Syndication

feed-image Get Latest Post
တစ်ကိုယ်ရည် အခင်းအကျင်း PDF Print E-mail
User Rating: / 1
PoorBest 
မဂ္ဂဇင်း - ကဗျာ
Written by ဘုန်းသက်ပိုင်   
Wednesday, 18 July 2012 22:31

 

 

san myint

အိပ်ရာနိုးတော့

ကမန်းကတန်း ကိုယ့်ရုပ်ကလေးကိုယ် မှန်ထဲပြေးကြည့်မိ

အကောင်းအတိုင်းမြင်မှ

“ကောင်းသောမနက်ခင်းပါ ကမ္ဘာကြီး”

အဲသလို

နှုတ်ခွန်းဆက်ရတယ်၊

 

ပြီးမှ

တပြန့်တပြော ကောင်းကင်ပြာကြီးကိုငေး၊

ရှုမျှော်ခင်းတွေ ဖြစ်လွယ်ပျက်လွယ်ပုံကိုငေး၊

နှစ်တွေ ပျင်းစရာ ပျစ်ခဲနေပုံကိုငေး၊

ပြီးမှ ကုလားထိုင်တစ်လုံးမှာ အကျအန၀င်ထိုင်

အရသာကုန်သွားတဲ့ ကြိတ်ဖတ်လို

ဘ၀တစ်ခု ဖွဲ့တည်နေပုံကို မြုံ့နေမိပြန်ပေါ့၊

 

တစ်နေ့ ပြီး တစ်နေ့

တစ်ကိုယ်ရည်လုံခြုံဖို့

ရာသီဥတုတွေကိုပဲ နားစွင့်နေခဲ့ရ၊

ချစ်ဖို့ မုန်းဖို့  မေးထူးခေါ်ပြောဖို့

ကျွန်တော့်မိတ္တူများ ပွားပွားလာခဲ့ရ၊

ဘ၀တစ်လျှောက်လုံးအိပ်မက်များ

နံနက်ခင်းထဲထွက်ကျလာတဲ့သတင်းတွေရဲ့ရှေ့မှာ

အထိတ်တလန့် ကျုံ့ဝင်ခဲ့ရ၊

စိတ်ကို ကြိုးဖြည်ထားလိုက်ရတယ်၊

အလိုမတူသော်လည်း

ဒီဘ၀ ဒီတစ်သက်မှာ

ဒီဇာတ်ရုပ်နဲ့ပဲ သဘာဝကျခဲ့ရပြီ၊

အဓိပ္ပါယ်အသစ်တွေ

လွဲမှားပေါက်ရောက်နေတဲ့မနက်

ဖွဲ့ဆိုဖို့ရာ

ဒီထက်မစွမ်းသာလို့မို့

ပြက်လုံးအဟောင်းနဲ့ပဲ ရယ်မောလိုက်မိပေရဲ့ ။   

                 

                                ဘုန်းသက်ပိုင်

                                      ၁၉၉၈

                                           သရုပ်ဖေါ်ပန်းချီ ဒေါက်တာစန်းမြင့်



Add this page to your favorite Social Bookmarking websites
 
Last Updated on Tuesday, 31 July 2012 03:23
 

Add comment


Security code
Refresh