Home
kaungkin
အမည်ပေးမထား Print E-mail
Written by ကေမြိုး   

သရုပ်ဖော် ပန်းချီထိန်လင်း
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ရထား
အလျားလိုက်ရွေ့ 
ပြတင်း
လင်းမှုန်မှုန်ရှူမျှော်ခင်း၊
သရုပ်မှန် တဲ
သစ်ပင်၊ ကောက်ပင်ရိုးပြတ်
လရောင်အောက် ညနေခင်း
ဟင်းလင်းပြင် ဖွဲ့နွဲ့
ဖုန်တလုံးလုံးနဲ့ 
မျဉ်းဖြောင့်များရဲ့
မြေပက်ကြားအက်ကွေ့ 
အလှမက်တဲ့ ငါ
ခါးသက်သက်တွေမြိုချ
တစ်နေ့ တာ
လှပစွာ
နေ၀င်ခဲ့။   ။
 
 
ကေမြိုး
၂၀၀၃
 
(ရန်ကုန်အရှေ့ ပိုင်းဆေးရုံပေါ် မကွယ်လွန်မီရေးခဲ့သည်)
     
 
လက်ဝှေ့ပွဲအကြောင်း Print E-mail
User Rating: / 3
PoorBest 
Written by နေလင်းအောင်   


ပန်းချီပေါ်ဦးသက်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၁)

ဗိန်းဗောင်းတိုက်သံကို ကြားလိုက်ရလျှင် ကျွန်ုပ်၏ ကိုယ်တွင် စွဲကပ်နေသည့် လက်ဝှေ့ဝါသနာပိုးသည် လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ လက်ဝှေ့မထိုးတတ်လင့်ကစား အရိုးအခြင်များ တောင့်တင်းလာ၏။ အသွေးအသားများ ဆူဝေလာ၏။ အနီ၊ အပြာခြယ် ကြိုးဝိုင်းထောင့်တို့တွင် နေရာယူထားသည့် ရိုးရာလက်ဝှေ့ကျော်တို့၏ ထီမထင်သော  မျက်နှာတို့ကို မြင်ယောင်မိသည်။ ယင်းတို့၏ လက်ပမ်းပေါက်ခတ်သံ တဖြောင်းဖြောင်းကို ကြားယောင်မိသည်။ ထို့ကြောင့် လုပ်လက်စအမှုကိစ္စတို့ကို ချောင်ထိုးထားခဲ့ပြီး ကြိုးဝိုင်းရှိရာဆီ အရောက်သွားခဲ့မိသည်မှာ အခါခါပင် ဖြစ်၏။ 
Read more...
 
ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ ... အပိုင်း (၁) (၂) ရွတ်ဆိုမှု Print E-mail
User Rating: / 3
PoorBest 
Written by ရေး . ရည်မွန်/ ရွတ်ဆို ကျော်အောင်လွင်   

 

တစ်ချို့ ကဗျာတွေက စကားလုံးတွေရဲ့ အလှကို ဖတ်ပြီး ခံစားရသလို၊ အသံအနေအထား၊ အဖြတ်အတောက် လေးတွေနဲ့ ရွတ်ဆိုတဲ့ အခါမှာ၊ နောက်ထပ်  အသံကပေးတဲ့ အရသာသစ်တစ်ခု ထပ်ထွက် လာပါတယ်။

 

ကောင်းကင်(နိုင်ငံပြုအနုပညာမဂ္ဂဇင်း)က ရည်မွန်ရဲ့ “ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ ကဗျာ အပိုင်း (၁) နဲ့ (၂) ကို ဗွီအိုအေ-မြန်မာပိုင်း(VOA-Burmese)ရဲ့ “အနုပညာမိုးကောင်းကင်  အစီအစဉ်မှာ ကိုကျော်အောင်လွင်က ခံစား ရွတ်ဆိုထားချက်ကို  တစ်မျိုး ပြန်ခံစားနိုင်ဘို့ တင်ဆက်ပေးလိုက်ပါတယ်။

 

ကောင်းကင် စာတည်းအဖွဲ့

 

lokanat

 
တစ်ဘဝမှာ တစ်ခါမျှ (ဇာတ်သိမ်း) Print E-mail
User Rating: / 8
PoorBest 
Written by အောင်ဖြိုး   

တစ်ဘဝမှာ တစ်ခါမျှ အပိုင်း(၁) ဖတ်ရန် >>>>

(၆)

