Home
kaungkin
အယ်ဒီတာ့ အာဘော် Print E-mail
Written by အယ်ဒီတာ   

 

ပုဂံခေတ်၊ ကျန်စစ်သား မင်းကြီးရဲ့ သားတော် ရာဇကုမာရ် ရေးထွင်းခဲ့တဲ့ မြစေတီ ကျောက်စာကို ညွန်ပြပြီး မြန်မာစာပေဟာ ကျောက်ထက် အက္ခရာက စတင်တယ်လို့ ပညာရှင်တွေက ပြောဆိုကြပါတယ်။ ကျောက်တက်အက္ခရာက စတင်ခဲ့တဲ့ မြန်မာစာပေဟာ ဒီနေ့နှစ်ပေါင်း တစ်ထောင် နီးပါးခရီးဖြတ်သန်းပြီးတဲ့အခါ အင်တာနက်ပေါ် မှာပါ အခြေကျလို့နေပါပြီ။

 

ဒီဖြစ်စဉ်နဲ့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံသား အသီးသီးဟာ မိမိတို့ရဲ့ ဘ၀လိုအပ်ချက်တွေ အတွက် ကမ္ဘာပေါ်က မြို့ပြနိုင်ငံအသီးသီးမှာပါ အခြေချလို့ ရုန်းကန်နေကြရပါတယ်။ ဒီလို မတူညီ၊ ပြောင်းလဲလာတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား ဓလေ့ထုံးစံတွေကြားမှာကူးခတ် ရတဲ့အခါ ကျွန်တော်တို့ရဲ့ မူလဇစ်မြစ် ကိုယ်ပိုင် စာပေ အမှတ်အသား စိတ်ကူးစိတ်သန်းတွေဟာ အသက်ကယ်လှေ လိုပဲ အရေးပါလာပါတယ်။

 

ဂလိုဘယ်ဖြစ်စဉ်ကြီးထဲမှာ ဥာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာမချို့တဲ့ တဲ့ မြန်မာများအဖြစ် စီးမျှောနိုင်ရေး အတွက် ရသစာပေခံစားမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေကြတဲ့ နောင်တော် မြန်မာစာပေ မဂ္ဂဇင်းများနဲ့အတူတကွ တာဝန်ဝေမျှတမ်းရွက်နိုင်ဘို့ ရည်ရွယ်ပြီး ကောင်းကင်မဂ္ဂဇင်းကို ဖန်တီးဖြစ်ခဲ့ ပါတယ်။

 

ကျွန်တော်တို့ ဘယ်လို နေရာဒေသ အမျိုးမျိုးမှာပဲ ရောက်နေပါစေ တူညီတာကတော့ ကျွန်တော်တို့ အားလုံးဟာ ကောင်းကင် တစ်ခုထဲအောက်မှာပဲ ရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် မြန်မာစာပေကို တန်ဘိုးထားတယ်၊ ချစ်တယ်၊ ထို့အတူ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ခွင့်ကို တန်ဘိုးထားတယ်၊ အသုံးပြုမယ်ဆိုတဲ့ စိတ်နဲ့ ကောင်းကင် မဂ္ဂဇင်းမှာ ကျွန်တော်တို့ အတူတူ ရသစာပေများ ဖတ်ရှူရေးသား သွားကြပါစို့လို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ပြောနိုင်တာတစ်ခု ကတော့

ဒါဟာအားလုံးအတွက် အားလုံးရဲ့ ကောင်းကင် ဆိုတာပါပဲ။

 

 

 

 

 

 
အာရှတိုက်ရဲ့ တနေရာ Print E-mail
User Rating: / 8
PoorBest 
Written by လှသန်း   

(၂၁) ရာစုရဲ့ တံခါးဝ ရောက်လာတဲ့ အခါ၊ လိုအပ်ချက် အမျိုးမျိုးအတွက်၊ နိုင်ငံပြင်ပက မတူကွဲပြားတဲ့ ဒေသအသီသီးမှာ မတူကွဲပြားတဲ့ အလုပ်အကိုင် မျိုးစုံတို့ကို သွားရောက်လုပ်ကိုင်ကြရတာဟာ မြန်မာနိုင်ငံသားတွေရဲ့ လက်တွေ့ဘ၀ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။


