Home
kaungkin
ခတ္တာပွင့်ချိန် Print E-mail
User Rating: / 3
PoorBest 
Written by လူထုဒေါ်အမာ   


ကျွန်မခင်ပွန်း ဦးလှ ဆုံးသွားတာ ဒီနှစ် သြဂုတ်လဆိုရင် ၁၄ နှစ်ပြည့်ပါတော့မယ်။ သူ့ကို မေ့တယ် လို့ ကျွန်မအနေနဲ့  မရှိပေမယ့် ခတ္တာတွေ ပွင့်ပြီဆိုရင် ထူးထူးလည်လည် သူ့ကို သတိရတယ်။ ဦးလှက မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားမှန်မှန်ရှိခိုးတဲ့လူပါ။ သူနဲ့ ကျွန်မ အိမ်ထောင်ကျလို့   သူ မန္တလေး ပြောင်းလာတဲ့ အခါမှာတော့ သူ သယ်ယူရွှေ့ပြောင်းလာတဲ့ ပစ္စည်းထဲက ဘုရားကျောင်းဆောင်ကလေး တစ်ခုထဲမှာ ဒက္ခိဏသာခါ ဆင်းတုကလေးတစ်ဆူ ပါလာပါတယ်။ သူက ဒီဆင်းတုကလေးဟာ သူ့ကို ဆန်းကဖေး ဦးထွန်းရင် ရဲ့ အစ်ကို “ဦးလေးကြီး” လို့ အများက ခေါ်ကြတဲ့ ဦးတင်ပွက “ကိုလှ ကိုးကွယ်ဖို့ဆိုပြီး” ပေးထားတာတဲ့။ သူ မန္တလေးကို ပြောင်းရတာက ကြီးပွားရေး မဂ္ဂဇင်း တစ်ဘက်နဲ့မို့  အကုန်မပြောင်းနိုင်သေးဘဲ ရန်ကုန်နေလိုက် မန္တလေးနေလိုက်ဖြစ်နေတော့ သူနဲ့အတူ မန္တလေး လိုက်ပြောင်းလာတဲ့ သူ့တပည့် ကိုကံရှိန်ကို ဦးလှက သူ့ဘုရားဆွမ်းတော် မပြတ်ကပ်ဖို့တာဝန်ပေးလိုက်သတဲ့။

သူ ဘုရားမှန်မှန်ရှိခိုးတဲ့အလေ့ကလည်း သူကျွန်မနဲ့ အိမ်ထောင် မကျခင် လူပျိုဘ၀ကတည်းက ဖြစ်တယ်လို့ ပန်းချီဆရာ ဦးအုန်းလွင်က ပြောပါတယ်။

 

ခတ်တာပွင့်

 

Read more...
 
ဘုန်းကြီးသေ Print E-mail
User Rating: / 5
PoorBest 
Written by နေလင်းအောင်   

(၁)

 

ဒေါင့်ကြီးကျေးရွာတွင် လှေပြိုင်ပွဲ၊ ပန်းပြေးပွဲ အစရှိသည့် တောဓလေ့ရိုးရာ ကစားခုန်စားပြိုင်ပွဲများ မကျင်းပဖြစ်တော့သည်မှာ နှစ်ကာလ အတန်ငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တိတိပပဆိုရလျှင် နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့လေပြီ။ လှေပြိုင်ပွဲ၊ ပန်းပြေးပွဲများ ကျင်းပကြမည် ဟူသောအသံများကို ရွာဦးကျောင်းဆရာတော် ဦးတေဇ၀န္တ ပျံလွန်တော်မူသောအခါတွင်မှ  တဖန်ပြန်လည်ကြားရခြင်း ဖြစ်၏။

ဒေါင့်ကြီးကျေးရွာသည် မြစ်ဝကျွန်းပေါ်ဒေသကျေးရွာဖြစ်သည်အလျောက် မြေဆီသြဇာကြွယ်ဝသည်။ စပါးအထွက်ကောင်းသည်။ စပါးအထွက်ကောင်း၊ စပါးဈေးကောင်းသော်လည်း ရွာသူရွာသားတို့ စားဝတ်နေရေး မပြေလည်ရှာကြပေ။ လူမွေးလူရောင် မပြောင်ရှာ။ တစ်မိုးတွင်းလုံး ရွှံ့ထဲရေထဲတွင် ကျွဲ၊နွားတို့နှင့် နင်လားငါလား ရုန်းကန်လှုပ်ရှားကြရသော်လည်း ယင်းတို့၏ ဘ၀များမှာ ထူးခြား ပြောင်လက်လာခြင်း အလျဉ်းမရှိပေ။ တစ်နှစ်ကြာသော်လည်း ဒုံရင်း၊ နှစ်နှစ်ကြာသော်လည်း ဒုံရင်း၊ သုံးနှစ်ကြာသော်လည်း ဒုံရင်း၊ နွေမိုးဆောင်းရာသီစက်ဝန်းတို့ အဖန်ဖန်ပြောင်းလဲ၍ နှစ်အလီလီပြောင်းခဲ့သော်လည်း ဒုံရင်းမှ ဒုံရင်း အတိုင်းပင်။ ၄င်းတို့သည် ထူးမခြားနားဇာတ်ကိုခင်း၍ အသူတစ်စောက်နက်လှသည့် ဆင်းရဲတွင်းတွင် ပျော်ပျော်ပါးပါး နေကြ သေကြကုန်၏။

လှေပွဲ

Read more...
 
အရူး Print E-mail
User Rating: / 1
PoorBest 
Written by ကိုဒြပ်   

သရုပ်ဖေါ်  ပန်းချီစံမင်း
ခွေးကနေ
မြေခွေး
မြေခွေးကနေ
ဝံပုလွေဆိုပြီး
နာမည်အဆင့်ဆင့်ပြောင်းကာ
ယားနာပေါက်လို့ဆိုပြီး
ဘောင်းဘီကနေ ပုဆိုးပြောင်းဝတ်လိုက်တယ်။


ကိုဒြပ်
 
VOTE or NO Print E-mail
User Rating: / 2
PoorBest 
Written by Mr. Burma   
Vote or No
 
ကလဲရာ Print E-mail
User Rating: / 3
PoorBest 
Written by စင်ကြယ်ငြိမ်း   

ko san myint nude

 

ရောဘတ်တို ဘိုလန်နို

August 4. 2008 ။ Newyorker

 

“ရင်သား ခပ်ကြီးကြီး။ ခြေတံ သွယ်သွယ်။ မျက်လုံး ပြာပြာ”

Read more...
 
«StartPrev12345678910NextEnd»

Page 5 of 52