 

နောက် တစ်ပတ်လောက်ကျတော့ ကျမတို့ဆီကနေ မိုင်(၄၀) လောက်ဝေးတဲ့ အင်ဂျင်နီယာ လုပ်ငန်းတစ်ခုမှာ ရှင့်အဖေ အလုပ်သစ်ဝင်တယ်။ စ,စချင်းတော့  ကျမအဖေ စောစောထပြီး အရှေ့မြောက်ပိုင်း တက္ကသိုလ်မှာ သူ့ရဲ့ ဘောဂဗေဒတွေ မစခင် ရှင့်အဖေကို အရင်လိုက်ပို့ပေးတယ်။ နောက်တော့ ရှင့်အဖေက အမိုးကိုလှန်လို့ရတဲ့ အူဒီကားလေး တစ်စင်းဝယ်လိုက်တယ်။ ရှင်ကတော့ အမေတို့နဲ့ အိမ်မှာပဲ နေခဲ့ရတယ်လေ။

 

ရှင့်အဖေတို့က ရှင့်ကို သူတို့အိမ်ဝယ်ပြီးမှ ကျောင်းဘယ်မှာထားရမယ်ဆိုတာ စဉ်းစားမယ်တဲ့။ ကျမကတော့ တအံ့တသြလည်းဖြစ်မိတယ်။ အားလည်းကျတယ်။ နှစ်ဝက်လုံးလုံး ကျောင်းတက်စရာမလိုပဲ အားနေမယ် တဲ့လေ။ နောက် စိတ်ညစ်ရတာတစ်ခုက ရှင့်ကို အိမ်မှာတွေ့ရတယ်လို့ကိုမရှိဘူး။ နောက်စားထားတဲ့ ပန်းကန်တွေ၊ ခွက်တွေဆိုရင်လည်း ဆေးတဲ့နေရာမှာ ပြန်မထားဘူး။  နောက်အိပ်ရာကိုလည်း ပြန်သိမ်းတယ်၊ ပြန်ခင်းတယ်လို့ကိုမ ရှိဘူး။ မဟတဟ ပွင့်နေတတ်တဲ့ တံခါးကကြည့်ရင် အကုန် ပွစာကျဲနေတာပဲ။ ကြမ်းပြင်ပေါ်မှာ စောင်တွေကျလို့၊  အဝတ်တွေကိုလည်း စားပွဲပေါ်မှာပုံထားလို့ထားနဲ့ နိစ္စဓူဝ မြင်နေရတယ်။ 

 

နောက် ရှင်က အသီးအနှံတွေ အများကြီး စားတတ်တယ်နော်။ စပျစ်သီးဆို တစ်ခိုင်လုံး၊ ပန်းသီးဆိုရင်လည်း အလယ်အူတိုင်ပဲ ကျန်တော့အောင်ကို စားပစ်တာ။ ဒါဟာလည်း ကျမကို ဆွဲဆောင်နေတဲ့ ရှင့်ရဲ့အကျင့်တစ်ခုပဲ။ ကျမကတော့ အသီးတွေဘာတွေ သိပ်မစားဖြစ်ပါဘူး။ စားရတာ ဝါးရတာ ပါးစပ်ကိုဆို့ထားသလိုပဲ။ ရှင်ကတော့ ဒီဟာက အရသာရှိတယ်၊ ဟိုဟာကအရသာ မရှိဘူးရယ်လို့ ကချိကချောက်များသလောက် စတားဈေးဆိုင်ကနေ အမေတို့ ဝယ်သမျှအကုန် ဖြိုပစ်တတ်တာမဟုတ်လား။ နေ့လည်၊ နေ့လည် ကျမကျောင်းက ပြန်လာတိုင်း ရှင် ဆိုဖာရဲ့ အစွန်းတစ်ဖက်မှာ အမြဲတမ်းထိုင်ပြီး ခြေထောက် ညှက်ညှက်ကလေးတွေကို စားပွဲပေါ်မှာ ပတ္တာဆက်တင်လို့ အောက်ထပ် ကျမအဖေ့ စာအုပ်စင်က အိုက်ဆက်အက်ဆီမော့ရဲ့ စာအုပ်တွေ ဖတ်နေတတ်တယ်။ ရုပ်သံကလွှင့်ပြီး ကျမသိပ်မုန်းတဲ့ “ဒေါက်တာ ဘယ်သူတုန်း” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရှင်က သိပ်ကြိုက်တယ်။

