Home
kaungkin
ကာတွန်း Print E-mail
User Rating: / 10
PoorBest 
Written by ၀ိသကြုံ   
ကာတွန်း
 
ဂျာနယ်ကျော်သားအမိ Print E-mail
User Rating: / 4
PoorBest 
Written by မရွှေမိ   

 

ဆရာမြသန်းတင့်ပြန်ပြောင်းမှတ်တမ်းတင်တဲ့ ဒေါ်မမလေးအကြောင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဂျာနယ်ကျော်မမလေး(၁၉၁၇-၁၉၈၂) က မရွှေမိ အနှစ်သက်ဆုံး စာရေးဆရာမပါ။ ဒီလိုပြောလို့ မထူးဆန်းလှပါဘူး။ ဒီနေ့ အချိန်ထိ ဂျာနယ်ကျော် မမလေးကို သဘောကျတဲ့ စာဖတ်သူတွေက အများကြီးရှိတာပဲလေ။

သူ့ကို သဘောကျတာက ရေးတဲ့စာတွေကို သဘောကျတာထက် လူကို သဘောကျတယ် ၊စာရေးသူရဲ့ ဘ၀ပုံရိပ် ကိုစိတ်ဝင်စားတယ် လို့ ပြောမှ ပိုမှန်မယ်ထင်တယ်။ ပုဂ္ဂိုလ်ရေးအရသဘောအကျဆုံး စာရေးဆရာမ တစ်ယောက်ပါပဲ။ တခြားစာရေးကောင်းတဲ့ စာရေးဆရာတွေကို စာတွေကိုကြိုက်ပေမယ့် ဘ၀ကို ဒီလောက်စိတ်ဝင်စားလှတယ် မရှိမိဘူး။

ဘာလို့ ဒီလိုခွဲပြောလဲ ဆိုတော့ မရွှေမိ အမေနဲ့ ငြင်းခဲ့ ခုံခဲ့ရတာကို သတိရနေလို့ပါ ။ ဆယ်တန်းဖြေပြီး အားနေတဲ့အချိန်မှာ စာအုပ်ပုံတွေထဲခေါင်းစိုက်လို့ ဂျာနယ်ကျော်မမလေးရဲ့ စာတွေ ကို ရှုမ၀ ကနေဖတ်ပြီး သဘောကျ  စိတ်ဝင်စားနေတဲ့အချိန်ပေါ့။ အမေက ပြောတယ် ခင်နှင်းယု၊ခင်ဆွေဦး တို့က ပိုပြီး စာရေးကောင်း၊ရေးနိုင်တာ နင်မယုံရင်ယှဉ်ဖတ်ကြည့်တဲ့။

Read more...
 
ကျွန်တော်နဲ့ ဒုက္ခိတမောင်ညို Print E-mail
User Rating: / 3
PoorBest 
Written by ခွန်ဆိုင်း   

 (အမှောင်ခေတ်ထဲက သားအဖရဲ့မေတ္တာဘွဲ့)

 

 (<<< အစ အဆုံး စာမျက်နှာ တစ်ခုထဲတွင် ဖတ်ရန် >>> ။ တကြိမ်သာ loading လုပ်ရန် အဆင်ပြေသော ကော်နက်ရှင်း နှေးသူများအတွက်)

 

bird in a cage

 

 

အဲဒီတုန်းက ခိုတအုပ် ကျွန်တော့် အခန်းရှေ့မှာ အစာလာ ကောက်ကြတော့ မောင်ညိုကို “စ” သတိထားမိခဲ့တာ။ သတိထားမိခဲ့ပုံကလဲ တခြားခိုတွေ ပျံသွားလို့မှ သူကမပျံဘဲ အစာကောက်ကျန်နေခဲ့။ နောက်တခေါက် ခိုအုပ်တွေ ထပ်ကျ လာတော့လည်း မောင်ညိုတကောင်ထဲ ထူးထူးခြားခြား ကျန်ရစ်ပြီး သဲသဲမဲမဲနဲ့ အစာဆက်ကောက် နေခဲ့တာတွေကြောင့်။

 

Read more...
 
“ဒုတိယစာမျက်နှာ” Print E-mail
User Rating: / 2
PoorBest 
Written by မောင်တင်သစ်   

သရုပ်ဖေါ် ပန်းချီသန်းဌေးမောင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

လေညှင်းကလည်း

တောင်ကုန်းလေးပေါ်က

ကလေးလေးလို

ပြေးဆင်းလာမြဲ။

Read more...
 
ပြော Print E-mail
Written by သူရဂါမိက   

 

/u win pe's painting

 

 

‘ပြောမှကို ဖြစ်မှာမို့ ပြောကိုပြောတော့မယ်’

x x x

ပြောရမယ်၊ ပြောရမယ်။ မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ မပြောရဲဘူးလို့ မင်း ထင်နေမှာပေါ့။ မပြောလည်း သိလေမလားရယ်လို့ မပြောဘဲ နေနေတာပါ။ မရဘူး။ ပြောမှသိ၊ ထိမှနာ ဆိုတဲ့ဟာမျိုးဆိုတော့ မပြောဘဲ အောင့်နေလို့ မရတော့ဘူး။ မင်း ပြော၊ ကိုယ် ပြောပဲပေါ့။ ဟုတ်တယ်လေ။ ကိုယ်လည်း ပြောတတ်တာပဲ။ ပြောခဲ့တာပဲ။ ခုတော့ မင်းပဲ ပြော၊ မင်းပဲ အပြောကောင်းတယ်။ တောက်.. ပြောတော့ တစ်မျိုး၊ လုပ်တော့ တလွဲ၊ ပြောမပြောချင်ဘူးလို့ ပြောချင်စရာတွေလေ။

Read more...
 
«StartPrev21222324252627282930NextEnd»

Page 27 of 52