Home ဝတ္တုတို
လက်ဝှေ့ပွဲအကြောင်း Print E-mail
User Rating: / 3
PoorBest 
Written by နေလင်းအောင်   


ပန်းချီပေါ်ဦးသက်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၁)

ဗိန်းဗောင်းတိုက်သံကို ကြားလိုက်ရလျှင် ကျွန်ုပ်၏ ကိုယ်တွင် စွဲကပ်နေသည့် လက်ဝှေ့ဝါသနာပိုးသည် လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ လက်ဝှေ့မထိုးတတ်လင့်ကစား အရိုးအခြင်များ တောင့်တင်းလာ၏။ အသွေးအသားများ ဆူဝေလာ၏။ အနီ၊ အပြာခြယ် ကြိုးဝိုင်းထောင့်တို့တွင် နေရာယူထားသည့် ရိုးရာလက်ဝှေ့ကျော်တို့၏ ထီမထင်သော  မျက်နှာတို့ကို မြင်ယောင်မိသည်။ ယင်းတို့၏ လက်ပမ်းပေါက်ခတ်သံ တဖြောင်းဖြောင်းကို ကြားယောင်မိသည်။ ထို့ကြောင့် လုပ်လက်စအမှုကိစ္စတို့ကို ချောင်ထိုးထားခဲ့ပြီး ကြိုးဝိုင်းရှိရာဆီ အရောက်သွားခဲ့မိသည်မှာ အခါခါပင် ဖြစ်၏။ 
Read more...
 
ဘုန်းကြီးသေ Print E-mail
User Rating: / 5
PoorBest 
Written by နေလင်းအောင်   

(၁)

 

ဒေါင့်ကြီးကျေးရွာတွင် လှေပြိုင်ပွဲ၊ ပန်းပြေးပွဲ အစရှိသည့် တောဓလေ့ရိုးရာ ကစားခုန်စားပြိုင်ပွဲများ မကျင်းပဖြစ်တော့သည်မှာ နှစ်ကာလ အတန်ငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တိတိပပဆိုရလျှင် နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့လေပြီ။ လှေပြိုင်ပွဲ၊ ပန်းပြေးပွဲများ ကျင်းပကြမည် ဟူသောအသံများကို ရွာဦးကျောင်းဆရာတော် ဦးတေဇ၀န္တ ပျံလွန်တော်မူသောအခါတွင်မှ  တဖန်ပြန်လည်ကြားရခြင်း ဖြစ်၏။

ဒေါင့်ကြီးကျေးရွာသည် မြစ်ဝကျွန်းပေါ်ဒေသကျေးရွာဖြစ်သည်အလျောက် မြေဆီသြဇာကြွယ်ဝသည်။ စပါးအထွက်ကောင်းသည်။ စပါးအထွက်ကောင်း၊ စပါးဈေးကောင်းသော်လည်း ရွာသူရွာသားတို့ စားဝတ်နေရေး မပြေလည်ရှာကြပေ။ လူမွေးလူရောင် မပြောင်ရှာ။ တစ်မိုးတွင်းလုံး ရွှံ့ထဲရေထဲတွင် ကျွဲ၊နွားတို့နှင့် နင်လားငါလား ရုန်းကန်လှုပ်ရှားကြရသော်လည်း ယင်းတို့၏ ဘ၀များမှာ ထူးခြား ပြောင်လက်လာခြင်း အလျဉ်းမရှိပေ။ တစ်နှစ်ကြာသော်လည်း ဒုံရင်း၊ နှစ်နှစ်ကြာသော်လည်း ဒုံရင်း၊ သုံးနှစ်ကြာသော်လည်း ဒုံရင်း၊ နွေမိုးဆောင်းရာသီစက်ဝန်းတို့ အဖန်ဖန်ပြောင်းလဲ၍ နှစ်အလီလီပြောင်းခဲ့သော်လည်း ဒုံရင်းမှ ဒုံရင်း အတိုင်းပင်။ ၄င်းတို့သည် ထူးမခြားနားဇာတ်ကိုခင်း၍ အသူတစ်စောက်နက်လှသည့် ဆင်းရဲတွင်းတွင် ပျော်ပျော်ပါးပါး နေကြ သေကြကုန်၏။

လှေပွဲ

Read more...
 