 

ကျမရှင့်ကို ဘယ်လို ခင်အောင်ရောရ၊ ပေါင်းသင်းရမယ်ဆိုတာ မသိဘူး။ ဘာလို့လဲဆို ရှင်က အိန္ဒိယမှာ နေလာခဲ့တာ၊ အမေတို့ဆိုရင်တော့ ကျမထက် ပိုပြီး နားလည်မယ်ထင်တယ်။ နောက်တစ်ခု ရှင်ကလည်း ကာလကတ္တားက ကျမရဲ့ ဝမ်းကွဲမောင်နှမတွေလို မဟုတ်ပြန်ဘူး။ သူတို့ဆို သိပ်ရိုးကြပြီး ကျမကိုလည်း သိပ်လိုက်လျောရှာတာ။ အမေရိကားမှာနေတာကို အခြားတစ်ကမ္ဘာမှာနေတာကျလို့ အကွက်စေ့ အကုန်မေးတတ်ကြတယ်။ ရှင်ကျတော့ ကျမအကြောင်းကိုဘာမှလည်း စပ်စပ်စုစုလည်း မရှိဘူး။

 

Read more...
 
မေ့ပစ်လိုက်ပါဗျာ Print E-mail
User Rating: / 12
PoorBest 
Written by ဇာဂနာ   

 ဇာဂနာ

 

မျက်စေ့နှစ်လုံးဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်အသစ်က ကြိုဆိုနှုတ်ခွန်းဆက်နေသည်။ အုတ်နံရံတွေ သံတိုင်တွေ ကြွေအင်တုံတွေ....။ကိုယ့်အိမ် ကိုယ့်ယာ မဟုတ်ပါလား ဟူသော အတွေးက ကပ်ပါလာလေသည်။ အခုလောက်ဆို အိမ်ကလူတွေတော့ သိကုန်လောက်ပြီ။ မိမိနှင့် သက်ဆိုင်ရာ ပါတ်ဝန်းကျင် လည်း အတော်ဂယက်ရိုက်လောက်ပြီ။ မိမိတို့အားဖမ်းဆီးစဉ်မနက်က အရိုင်းနှင့် ရွှေရောင်သည် အတူတကွ ရှိနေကြ၏။ အဖမ်းခံရကာနီးမှ သူတို့နှစ်ဦးအား ကွမ်းယာ ၀ယ်ခိုင်းလိုက်မိသဖြင့် ခုလောက်ဆို ထွက်ပဲပြေးပလား တောပဲခိုလေပလား။ သင်းတို့ နှစ်ယောက်က စိုးရိမ်စရာ ကောင်း၏။ အရိုင်းက တစ်ယောက်ထဲ ဘာအလုပ်မှ လုပ်တတ်သူမဟုတ်။ ဘာကိုမှ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်တတ်သူမဟုတ်။ အနားမှာ ထိန်းပေးသူ မရှိလျှင် သွေးဆောင်ရာ နောက် ကောက်ကောက် ပါတတ်သူဖြစ်၏။ ရွှေရောင်က ကိုသာဆိုး။ အလုပ်တော့လုပ်သည်။ ဖင်ပေါ့သည်။ သို့တစေ ခေါင်းအေးအေးနှင့် ရင်မဆိုင်တတ်။ ၀ူးဝါးဝူးဝါး နှင့် ထင်ရာ လျှောက်လုပ်တတ်သည်။ အာဏာသိမ်းပြီးပြီးချင်း မန္တလေးကို တက်၍ လက်နက်အဆက်အသွယ်သွားရှာသည်။ ပြီးတော့ တွံတေးမှာ စစ်သင်တန်းပေးဖို့ အစီအစဉ်အတွက် သူပဲ လူလိုက်စုနေရ၏။ သူနှင့်အတူ ပူးတွဲလုပ်ရန် ကိုဇော်ဝိတ်ကို တွဲပေးထားရသည်။ ကိုဇော်ဝိတ်က ခေါင်းအေးသည် စေ့စေ့စပ်စပ်ရှိ၏။ ခုသူတို့လက်ထဲမှာ လက်ပစ်ဗုံး လေးလုံးရှိနေသည်။ ဒါသည်ပင် စိုးရိမ်မကင်းဖြစ်စရာ။

Read more...
 
«StartPrev12345678910NextEnd»

Page 3 of 52