Home
kaungkin
တစ်ဘဝမှာ တစ်ခါမျှ Print E-mail
User Rating: / 10
PoorBest 
Written by အောင်ဖြိုး   

the maw naing painting

(Once in A life-time by Jhumpa Lhairi ကိုပြန်ဆိုတယ်)

အပိုင်း (၁)

(၁)

ကျမရှင့်ကို အရင့်အရင်ကလည်း မြင်ဖူးနေကျပါ။ ဒါပေမယ့် ကျမဘဝထဲက ရှင်ရဲ့တည်ရှိမှုကို ပြန်တွေးမိရင်တော့ အမ်မင်းစကွဲက ကျမတို့အိမ်မှာ ရှင့်မိဘတွေအတွက် ကျင်းပတဲ့နှုတ်ဆက်ပွဲက စရမယ် ထင်ပါရဲ့။ အဲဒီတုန်းက အခြားဘင်္ဂါလီတွေ တော်တော်များများဟာ ကျမ မိဘတွေရော သူတို့ မိတ်ဆွေတွေပါ အခြေချချင်တဲ့ အတ္တလန်တာတို့ အရီဇိုးနားတို့ကို ပြောင်းကြတဲ့ အချိန်၊ ရှင့်မိဘတွေကတော့ အိန္ဒိယကို ပြန်ကြမယ်တဲ့။

Read more...
 
မောင်ချောနွယ်ကိုချစ်လို့ ရတဲ့အမှား Print E-mail
User Rating: / 7
PoorBest 
Written by မီးကျီ   

သရုပ်ဖေါ် ပန်းချီ ကေမြိုး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဈေးထဲမှာ

ငါးအရှင်လတ်လတ်တွေ

ရေမရှိ ရေမထိ

ဗန်းထဲထည့် ချပြထားလေရဲ့ ..

 

Read more...
 
ဘိလပ်ပြန် Print E-mail
User Rating: / 7
PoorBest 
Written by သိပ္ပံမောင်ဝ   

        ဇွန် ၅ ရက်တွင် ခေတ်စမ်းစာပေ၏ ရှေ့ ဆောင်ကြီး သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂) အသက် ၁၁၁ နှစ် ပြည့်မည်ဖြစ်၍ “အောက်စဖို့ဒ်တက္ကသိုလ်မှတ်တမ်း”ဆရာ မြင်ခဲ့သော သူတို့ခေတ် ဘိလပ်ရောက်မြန်မာလူငယ်တို့၏ လွဲမှားသောအမော်အကြွားနှင့် ပညာကိုတန်ဖိုးမထားပုံကို ခုကာလအဝေးရောက်မြန်မာလူငယ်များ ထုတ်နုတ်ဆင်ခြင်ရန်အလို့ငှာ ပြန်လည်တင်ဆက်ရပါသည်။

 

ကောင်းကင်

 သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       ကျွန်တော်သည် မြန်မာဘိလပ်ပြန်တစ်ယောက် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော့်မှာ အလုပ်အကိုင် မရှိပါ။ ကျွန်တော် ဘိလပ်တွင် လေးငါးခြောက်နှစ် နေခဲ့သော်လည်း စာမေးပွဲတစ်ခုကိုမျှ မအောင်၊ ဘွဲ့တစ်ခုကိုမျှ မရခဲ့ပါ။ တစ်နေ့က လူငယ်များ ကြီးပွားရေးအသင်းတိုက် ကို သွားရာ ကြီးပွားရေးမဂ္ဂဇင်းတွင် ဘိလပ်အကြောင်းရေးပါဟု ကျွန်တော့်အား ကိုလှက တိုက်တွန်းပါသည်။ ကျွန်တော် မြန်မာစာကို ကောင်းကောင်းမရေးတတ်ပါ၊ ထို့ကြောင့် မရေးပါရစေနှင့်ဟု တောင်းပန်သော်လည်း အတင်းရေးခိုင်းသောကြောင့် ကျွန်တော်၏ အကြာင်းကို အောက်ပါအတိုင်း ရေးလိုက်ပါသည်။

Read more...
 
တာရာ၏မျိုးဆက်ရနံ့ Print E-mail
Written by ကောင်းကင်   

 ငြိမ်းချမ်းရေးမွေးနေ့ရှင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဂန္ထဝင်မြောက် ဒဂုန်မဂ္ဂဇင်းကြီးရဲ့ နောက်ဆုံးထင်ရှားကျန်ရစ်တဲ့ မျိုးဆက်၊ လက်ရှိမြန်မာစာပေမှာ ဝါအရင့်ဆုံးစာရေးဆရာကဗျာဆရာကြီး ဒဂုန်တာရာဟာ စတုတ္ထမျိုးဆက် ဘလောက်မျိုးဆက် အိုင်တီခေတ် မြန်မာစာပေမွေ့လျော်တဲ့လူငယ်တွေအထိ အားပေးလက်ခံမှုကိုရရှိနေဆဲ မြန်မာယဉ်ကျေးမှုရဲ့ သက်ရှိအမြုတေပါ။ မေ၊ တာရာမဂ္ဂဇင်း၊ စာပေသစ်၊ ရုပ်ပုံလွှာ၊ ကြာပန်းရေစင်၊ ဆယ်နွေဆယ်မိုး၊ ဗညားသီဟစာပေစစ်တမ်း၊ စိမ်းမြဧရာ၊ ယဇ်ပူဇော်ပွဲစတဲ့ ဆရာကြီးရဲ့ စာပေလက်ရာတွေနဲ့ အလားတူ မြန်မာစာပေဂီတဖန်တီးချက်တွေကို ပြန်လှည့်ကြည့်လိုက်ရင် မြန်မာပြည်သူတွေဟာ နိုင်ငံရေး လူမှုစီးပွားရေးအဘက်ဘက်က ယိုယွင်းနိမ့်ကျလာပေမယ့် ယဉ်ကျေးမှုအနုပညာခံစားအားပေးတဲ့ဓလေ့မှာ အညံ့စားမဟုတ်သေးဘူးဆိုတာ သက်သေထူနေသလိုပါပဲ။ တာရာရဲ့ သမိုင်းဖြတ်သန်းမှုကို တန်ဖိုးထားတဲ့ စာပေအနုပညာ နိုင်ငံရေး ငြိမ်းချမ်းရေးမျိုးဆက်ရေစီး ဆက်လက်အဓွန့်ရှည်ပါစေ။

 

ကောင်းကင်

 
ကြေးရုပ် Print E-mail
User Rating: / 1
PoorBest 
Written by မျိုးတေဇာမောင်   

သရုပ်ဖေါ် ပန်းချီ မြတ်ကျော့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


၁။


ကြေးရုပ်၏ နောက်ခံရှုခင်းမှာ ချယ်ရီတစ်ပင်၊ငုတစ်ပင် နှင့် ကြာပွင့်ဝေသော ကန်ရေပြင် ။

Read more...
 
«StartPrev12345678910NextEnd»

Page 10 of 52