Home အမှတ်တရ
ကံကော် ရွာသို့  တမ်းတခြင်း Print E-mail
Written by နန်းရွှေမြ   


သရုပ်ဖေါ် ပန်းချီလှတိုး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကံကော်မြေ က ကံကော်ရွာလေးကို
စရောက်ခဲ့ တာ ၁၉၈၂ ။
၂၂ နှစ်ကာလအတွင်း
ကံ့ ကော်ရွာလေးကို ရောက်ခဲ့ တစ်နှစ်
မရောက်တစ်နှစ်နဲ့ ။
မှတ်မှတ်ရရ ရောက်ခဲ့ တဲ့ နှစ် ၂၀၀၁
ကံကော်ရွာမောင်နှမများနှင့်  ပြန်ဆုံ ခဲ့ ရသည်။
(ကို မြိုး၊၀င်းမော်ဟန် တို့ ရောပေါ့ )
ခုတော့  ခရီးဝေးကို တချို့ က သွားနှင့်ကြပြီ။
ဆုတောင်းမိသည်
ကံကော်ရွာလေး ထာဝရ တည်ရှိနေပါစေ။
မှာလိုက်ချင်သည်။

ကံကော်ရွာ မောင်နှမအားလုံးကို သတိရပါသည်။
ပြောပြချင်သည်
အဝေးကနေပြီး ကံကော်ရွာလေးကို လွမ်းမိနေသည်။

 

နန်းရွှေမြ

 
ခတ္တာပွင့်ချိန် Print E-mail
User Rating: / 3
PoorBest 
Written by လူထုဒေါ်အမာ   


ကျွန်မခင်ပွန်း ဦးလှ ဆုံးသွားတာ ဒီနှစ် သြဂုတ်လဆိုရင် ၁၄ နှစ်ပြည့်ပါတော့မယ်။ သူ့ကို မေ့တယ် လို့ ကျွန်မအနေနဲ့  မရှိပေမယ့် ခတ္တာတွေ ပွင့်ပြီဆိုရင် ထူးထူးလည်လည် သူ့ကို သတိရတယ်။ ဦးလှက မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားမှန်မှန်ရှိခိုးတဲ့လူပါ။ သူနဲ့ ကျွန်မ အိမ်ထောင်ကျလို့   သူ မန္တလေး ပြောင်းလာတဲ့ အခါမှာတော့ သူ သယ်ယူရွှေ့ပြောင်းလာတဲ့ ပစ္စည်းထဲက ဘုရားကျောင်းဆောင်ကလေး တစ်ခုထဲမှာ ဒက္ခိဏသာခါ ဆင်းတုကလေးတစ်ဆူ ပါလာပါတယ်။ သူက ဒီဆင်းတုကလေးဟာ သူ့ကို ဆန်းကဖေး ဦးထွန်းရင် ရဲ့ အစ်ကို “ဦးလေးကြီး” လို့ အများက ခေါ်ကြတဲ့ ဦးတင်ပွက “ကိုလှ ကိုးကွယ်ဖို့ဆိုပြီး” ပေးထားတာတဲ့။ သူ မန္တလေးကို ပြောင်းရတာက ကြီးပွားရေး မဂ္ဂဇင်း တစ်ဘက်နဲ့မို့  အကုန်မပြောင်းနိုင်သေးဘဲ ရန်ကုန်နေလိုက် မန္တလေးနေလိုက်ဖြစ်နေတော့ သူနဲ့အတူ မန္တလေး လိုက်ပြောင်းလာတဲ့ သူ့တပည့် ကိုကံရှိန်ကို ဦးလှက သူ့ဘုရားဆွမ်းတော် မပြတ်ကပ်ဖို့တာဝန်ပေးလိုက်သတဲ့။

သူ ဘုရားမှန်မှန်ရှိခိုးတဲ့အလေ့ကလည်း သူကျွန်မနဲ့ အိမ်ထောင် မကျခင် လူပျိုဘ၀ကတည်းက ဖြစ်တယ်လို့ ပန်းချီဆရာ ဦးအုန်းလွင်က ပြောပါတယ်။

 

ခတ်တာပွင့်

 

Read more...
 
