Home ဘဝ အတွေ့အကြုံ
မေ့ပစ်လိုက်ပါဗျာ Print E-mail
User Rating: / 12
PoorBest 
Written by ဇာဂနာ   

 ဇာဂနာ

 

မျက်စေ့နှစ်လုံးဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်အသစ်က ကြိုဆိုနှုတ်ခွန်းဆက်နေသည်။ အုတ်နံရံတွေ သံတိုင်တွေ ကြွေအင်တုံတွေ....။ကိုယ့်အိမ် ကိုယ့်ယာ မဟုတ်ပါလား ဟူသော အတွေးက ကပ်ပါလာလေသည်။ အခုလောက်ဆို အိမ်ကလူတွေတော့ သိကုန်လောက်ပြီ။ မိမိနှင့် သက်ဆိုင်ရာ ပါတ်ဝန်းကျင် လည်း အတော်ဂယက်ရိုက်လောက်ပြီ။ မိမိတို့အားဖမ်းဆီးစဉ်မနက်က အရိုင်းနှင့် ရွှေရောင်သည် အတူတကွ ရှိနေကြ၏။ အဖမ်းခံရကာနီးမှ သူတို့နှစ်ဦးအား ကွမ်းယာ ၀ယ်ခိုင်းလိုက်မိသဖြင့် ခုလောက်ဆို ထွက်ပဲပြေးပလား တောပဲခိုလေပလား။ သင်းတို့ နှစ်ယောက်က စိုးရိမ်စရာ ကောင်း၏။ အရိုင်းက တစ်ယောက်ထဲ ဘာအလုပ်မှ လုပ်တတ်သူမဟုတ်။ ဘာကိုမှ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်တတ်သူမဟုတ်။ အနားမှာ ထိန်းပေးသူ မရှိလျှင် သွေးဆောင်ရာ နောက် ကောက်ကောက် ပါတတ်သူဖြစ်၏။ ရွှေရောင်က ကိုသာဆိုး။ အလုပ်တော့လုပ်သည်။ ဖင်ပေါ့သည်။ သို့တစေ ခေါင်းအေးအေးနှင့် ရင်မဆိုင်တတ်။ ၀ူးဝါးဝူးဝါး နှင့် ထင်ရာ လျှောက်လုပ်တတ်သည်။ အာဏာသိမ်းပြီးပြီးချင်း မန္တလေးကို တက်၍ လက်နက်အဆက်အသွယ်သွားရှာသည်။ ပြီးတော့ တွံတေးမှာ စစ်သင်တန်းပေးဖို့ အစီအစဉ်အတွက် သူပဲ လူလိုက်စုနေရ၏။ သူနှင့်အတူ ပူးတွဲလုပ်ရန် ကိုဇော်ဝိတ်ကို တွဲပေးထားရသည်။ ကိုဇော်ဝိတ်က ခေါင်းအေးသည် စေ့စေ့စပ်စပ်ရှိ၏။ ခုသူတို့လက်ထဲမှာ လက်ပစ်ဗုံး လေးလုံးရှိနေသည်။ ဒါသည်ပင် စိုးရိမ်မကင်းဖြစ်စရာ။

Read more...
 
ပါစင်နယ် အင်တာဗျုး Print E-mail
User Rating: / 14
PoorBest 
Written by ဇာဂနာ   

 

 ဇာဂနာ

 

"ခင်ဗျား နာမည်"

"ဇာဂနာ"

"မောင်သူရ"

"ဟင့်အင့်"

"သူငယ်ချင်းတွေ မိတ်ဆွေ တွေက ခေါ်တဲ့ နာမည်ကော မရှိဘူးလား"

"ဒါတွေကတော့ အများကြီးပေါ့"

"ပြောပြပါဦး"

"လန်ခြားကုလား ကုလားအဖိုးကြီး ဦးပုည ဇာတ်ဆရာ မောင်ရစ် ကတင်းပုံး ရှောင်ကွန်နရီ အဖေကြီး ဇာတ်ဆရာ ကိုကို..." 

"တော်ပြီ တော်ပြီ..."

Read more...
 
