|
Written by ကောင်းကင်စာတည်းအဖွဲ့
|
|
ကမ္ဘာကျော် ဟာသသရုပ်ဆောင် လူမှုကူညီသူ နိုင်ငံရေးတက်ကြွဝေဖန်သူ အကျဉ်းကျခံ ကိုဇာဂနာ၏ ဖခင် စာရေးဆရာ၊ မြန်မာပညာရှိ ဆရာ နန်းညွန့်ဆွေ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက် ၊ ဗုဒ္ဓဟူးနေ့ ညနေ ငါးနာရီတွင် ကွယ်လွန်သွားကြောင်း သိရ၍ မိသားစု နှင့် ထပ်တူ ကောင်းကင်မဂ္ဂဇင်းမှ ၀မ်းနည်းကြေကွဲမိပါသည်။ ဆရာ နန်းညွန့်ဆွေကို ၁၉၂၃ ခုနှစ်တွင် ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာရွာ၌ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်း ဦးအောင်သိန်း ဖြစ်သည်။ ရပ်သာရွာ ဘုန်းကြီးကျောင်း၊ ဆင်မြီးဆွဲမြို့ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း ပုတီးကုန်းမြို့ အထက်တန်း ကျောင်းတို့တွင် တက်ရောက် ပညာ သင်ကြားခဲ့သည်။ ၁၉၄၃-၄၄ ခုနှစ်တွင် မြန်မာဆယ်တန်း အောင်မြင်ခဲ့သည်။ ၁၉၅၂တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်သည်။ ဒုတိယကမ္ဘာစစ် အတွင်း ရန်ကုန် ဆင်း၍ ဂျပန်ကျောင်း တက်ရင်း တရားရေး ဝန်ကြီး ဌာနတွင် စာရေး လုပ်ခဲ့သည်။ ၁၉၄၄ ဂရိတ်တားအေးရှား သတင်းစာ ကဗျာပြိုင်ပွဲတွင် ဆုရသည်။ 
ဖက်ဆစ် တော်လှန်ရေး ဖြစ်သော အခါ ဆင်မြီးဆွဲ ပြန်၍ အာရှ လူငယ် အစည်းအရုံးတွင် ပါဝင်ခဲ့သည်။၁၉၄၆-၄၇တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်။ ၁၉၄၇ သီတင်းကျွတ်အထူးထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြည်မောင်ညွန့် အမည်ဖြင့် သီတင်းကျွတ်လဘွဲ့ကဗျာရေးပီး စာပေလောကသို့ ဝင်ရောက်သည်။ ရဝိနောင် အမည်ဖြင့်လည်း ကဗျာရေးသည်။ |
|
Read more...
|