မင်းကိုနိုင်ရဲ့ သမိုင်းအမြင်၊ မင်းကိုနိုင်ရဲ့ ပန်းချီနှင့် ဂီတ Print E-mail
User Rating: / 2
PoorBest 
Written by စာတည်းအဖွဲ့   

 

ကျွန်တော်တို့ သိထားခဲ့တဲ့ မင်းကိုနိုင် ဆိုရင် .. ကျောင်းသား ခေါင်းဆောင်၊ မတရားတာကို ခေါင်းငုံ့ မခံတဲ့ လူထုခေါင်းဆောင်၊ မြန်မာပြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ခေါင်းဆောင် နိုင်ငံရေးသမား အဖြစ် စိတ်ထဲမှာ ထင်စွဲနေကြပါတယ်။

 

ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် ဆိုတာ လူထု ခေါင်းဆောင် အဖြစ်သာမက၊ အနုပညာကို ဖန်တီးသူ၊ အနုပညာကို ခံစားတတ်သူ .... အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ လူသိ မများသေးတဲ့ အနုပညာ ဖန်တီးမှုများမှာလည်း အားအင် မသေးလှသော အနုပညာ ဖန်တီးမှုများ ဖြစ်ပါတယ်။ 

 

ဒါကြောင့် မင်းကိုနိုင်ရဲ့  အနုပညာ ပန်းချီကား၊ မင်းကိုနိုင်ရဲ့ သမိုင်းအမြင်၊ မင်းကိုနိုင်ရဲ့ ဂီတ .. စတဲ့ အနုပညာလက်ရာများအား ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှ တင်ဆက်လိုက်ပါတယ်။

(စာတည်းအဖွဲ့)

 

 ၇ ဇူလိုင် အတွက် မင်းကိုနိုင် သီဆိုထားတဲ့ သီချင်း အသံဖိုင်ကို အောက်ပါ links များတွင် နားဆင်၊ ရယူနိုင်ပါသည်။

 

တိုက်ရိုက် နားဆင်ရန်

Download ရယူရန်

 

painting

 
ဘ၀တကွေ့၌ခဏတွေ့ရဘူးသည့် ဦးသုမောင် Print E-mail
User Rating: / 10
PoorBest 
Written by ပန်းချီထိန်လင်း   

   

  သရုပ်ဖေါ် ပန်းချီထိန်လင်း              

                 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

         ပြည်သူချစ်သောအနုပညာရှင် (ဦး)သုမောင် တစ်ယောက် ကွယ် လွန်ပြီ် ဆိုသောသတင်းက ကွန်ပြူတာ မျက်နှာပြင်သို့ မိတ်ဆွေ တွေ ဆီ က ခဏပြီးခဏ တက်တက် လာသည်။ကြေကွဲဝမ်းနည်းကြသပေါ့။ သူ့ကို သရုပ်ဆောင်အဆိုတော်စာရေးဆရာအဖြစ် တနိုင်ငံလုံးက သိသလို ဆရာကြီးဦးသာဓု နဲ့ အမေညိုတို့သား၊ ဒေါ်အေးဘုံ ယောက်ျား၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ ညီ၊ မင်းလူ မောင်ရူပ တို့ အကို၊ ဖိုးသောကြာ စိုးအိမ်သူ တို့ဖခင် အဖြစ်လည်း တနိုင်ငံလုံးကသိကြသည်သာ။

         ပြည်တွင်းပြည်ပ သူနှင့်အတူ တွဲဖက်အလုပ်လုပ်ခဲ့ကြဘူးသော အနုပညာရဲဘော်ရဲဘက်များ သူ့အကြောင်း အလွမ်းစာတွေ တသီကြီးရေးကြပေဦးမည်။

Read more...
 
«StartPrev123NextEnd»

Page 1 of 3