ဒါကြောင့်ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်ရင်း ရုန်းကန် ရင်ဆိုင်နေကြတဲ့ လူငယ်များရဲ့ ခံစားချက်တွေကို ကိုယ်စားပြုတဲ့ ကဗျာရှည်တစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်။ ကဗျာဆရာလှသန်း တစ်ယောက် ပြည်ပမှာအလုပ် လုပ်ခဲ့စဉ်က ရေးခဲ့တဲ့ကဗျာကို ပြည်ပရောက် လူငယ်များရဲ့ ရင်ခုန်သံများအား အလေးအနက် ထားသောအားဖြင့် ပြန်လည်ဖေါ်ပြလိုက်ပါတယ်။


 

ကောင်းကင်စာတည်းအဖွဲ့

 

 

 hands

 

(၁)

အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ

မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့် ဝေးတဲ့နေရာ

အဝေးပြေးလမ်းမကြီးရဲ့ ပခုံးပေါ်မှာ

လေးထပ်တိုက် ၈ လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ

အာရှတိုက်ရဲ့ တနေရာလို့ ဆိုပါစို့

အဲဒီရွာရဲ့ အဋ္ဌမမြောက် တိုက်ခန်း တစ်ခန်းထဲမှာ

အင်ဒိုနီးရှား လူငယ် ၄ ယောက်

(နှစ်ယောက်က ညီအစ်ကို)

ဘင်္ဂလားဒေ့ရှ် လူရွယ်တစ်ယောက်

ပြီးတော့ ငါတို့ ၂ ယောက်

ဓါရဏပရိတ်၊ ကိုရ်အန်ကျမ်း၊ ရော့ခ်သီချင်း

ဂျင်းဘောင်းဘီ၊ ဝါယာကြိုးခွေများနဲ့

အမျိုးအမည်မသိ အလှမွေးငှက် ၂ ကောင်

တစ်အိုး တစ်အိမ် ထူထောင်လို့နေကြ

သူတို့ဘဝတွေဟာ

အရှေ့တောင်အာရှ ကျွန်းဆွယ်ပေါ်က

အကြမ်းထည် ပစ္စည်းပစ္စယတွေနဲ့

ခပ်ဆင်ဆင်တူနေရဲ့

Read more...
 
ပန်းချီ သန်းမြင့်အောင် ဈာပန အခမ်းအနား Print E-mail
User Rating: / 2
PoorBest 
Written by ကျော်သူ   

 

ပန်းချီ အနုပညာရှင် ကိုသန်းမြင့်အောင်သည် မေလ ၁၁ရက် ညနေ ၃ နာရီ ခွဲက ကွယ်လွန်ခဲ့ပါသည်။မေလ ၁၃ရက် နံနက်၁၀နာရီတွင် ရန်ကုန် ဆေးရုံကြီး အအေးခန်းမှ နာရေးကူညီမှူအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် ကားမောင်းပြီး ရေဝေးသုသာန် သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ပါသည်။

၎င်း ဈာပန အခမ်းအနားသို့ အနုပညာရှင် အသိုင်းအ၀ိုင်းမှ စာရေးဆရာများ၊ ပန်းချီဆရာများ ၊ ကဗျာဆရာများနှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ လုပ်အားပေး အသင်းသူ အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။ ( ပန်းချီသန်းမြင့်အောင်သည် နာရေးကူညီမှု အသင်း(ရန်ကုန်) မှ စာရေးဆရာမ သန်းမြင့်အောင် မဟုတ်ပါ။)

 

Read more...
 
