Home ဘာသာပြန်
ဒီမိုကရေစီ Print E-mail
User Rating: / 6
PoorBest 
Written by စိမ်းခက်စိုး   

 

 

 

ဒီနေ့မှာဖြစ်ဖြစ်

ဒီနှစ်မှာဖြစ်ဖြစ် ဒါမှဟုတ်

ဘယ်အချိန်မှာဘဲဖြစ်ဖြစ်

အပေးအယူနဲ့ကြောက်ရွံ့အရှုံးပေးခြင်းတွေကနေ

ဒီမိုကရေစီဆိုတာ မွေးဖွားလာမှာမဟုတ်ဘူး။

 

ငါ့မြေပေါ်မှာ

ငါ့ခြေပေါ်ငါရပ်မတ်မတ်ဖို့

မင်းတို့လိုဘဲ

ငါ့မှာလည်းအခွင့်အရေးအပြည့်နဲ့ဆိုတာ….။

 

သူထိုက်နဲ့သူ့ကံဆိုတဲ့စကားကို

လူတွေပြောလွန်းသံကြားမှာ ကြားရတာငါမောနေမိပြီ

မနက်ဖြန်ဆိုတာ မလာသေးတဲ့နေ့တနေ့ပါ။

ငါသေမှ လွတ်လပ်တာမျိုးတော့ ငါတကယ်မလိုချင်ဘူး

မနက်ဖြန်မှရမယ့်အခွင့်အရေးတွေနဲ့ အသက်ရှင်မနေချင်ဘူး…။

 

 

မြင့်မြတ်သောလိုအပ်ချက်ကနေ

ပေါက်ဖွားရှင်သန်လာခဲ့တာဟာ

လွတ်လပ်မှုဆိုတဲ့ သန်မာတဲ့ မျိုးစေ့ဘဲလေ..

 

 

ငါလည်းဒီမှာမွေးတဲ့သူဘဲ

မင်းတို့လိုဘဲလွတ်လပ်ခွင့်ကို လိုချင်တယ်။

လန်စတွန်ဟုခ်ျစ် 

 

 

Read more...
 
တစ်ဘဝမှာ တစ်ခါမျှ (ဇာတ်သိမ်း) Print E-mail
User Rating: / 8
PoorBest 
Written by အောင်ဖြိုး   

တစ်ဘဝမှာ တစ်ခါမျှ အပိုင်း(၁) ဖတ်ရန် >>>>

(၆)

 

နောက် တစ်ပတ်လောက်ကျတော့ ကျမတို့ဆီကနေ မိုင်(၄၀) လောက်ဝေးတဲ့ အင်ဂျင်နီယာ လုပ်ငန်းတစ်ခုမှာ ရှင့်အဖေ အလုပ်သစ်ဝင်တယ်။ စ,စချင်းတော့  ကျမအဖေ စောစောထပြီး အရှေ့မြောက်ပိုင်း တက္ကသိုလ်မှာ သူ့ရဲ့ ဘောဂဗေဒတွေ မစခင် ရှင့်အဖေကို အရင်လိုက်ပို့ပေးတယ်။ နောက်တော့ ရှင့်အဖေက အမိုးကိုလှန်လို့ရတဲ့ အူဒီကားလေး တစ်စင်းဝယ်လိုက်တယ်။ ရှင်ကတော့ အမေတို့နဲ့ အိမ်မှာပဲ နေခဲ့ရတယ်လေ။

 

ရှင့်အဖေတို့က ရှင့်ကို သူတို့အိမ်ဝယ်ပြီးမှ ကျောင်းဘယ်မှာထားရမယ်ဆိုတာ စဉ်းစားမယ်တဲ့။ ကျမကတော့ တအံ့တသြလည်းဖြစ်မိတယ်။ အားလည်းကျတယ်။ နှစ်ဝက်လုံးလုံး ကျောင်းတက်စရာမလိုပဲ အားနေမယ် တဲ့လေ။ နောက် စိတ်ညစ်ရတာတစ်ခုက ရှင့်ကို အိမ်မှာတွေ့ရတယ်လို့ကိုမရှိဘူး။ နောက်စားထားတဲ့ ပန်းကန်တွေ၊ ခွက်တွေဆိုရင်လည်း ဆေးတဲ့နေရာမှာ ပြန်မထားဘူး။  နောက်အိပ်ရာကိုလည်း ပြန်သိမ်းတယ်၊ ပြန်ခင်းတယ်လို့ကိုမ ရှိဘူး။ မဟတဟ ပွင့်နေတတ်တဲ့ တံခါးကကြည့်ရင် အကုန် ပွစာကျဲနေတာပဲ။ ကြမ်းပြင်ပေါ်မှာ စောင်တွေကျလို့၊  အဝတ်တွေကိုလည်း စားပွဲပေါ်မှာပုံထားလို့ထားနဲ့ နိစ္စဓူဝ မြင်နေရတယ်။ 

