Home
kaungkin
နှစ်သစ်မင်္ဂလာ Print E-mail
Written by စာတည်းအဖွဲ့   

၂၀၁၀ ပြည့်နှစ်တွင်းသို့ ချဉ်းနင်းဝင်ရောက်လာခြင်းနှင်အတူ ပျော်ရွင်ငြိမ်းချမ်း၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ သော နှစ်သစ်ဖြစ်ပါစေ ကြောင်း ဆုတောင်းအပ်ပါသည်။


ကောင်းကင် (နိုင်ငံပြုအနုပညာ) မဂ္ဂဇင်းကို ကျွန်တော် တို့စုပေါင်း ဖန်တီးခဲ့ကြသည်မှာ ရှစ်လကျော် ကြာမြင့်ခဲ့ပါပြီ။ ဤကာလအတွင်း ကောင်းကင် မဂ္ဂဇင်းသို့ စာမူများပေးပို့ခဲ့ကြသော စာပေသမားအပေါင်း၊ သရုပ်ဖေါ် ပန်းချီကားများကို အသုံးပြုခွင့် ပေးခဲ့ကြသော ပန်းချီအနုပညာရှင် အပေါင်းနှင့် စာဖတ်ပရိတ်သတ် အပေါင်းတို့ကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။


ကျွန်တော်တို့ ကောင်းကင် (နိုင်ငံပြု အနုပညာ) မဂ္ဂဇင်း အနေဖြင့် စာဖတ် ပရိတ်သတ်များအတွက် အနုပညာ၊ ရသ အသစ်များဖြင့် စာပေ အနုပညာရှင်များ၏ ဖန်တီးမှု အသစ်များကို နှစ်သစ်တွင် တတ်အားသမျှ ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးရင်း ကောင်းကင် စာဖတ်ပရိတ်သတ်အပေါင်းအတွက် နှစ်သစ် မင်္ဂလာလက်ဆောင်အဖြစ် ကဗျာဆရာရည်မွန်၏
ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ (အပိုင်း၃)” ကဗျာရှည် ကို ဖေါ်ပြလိုက်ပါသည်။

 

စာတည်းအဖွဲ့

 
ဘိနပ်ပကာသနီ Print E-mail
User Rating: / 3
PoorBest 
Written by မောင်သင်းခိုင်   

မောင်သင်းခိုင်

 

 

ပီးခဲ့တဲ့ မတ်လ ၂၁ရက် ကမ္ဘာ့ကဗျာနေ့ဟာ ကဗျာဆရာမောင်သင်းခိုင်ရဲ့ ၇၀ ပြည့်မွေးနေ့လဲ ဖြစ်ပါတယ် ။ လယ်တီပဏ္ဍိတဆရာဦးမောင်ကြီးရဲ့ မြေးတော်စပ်တဲ့ ဆရာမောင်သင်းခိုင်ဟာ မြန်မာမော်ဒန်ကဗျာလောကမှာ အလယ်ရိုးမ ပျဉ်းမနားကဗျာအုပ်စုရယ်လို့ လှုပ်ရှားမှုတွေ အဆက်မပြတ်ဖြစ်နေအောင် ကွယ်လွန်သူ ဆရာဇော်(ပျဉ်းမနား)နဲ့အတူ ဦးဆောင်ကြိုးပမ်းခဲ့သူတယောက်ပါ ။ ဆရာမောင်သင်းခိုင် သက်ရှည်ကျန်းမာပီး ကဗျာတွေ အများကြီး ဆက်ရေးပါအုံးလို့ ကောင်းကင်က ဆုတောင်းနှိုးဆော်လိုက်ပါရစေ ။ 

ကောင်းကင်စာတည်းအဖွဲ့

 

(၁)



ဘိနပ်ဟာ

လူတွေအတွက်

မရှိမဖြစ်လိုအပ်တဲ့

အသုံးအဆောင်ဖြစ်တယ်။ ။

ဘိနပ်ဆိုတဲ့

ဝေါဟာရဟာ မွန်လူမျိုးတို့ရဲ.

ဘာသာစကားဖြစ်တယ်။

မွန်တို့ရဲ.ဘာသာကို

ကျွန်တော်တို့က ချေးငှားပြီး

သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။ ။

ကုန်းဘောင်ခေတ်ကတည်းက

အထက်အညာဒေသမှာ

ဘိနပ်ကိုခြေနင်းလို့ ခေါ်ခဲ့ကြတာပါ။ ။

ရှင်ဘုရင်စီးတော့

ခြေနင်းစကြ်ာလို့ ခေါ်တယ်ထင်ပါရဲ.။ ။

မန္တလေးသား မောင်သင်းပန်တို့ကတော့

ခုထက်တိုင် ဘိနပ်ကို ခြေနင်းလို့ ခေါ်နေတုန်းပဲလား မသိ။ ။

ဘိနပ်နဲ့ပါတ်သက်ပြီး

ဆိုရိုးစကားတွေ ကြားဖူးကြပါလိမ့်မယ်

သီလနဲ့ ဒါနမပါရင် သေခါမှသိ

ရေဗူးနဲ့ ဘိနပ်မပါရင် နွေခါမှသိ

ဘိနပ်စာ ကျွေးလိုက်ရမလား ဘိနပ်စာမိသွားမယ်

ဘိနပ်ကြားက နတ်စကားထွက်တာလား

စသည်စသဖြင့်ပေါ့လေ။ ။

Read more...
 