ဆိုင်ကယ်လှလှလေးတွေ... Print E-mail
User Rating: / 12
PoorBest 
Written by ဇာဂနာ   

 ဇာဂနာ

 

ပုဇွန်သေစေသော တော်သလင်းနေသည် ကျွန်တော့်အား ကောင်းစွာဒုက္ခပေး နေတော့၏။အကြိုအကြားများပါမကျန် ဒရစပ်ထွက်နေသော ချွေးတို့ဖြင့် ကျွန်တော့်တကိုယ်လုံးမှာ ရွှဲနစ်နေတော့သည်။

ခန္ဓာကိုယ်အောက်ပိုင်းတခုလုံးမှာလည်း ရှိမှရှိပါသေးရဲ့လားဟု ထင်မှတ်များလောက်အောင်ပင် ထုံကျင်နေတော့၏။

မဖြစ်ခံနိင်ပါပါရိုးလား

ကျွန်တော်တို့ ဖြစ်ပျက်နေပုံကိုလည်း ကြည့်လေ။

 အမိုးအကာမပါသော တီအီး ၁၁ ကားကြီး၏ ကြမ်းပြင်ပေါ်တွင် ဒူးနှစ်ဘက်ထောက် နဖူးနှင့် ကြမ်းပြင်ထိထားပြီး လက်နှစ်ချောင်းကို ယှက်ကာ နောက်စေ့ပေါ်သို့ တင်ထားရလေသည်။

ရုပ်ရှင်ကားများတွင် စစ်သုံ့ပန်းများအား ဖမ်းဆီးပုံနှင့် တူလွန်းလှပါတော့ဘိ။

မိမိတို့သည် သူပုန်လည်းမဟုတ် ဓားပြလည်းမဟုတ်ပါပဲလျက် အဘယ့်ကြောင့် ဤသို.ဤနှယ် လူ့တန်ဘိုးကို လျစ်လျုရှုသော ဖမ်းဆီးနည်းကို အသုံးပြုမှန်း နားမလည်နိင် ဖြစ်ရလေသည်။ပတ်ဝန်းကျင်က မိမိတို့အား မမြင်စေလို၍ ဟုဆိုရပြန် ကလည်း ကျွန်တော်တို့အား ဖမ်းဆီးစဉ် ကာလကပင် ၀ိုင်းအုံကြည့်ရှုနေသော လူအုပ်ကြီးမှာ ရွှေတိဂုံဘုရားတပေါင်းပွဲတော် တမျှစည်ကားနေပေးရာဤအချက်သည် မဖြစ်နိင်ပါချေ။ သို့ဆိုလျှင် မိမိတို့အား မည်သည့်နေရာ ကို ခေါ်သွားမှန်း မသိစေလို၍သာ ဖြစ်ပေမည်။

Read more...
 
ဘ၀တကွေ့၌ခဏတွေ့ရဘူးသည့် ဦးသုမောင် Print E-mail
User Rating: / 10
PoorBest 
Written by ပန်းချီထိန်လင်း   

   

  သရုပ်ဖေါ် ပန်းချီထိန်လင်း              

                 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

         ပြည်သူချစ်သောအနုပညာရှင် (ဦး)သုမောင် တစ်ယောက် ကွယ် လွန်ပြီ် ဆိုသောသတင်းက ကွန်ပြူတာ မျက်နှာပြင်သို့ မိတ်ဆွေ တွေ ဆီ က ခဏပြီးခဏ တက်တက် လာသည်။ကြေကွဲဝမ်းနည်းကြသပေါ့။ သူ့ကို သရုပ်ဆောင်အဆိုတော်စာရေးဆရာအဖြစ် တနိုင်ငံလုံးက သိသလို ဆရာကြီးဦးသာဓု နဲ့ အမေညိုတို့သား၊ ဒေါ်အေးဘုံ ယောက်ျား၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ ညီ၊ မင်းလူ မောင်ရူပ တို့ အကို၊ ဖိုးသောကြာ စိုးအိမ်သူ တို့ဖခင် အဖြစ်လည်း တနိုင်ငံလုံးကသိကြသည်သာ။

         ပြည်တွင်းပြည်ပ သူနှင့်အတူ တွဲဖက်အလုပ်လုပ်ခဲ့ကြဘူးသော အနုပညာရဲဘော်ရဲဘက်များ သူ့အကြောင်း အလွမ်းစာတွေ တသီကြီးရေးကြပေဦးမည်။

Read more...
 
«StartPrev12345678910NextEnd»

Page 8 of 52