|
Written by သည်မော်နိုင်
|
|
ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း)မှ ရသစာပေ ပုံစံ အမျိုးမျိုးကို မြန်မာစာပေ ချစ်မြတ်နိုးသူများ ဖတ်ရူ နိုင်စေရန် တတ်နိုင်သမျှ ကြိုးပမ်းတင်ဆက် လျက်ရှိပါသည်။ယခုအခါ မြန်မာစာပေ ကဗျာ ပုံစံ အသစ်တစ်ခုအား စာဖတ်သူများထံသို့ ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှ မိတ်ဆက်ပေးပါရစေ။ ခန့်ညားလှသော လေးချိုး(ရှေး ကဗျာ) ကဗျာများ၊ ရွတ်ဆို၍ ကောင်းသော “သံပေါက်” ကဗျာများ၊ အသံသာ၍ အသံနှင့် အဓိပ္ပါယ်ရှိသော ကဗျာများ၊ နောက်ဆုံး မော်ဒန်ကဗျာ၊ ပို့စ်မော်ဒန် ကဗျာအထိ ကဗျာ အမျိုးမျိုး ရှိကြပါတယ်။ ယခုတင်ဖေါ်ပြမည့် ကဗျာမှာ ကိုယ်တိုင် မျက်စိနှင့် မြင်၍ ဖတ်ရှုမှ ကဗျာ အရသာ ပေါ်နိုင်သောကြောင့် “အမြင်ကဗျာ” လို့ ကျွန်တော်တို့ ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) အဖွဲ့သားများမှ မှတ်ယူထားမိပါတယ်။ စာတည်းအဖွဲ့ “၂၀၃၀”
|