ဘိလပ်ပြန် Print E-mail
User Rating: / 7
PoorBest 
Written by သိပ္ပံမောင်ဝ   

        ဇွန် ၅ ရက်တွင် ခေတ်စမ်းစာပေ၏ ရှေ့ ဆောင်ကြီး သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂) အသက် ၁၁၁ နှစ် ပြည့်မည်ဖြစ်၍ “အောက်စဖို့ဒ်တက္ကသိုလ်မှတ်တမ်း”ဆရာ မြင်ခဲ့သော သူတို့ခေတ် ဘိလပ်ရောက်မြန်မာလူငယ်တို့၏ လွဲမှားသောအမော်အကြွားနှင့် ပညာကိုတန်ဖိုးမထားပုံကို ခုကာလအဝေးရောက်မြန်မာလူငယ်များ ထုတ်နုတ်ဆင်ခြင်ရန်အလို့ငှာ ပြန်လည်တင်ဆက်ရပါသည်။

 

ကောင်းကင်

 သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       ကျွန်တော်သည် မြန်မာဘိလပ်ပြန်တစ်ယောက် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော့်မှာ အလုပ်အကိုင် မရှိပါ။ ကျွန်တော် ဘိလပ်တွင် လေးငါးခြောက်နှစ် နေခဲ့သော်လည်း စာမေးပွဲတစ်ခုကိုမျှ မအောင်၊ ဘွဲ့တစ်ခုကိုမျှ မရခဲ့ပါ။ တစ်နေ့က လူငယ်များ ကြီးပွားရေးအသင်းတိုက် ကို သွားရာ ကြီးပွားရေးမဂ္ဂဇင်းတွင် ဘိလပ်အကြောင်းရေးပါဟု ကျွန်တော့်အား ကိုလှက တိုက်တွန်းပါသည်။ ကျွန်တော် မြန်မာစာကို ကောင်းကောင်းမရေးတတ်ပါ၊ ထို့ကြောင့် မရေးပါရစေနှင့်ဟု တောင်းပန်သော်လည်း အတင်းရေးခိုင်းသောကြောင့် ကျွန်တော်၏ အကြာင်းကို အောက်ပါအတိုင်း ရေးလိုက်ပါသည်။

Read more...
 
ဆိုင်ကယ်လှလှလေးတွေ... Print E-mail
User Rating: / 12
PoorBest 
Written by ဇာဂနာ   

 ဇာဂနာ

 

ပုဇွန်သေစေသော တော်သလင်းနေသည် ကျွန်တော့်အား ကောင်းစွာဒုက္ခပေး နေတော့၏။အကြိုအကြားများပါမကျန် ဒရစပ်ထွက်နေသော ချွေးတို့ဖြင့် ကျွန်တော့်တကိုယ်လုံးမှာ ရွှဲနစ်နေတော့သည်။

ခန္ဓာကိုယ်အောက်ပိုင်းတခုလုံးမှာလည်း ရှိမှရှိပါသေးရဲ့လားဟု ထင်မှတ်များလောက်အောင်ပင် ထုံကျင်နေတော့၏။

မဖြစ်ခံနိင်ပါပါရိုးလား

ကျွန်တော်တို့ ဖြစ်ပျက်နေပုံကိုလည်း ကြည့်လေ။

 အမိုးအကာမပါသော တီအီး ၁၁ ကားကြီး၏ ကြမ်းပြင်ပေါ်တွင် ဒူးနှစ်ဘက်ထောက် နဖူးနှင့် ကြမ်းပြင်ထိထားပြီး လက်နှစ်ချောင်းကို ယှက်ကာ နောက်စေ့ပေါ်သို့ တင်ထားရလေသည်။

ရုပ်ရှင်ကားများတွင် စစ်သုံ့ပန်းများအား ဖမ်းဆီးပုံနှင့် တူလွန်းလှပါတော့ဘိ။

မိမိတို့သည် သူပုန်လည်းမဟုတ် ဓားပြလည်းမဟုတ်ပါပဲလျက် အဘယ့်ကြောင့် ဤသို.ဤနှယ် လူ့တန်ဘိုးကို လျစ်လျုရှုသော ဖမ်းဆီးနည်းကို အသုံးပြုမှန်း နားမလည်နိင် ဖြစ်ရလေသည်။ပတ်ဝန်းကျင်က မိမိတို့အား မမြင်စေလို၍ ဟုဆိုရပြန် ကလည်း ကျွန်တော်တို့အား ဖမ်းဆီးစဉ် ကာလကပင် ၀ိုင်းအုံကြည့်ရှုနေသော လူအုပ်ကြီးမှာ ရွှေတိဂုံဘုရားတပေါင်းပွဲတော် တမျှစည်ကားနေပေးရာဤအချက်သည် မဖြစ်နိင်ပါချေ။ သို့ဆိုလျှင် မိမိတို့အား မည်သည့်နေရာ ကို ခေါ်သွားမှန်း မသိစေလို၍သာ ဖြစ်ပေမည်။

Read more...
 
«StartPrev123NextEnd»

Page 1 of 3