အမည်ပေးမထား (၃) Print E-mail
User Rating: / 5
PoorBest 
Written by နေလင်းအောင်   


သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၁)

တရုတ်နီဟု အမည်ရသည့် တရုတ်ပြည်ဖြစ် အင်ဂျင်စက်များသည် တဒုန်းဒုန်း၊ တဒိုင်းဒိုင်း မြည်သံများကို ကြွေးကြော်ပြီး မြန်မာပြည်သို့ ချဉ်းနင်းဝင်ရောက်ခဲ့သည်မှာ နှစ်ကာလ အတန်ငယ် ကြာမြင့်ပြီ ဖြစ်သည်။
တရုတ်နီတို့သည် ပ၀တိ္တသားများသာ ဖြစ်သော်ငြားလည်း နေရာတကာတွင် လူတွင်ကျယ် လုပ်တတ်သည်။  ရေတင်ရာတွင် သော်လည်းကောင်း၊ မီးစက်မောင်းရာတွင် သော်လည်းကောင်း၊  ထော်လာဂျီမောင်းနှင်ရာတွင် သော်လည်းကောင်း၊ စက်တပ်လှေမောင်းနှင်ရာတွင် သော်လည်းကောင်း၊ စပါးကြိတ်ခွဲရာတွင် သော်လည်းကောင်း အသံတစွာစွာပြုပြီး လူလုံးပြတတ်ကြ၏။ ဤသို့နှင်နှင်လျှင် တရုတ်နီတို့သည် “တရုတ်နီစွမ်းအား ခေတ်ကျော်လွှား”ဟူသည့် ဆောင်ပုဒ်ကို ကိုင်စွဲပြီး မြန်မာပြည် အနှံ့ နယ်ချဲ့နေလေတော့၏။

Read more...
 
အမည်ပေးမထား (၂) Print E-mail
User Rating: / 6
PoorBest 
Written by နေလင်းအောင်   



သူ၏ နာမည်အရင်းမှာ နိုင်ဝင်းဖြစ်သော်လည်း တစ်မြို့လုံးကမူ သူ၏အသက်မွေးမှုဖြစ်သည့် ဘဲဥရောင်းချခြင်းကို အကြောင်းပြုပြီးသကာလ ဘဲဥဟူ၍သာ ချစ်စနိုးခေါ်ဝေါ်ကြကုန်၏။

ထိုသို့ခေါ်ဝေါ်ခြင်းအား သူ စိုးစဉ်းမျှ မကြိုက်ကြောင်းကို တစ်မြို့လုံးသိကြသော်လည်း ဘဲဥ ဟူ၍သာ ခေါ်ဆိုမြဲ ခေါ်ဆိုကြလေ၏။ ဘဲဥသည် ရှေးဟောင်းကျမ်းဂန်တို့နှင့် လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင်ပြီး၊ လူဖြစ်လာသူ ဖြစ်လေရကား ယင်းသို့ခေါ်ဝေါ်ခြင်းသည် ယဉ်ကျေးသောသူတို့၏ အလေ့မဟုတ်၊ အသက်မွေးမှုအလုပ်အကိုင်ကိုအကြောင်းပြု၍ဆဲရေးခြင်းတစ်မျိုးသာလျှင် ဖြစ်ကြောင်းကို ဘာရဒွါဇ ဇာတ်တော်အား စကားအရာ သက်သေထား၍ တုံ့ပြန်လေ့ရှိသည်။ မည်သို့ပင်ဆိုစေ တစ်မြို့လုံးကမူ ဘဲဥ ဟူ၍သာ ခေါ်ဝေါ်မြဲ ခေါ်ဝေါ်ကြဆဲပင် ဖြစ်ပြီး၊ နောင်တွင်လည်း ဆက်လက် ခေါ်ဆိုကြဦးမည်မှာ မလွဲပြီ။ သရုပ်ဖေါ် ပန်းချီစံမင်း

Read more...
 
«StartPrev12345NextEnd»

Page 1 of 5