ပါစင်နယ် အင်တာဗျုး Print E-mail
User Rating: / 14
PoorBest 
Written by ဇာဂနာ   

 

 ဇာဂနာ

 

"ခင်ဗျား နာမည်"

"ဇာဂနာ"

"မောင်သူရ"

"ဟင့်အင့်"

"သူငယ်ချင်းတွေ မိတ်ဆွေ တွေက ခေါ်တဲ့ နာမည်ကော မရှိဘူးလား"

"ဒါတွေကတော့ အများကြီးပေါ့"

"ပြောပြပါဦး"

"လန်ခြားကုလား ကုလားအဖိုးကြီး ဦးပုည ဇာတ်ဆရာ မောင်ရစ် ကတင်းပုံး ရှောင်ကွန်နရီ အဖေကြီး ဇာတ်ဆရာ ကိုကို..." 

"တော်ပြီ တော်ပြီ..."

Read more...
 
ဝမ်းနည်းကြေကွဲခြင်း Print E-mail
User Rating: / 4
PoorBest 
Written by စာတည်းအဖွဲ့   

 


 

ThuMaung

 

သုမောင် (၁၉၅၁-)      ၁၉၅၁ - ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-စာရေးဆရာ ဒါရိုက်တာ ဦးသာဓု(သခင်ဖေသန်း)၊ အမိ-ဒေါ်ခင်ညိုတို့ က မွေးဖွားသည်။

- ၁၉၇၄ ခုနှစ် တွင်ဖခင် ဒါရိုက်တာသာဓု ရိုက်ကူးသော “အကြင်တို့ လင်မယား” ဇာတ်ကား တွင် အဓိက သရုပ်ဆောင် ရုပ်ရှင် နယ်ပယ်သို့လည်းကောင်း၊

- အကိုဖြစ်သူဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးသော “နှောင်းတမြေ့မြေ့” ဇာတ်ကားတွင် နောက်ခံ သီချင်း “ပန်းဦးပန်မည့်သူ” သီချင်း သီဆိုကာ ဂီတလောက သို့ လည်းကောင်း၊

- “အချစ်” လုံးချင်းဝတ္ထုဖြင့် စာပေနယ်သို့ လည်းကောင်း

စတင်ဝင်ရောက်လာခဲ့ ပြီး နောက်ဆုံး အချိန်ထိ ရုပ်ရှင်၊ ဂီတ၊ စာပေ အနုပညာတို့ဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုခဲ့သော ရုပ်ရှင်သရုပ်ဆောင် အဆိုတော် စာရေးဆရာ(ဦး)သုမောင်သည် အသည်းရောဂါဖြင့် ရန်ကုန်မြို့ သုခကမ္ဘာဆေးခန်း၌ ၂၀၁၀ မေလ ၁၆  ရက် ညကိုးနာရီ အချိန်၌ ကွယ် လွန်သွားခြင်းအတွက်

"မြန်မာပြည်သူလူထုနှင့် အတူတကွ အထူးကြေကွဲဝမ်းနည်း မိပါကြောင်း"

မှတ်တမ်းတင်အပ်ပါသည်။

နိုင်ငံအတွက် တကယ့် လူချွန်လူကောင်းတဦး ဖြစ်သည့် (ဦး)သုမောင်အား ချစ်မြတ်နိုးသောပရိတ်သတ် များ အလွမ်းပြေ ကြည့် ရှူခံစားနိုင်ရန်

 


                                                                                              
ကောင်းကင်

 
မင်းကိုနိုင်ရဲ့ သမိုင်းအမြင်၊ မင်းကိုနိုင်ရဲ့ ပန်းချီနှင့် ဂီတ Print E-mail
User Rating: / 2
PoorBest 
Written by စာတည်းအဖွဲ့   

 

ကျွန်တော်တို့ သိထားခဲ့တဲ့ မင်းကိုနိုင် ဆိုရင် .. ကျောင်းသား ခေါင်းဆောင်၊ မတရားတာကို ခေါင်းငုံ့ မခံတဲ့ လူထုခေါင်းဆောင်၊ မြန်မာပြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ခေါင်းဆောင် နိုင်ငံရေးသမား အဖြစ် စိတ်ထဲမှာ ထင်စွဲနေကြပါတယ်။

 

ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် ဆိုတာ လူထု ခေါင်းဆောင် အဖြစ်သာမက၊ အနုပညာကို ဖန်တီးသူ၊ အနုပညာကို ခံစားတတ်သူ .... အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ လူသိ မများသေးတဲ့ အနုပညာ ဖန်တီးမှုများမှာလည်း အားအင် မသေးလှသော အနုပညာ ဖန်တီးမှုများ ဖြစ်ပါတယ်။ 

 

ဒါကြောင့် မင်းကိုနိုင်ရဲ့  အနုပညာ ပန်းချီကား၊ မင်းကိုနိုင်ရဲ့ သမိုင်းအမြင်၊ မင်းကိုနိုင်ရဲ့ ဂီတ .. စတဲ့ အနုပညာလက်ရာများအား ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှ တင်ဆက်လိုက်ပါတယ်။

(စာတည်းအဖွဲ့)

 

 ၇ ဇူလိုင် အတွက် မင်းကိုနိုင် သီဆိုထားတဲ့ သီချင်း အသံဖိုင်ကို အောက်ပါ links များတွင် နားဆင်၊ ရယူနိုင်ပါသည်။

 

တိုက်ရိုက် နားဆင်ရန်

Download ရယူရန်

 

painting

 
«StartPrev12345678910NextEnd»

Page 6 of 52