 

နောက် ရှင်က အသီးအနှံတွေ အများကြီး စားတတ်တယ်နော်။ စပျစ်သီးဆို တစ်ခိုင်လုံး၊ ပန်းသီးဆိုရင်လည်း အလယ်အူတိုင်ပဲ ကျန်တော့အောင်ကို စားပစ်တာ။ ဒါဟာလည်း ကျမကို ဆွဲဆောင်နေတဲ့ ရှင့်ရဲ့အကျင့်တစ်ခုပဲ။ ကျမကတော့ အသီးတွေဘာတွေ သိပ်မစားဖြစ်ပါဘူး။ စားရတာ ဝါးရတာ ပါးစပ်ကိုဆို့ထားသလိုပဲ။ ရှင်ကတော့ ဒီဟာက အရသာရှိတယ်၊ ဟိုဟာကအရသာ မရှိဘူးရယ်လို့ ကချိကချောက်များသလောက် စတားဈေးဆိုင်ကနေ အမေတို့ ဝယ်သမျှအကုန် ဖြိုပစ်တတ်တာမဟုတ်လား။ နေ့လည်၊ နေ့လည် ကျမကျောင်းက ပြန်လာတိုင်း ရှင် ဆိုဖာရဲ့ အစွန်းတစ်ဖက်မှာ အမြဲတမ်းထိုင်ပြီး ခြေထောက် ညှက်ညှက်ကလေးတွေကို စားပွဲပေါ်မှာ ပတ္တာဆက်တင်လို့ အောက်ထပ် ကျမအဖေ့ စာအုပ်စင်က အိုက်ဆက်အက်ဆီမော့ရဲ့ စာအုပ်တွေ ဖတ်နေတတ်တယ်။ ရုပ်သံကလွှင့်ပြီး ကျမသိပ်မုန်းတဲ့ “ဒေါက်တာ ဘယ်သူတုန်း” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရှင်က သိပ်ကြိုက်တယ်။

 

ကျမရှင့်ကို ဘယ်လို ခင်အောင်ရောရ၊ ပေါင်းသင်းရမယ်ဆိုတာ မသိဘူး။ ဘာလို့လဲဆို ရှင်က အိန္ဒိယမှာ နေလာခဲ့တာ၊ အမေတို့ဆိုရင်တော့ ကျမထက် ပိုပြီး နားလည်မယ်ထင်တယ်။ နောက်တစ်ခု ရှင်ကလည်း ကာလကတ္တားက ကျမရဲ့ ဝမ်းကွဲမောင်နှမတွေလို မဟုတ်ပြန်ဘူး။ သူတို့ဆို သိပ်ရိုးကြပြီး ကျမကိုလည်း သိပ်လိုက်လျောရှာတာ။ အမေရိကားမှာနေတာကို အခြားတစ်ကမ္ဘာမှာနေတာကျလို့ အကွက်စေ့ အကုန်မေးတတ်ကြတယ်။ ရှင်ကျတော့ ကျမအကြောင်းကိုဘာမှလည်း စပ်စပ်စုစုလည်း မရှိဘူး။

 

Read more...
 
ကလဲရာ Print E-mail
User Rating: / 3
PoorBest 
Written by စင်ကြယ်ငြိမ်း   

ko san myint nude

 

ရောဘတ်တို ဘိုလန်နို

August 4. 2008 ။ Newyorker

 

“ရင်သား ခပ်ကြီးကြီး။ ခြေတံ သွယ်သွယ်။ မျက်လုံး ပြာပြာ”

Read more...
 
တစ်ဘဝမှာ တစ်ခါမျှ Print E-mail
User Rating: / 10
PoorBest 
Written by အောင်ဖြိုး   

the maw naing painting

(Once in A life-time by Jhumpa Lhairi ကိုပြန်ဆိုတယ်)

အပိုင်း (၁)

(၁)

ကျမရှင့်ကို အရင့်အရင်ကလည်း မြင်ဖူးနေကျပါ။ ဒါပေမယ့် ကျမဘဝထဲက ရှင်ရဲ့တည်ရှိမှုကို ပြန်တွေးမိရင်တော့ အမ်မင်းစကွဲက ကျမတို့အိမ်မှာ ရှင့်မိဘတွေအတွက် ကျင်းပတဲ့နှုတ်ဆက်ပွဲက စရမယ် ထင်ပါရဲ့။ အဲဒီတုန်းက အခြားဘင်္ဂါလီတွေ တော်တော်များများဟာ ကျမ မိဘတွေရော သူတို့ မိတ်ဆွေတွေပါ အခြေချချင်တဲ့ အတ္တလန်တာတို့ အရီဇိုးနားတို့ကို ပြောင်းကြတဲ့ အချိန်၊ ရှင့်မိဘတွေကတော့ အိန္ဒိယကို ပြန်ကြမယ်တဲ့။

Read more...