးကိရိယာများ လှူဒါန်းခြင်း၊ ဒဂုံမြို့သစ်အရှေ့ အမှတ် (၁၂၈) မူလတန်းကျောင်း၊ အမှတ် (၄) အနန္တမေတ္တာ ဘုန်းတော်ကြီးသင်ကျောင်းများတွင် ကျောင်းအပ်ရန် အခက်ခဲဖြစ်နေသော ကျောင်းသား (၂၀) ကို ကျောင်းအပ်ပေးခြင်း၊ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ၊ နံရံကပ် သင်ပုန်းကြီးများ၊ ကျောင်းအိမ်သာများ တည်ဆောက်ပေးလှူ နိုင်ခဲ့ပါသည်။

Read more...
 
«StartPrev12345678910NextEnd»

Page 2 of 52