|
 ဇနီးချက်တတ်တဲ့ မန်ကျည်းရွက်သပ်လေးနဲ့ အစပြုချင်၊ ကဗျာ့ကဗျုတွင် ကျမအခုလင်ဟာ ၀ါဒတခုရှင် သန်ရေးအတွက် အကြံပေးချက်နဲ့ ချက်ချက်၊ကွင်းနဲ့ချက်ချက်/ မြင်းနဲ့ချက်ချက်/ ထင်းနဲ့ချက်ချက်၊ချက်ဆို နားခွက်ကထတောက်တဲ့ ကဗျာမျိုး၊ အရက်ထသောက်တဲ့ စာတချိုး၊ ချိုးချလိုက်တော့ ရဲရဲလေး၊ မဲမဲပေး။စ်။ ကြွေးဆုံးပြတ်လဲ လေးလုံးစပ်ကနေစ၊ အရွတ်အဖတ်သန်ရင်၊ ဇ မရှိလဲ ဇိကုပ်တင်လို့ရ။ လွတ်လပ်ကာရန်လေးဈ တစောင့်စောင့်= ဈ ၊ တမှောင့်မှောင့်+ဈ၊ ကြောင့်ကျမှုက(ဈ) ကြောင့်ကျမှုက အရမ်းမဖွဲ့နဲ့တဲ့ x ဈ၊ ကျမ်းစစ်လည်းကိုက်စေ “ဈ” လမ်းသစ်လည်း လိုက်စေ @ ဈ၊ အကိုရေဆွဲထား(ဈ) အပျိုမေ အသဲယားလှတယ် & ဈ။ ရဲကားလာနေပြီရဲကား( မေဘီ =may be)သရဲကား ဈ* တောက် ...အဲဒီ သောက်ဈ စ် စ် ဆိုတဲ့ ဟာၾကီးကဘယ္ကေန ပါပါလာနေတာလဲကွ? (ဆဲဗင်းအလဲဗင်းထဲ အမြဲဆွဲသွင်းတတ်တဲ့ အောင်ချိမ့် အမေးစကား) အဲဒါ ဗိုင်းရပ်အကို ကဗျာရေးသူရဲ့ အလွန်ချူချာတဲ့ ကွန်ပြူတာထဲကပါလာတဲ့ ဗိုင်းရပ် အကို xxxx ဈ (စလုံးမှာစတိစတေးရှောင်နေသူ စတေရှင်နရီ စင်ထောင်ပေးတဲ့ခင်အောင်အေး အဖြေစကား) ဗိုင်းရပ်နဲ့တိုက်ရင် ဆော့ဝဲနဲ့ကိုက်သတ်ပေါ့ကွငါ့ကိုငတုံးထင်နေလို့လားမင်းက /စ် စ် ဟုတ်ကဲ့အကိုဖယ်လိုက်ပါပြီ နောက်ဆို အဲဒီ စ် စ် ဆိုတာၾကီး မပေါ်စေရတော့ပါဘူး။ နောက်ပေါ်လာရင် သမဂ္ဂကိုလှမ်းတိုင်လိုက် ခုတို့ မှာ သမဂ္ဂရှိနေပြီပဲ။ သမဂ္ဂ၊ လောကမှာ အရေးကြီးဆုံးက ကဗျာမဟုတ်ဘူး၊ (သမဂ္ဂ။) ဘာလာရင် ဘာလုပ်ရမယ် သိဘို့အဓိက၊(=သမဂ္ဂ) ဥပမာ ရေဇလာအတွင်းမှာ ဇေယျလင်းလာတယ်ဆိုပါတော့ စကြ်ာမင်းထက် လက်ျာဝင်းနဲ့ လှည့်တိုက်ပေးရ မယ်@ သမဂ္ဂ လာပြန်ပြီ ဒီတခါက သမဂ္ဂ နိုင်ငံတကာကလာတဲ့တူရွှင်းနဲ့တူးတူး၊ မရှင်း*=စက်နဲ့တူးတူး မူးမူး*(မေမြို့က ပန်းချီမူး မူးတဲ့မူးမူး) ပြောသလို နက်နက်စူးဘို့လိုတယ်။ သမဂ္ဂ မင်းဟာက လွန်လွန်းနေပြီ အတွင်းမှာက ကျွံတွန်းနေပြီ၊ ဇွန်ပန်းရုံအနီး ကျွံနေတာကို တွန်းတာ ကာတွန်း ဆရာသမဂ္ဂ/ သမဂ္ဂကျတော့ ဆော့ဝဲမနိုင်တော့ဘူး ဒါက ၀ဋ်နာ ကံနာဖြစ်သွားပြီ။ သမဂ္ဂ သမ္ဂ သမဂ္ဂ သမဂ္ဂ/ သမဂ္ဂဆောင် အိုအောင် (ကဗျာဆရာအိုအောင်မဟုတ်ပါ) မဆင်းရဲဘူးလို့ တနေ့ သုံးကြိမ်ရွတ်ပါ အရောင်ချိန်းပြီကွဲ့ မောင်စိမ်းနီငဲ့/ သမဂ္ဂ ဥက္ကဌကိုတော့ နတ်နေကိုင်း ထားသင့်ပါတယ်လို့် ယိုင်းပင်းသရွေ့ စိုင်းဝင်းမြင့်နဲ့တွေ့တုန်း ပြောခဲ့တာက တော့ အဓိပါယ်မဲ့ချင် မဲ့ပစေကာရန်တော့ မမဲ့စေနဲ့ကွယ်လို့ ကာရန်အဓိက ၀ါဒဂိုဏ်းသားတဦးအနေနဲ့တော့ ထောပဏာရစေဘို့ သြ၀ါဒချွေခဲ့ပါရဲ့ 0R ပြောစရာပြစေခဲ့ ဆိုလည်းရတာပဲ/ သမဂ္ဂ ကဗျာနိဂုံးမသတ်ခင် တဘောင်တွင်ရစ်မဲ့ မောင်တင်သစ်တို့လည်း စားအိုးတွဲဖြစ်ခဲ့လို့ (သမဂ္ဂ) ထဲ ဆွဲထည့်ဘို့ဆက်စပ်ဆိုအပ်ပါ၏။ ဆောင်ပုဒ်၊ ။ အာဏာရှင်စံနစ်ကျဆုံးပါစေ။ သင်ခန်းစာ၊ ။မရှိပါ။ ကြွေးကြော်သံ၊ ။ အရင်တုန်းက မသုံးဘူးတဲ့ စကားလုံးတွေ များများသုံးဘို့ အရေး .. တို့အရေး ဥပမာ..သမဂ္ဂ/ တပ်ချုပ်/ ၀ိဝိ၀ိ/ နိုင်/ ကျဉ်း/ နို့သီး/ ပရိုပိုဇယ်/ စသည်ဖြင့်ဈ သတိပြုရန်၊ ။ ကာရန်မမဲ့ရန် ပန်းချီထိန်လင်း ၀န်ခံချက်၊ ။ ခေတ်ပြို (ငသတ်မကျန်ခဲ့ပါ) ကဗျာဆရာ ဘုန်းသက်ပိုင်FB ပေါ်နာမည်ဝှက်နဲ့ တက်လာစဉ် ထွက်ဆိုသွားချက်များကို ကိုးကားစပ်ဆိုပါသည်။
Add this page to your favorite Social Bookmarking websites
|