Syndication

feed-image Get Latest Post
အမှတ်တမဲ့ကဗျာ PDF Print E-mail
User Rating: / 2
PoorBest 
မဂ္ဂဇင်း - ကဗျာ
Written by နီယော်ဓာ   
Monday, 02 April 2012 21:00

picture

(Diamond Dave Whitaker ရေးသားသည့်  Poem Just by Chance ကို နိယော်ဓာ ဘာသာပြန်ဆိုသည်။)

(မူရင်း ကဗျာအား ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

 

ထင်တောင် မထင်ထားတဲ့

အမှတ်တမဲ့ကလေးတွေဆိုတာရှိတယ်။

 

အခု ဘာတခုမှ မရေရာလှဘူးဆိုပေမယ့်

ငါတို့ တောင့်ခံထားကြမယ်..

စုံစည်းရာမှာ စုံစည်းမြဲစုံစည်းနေကြအုံးမယ်ဆိုရင်..

တနေ့နေ့မရှိဘူးလို့ ဘယ်ပြောနိုင်ပါ့မလဲ။

 

စမ်းချောင်းကလေးအတိုင်း စီးမျောသွားစမ်းပါ့..

ပင်လယ်ကြီးဆီကို...

ကြယ်ကလေးတွေကို ကြည့်ဖို့ မော်လိုက်စမ်းပါ့..

ဘယ်တော့မှ ပြောင်းလဲမသွားတတ်တဲ့၊ မတွေဝေတတ်တဲ့

ကောင်းကင်ဆိုတာကို တကယ့်ကိုမြင်နိုင်ဖို့..

 

တွေးရိုးတွေးစဉ်ထက်ပိုပြီး ဘာမှထပ်ကောင်းအောင် မတွေးနိုင်တော့တဲ့

သံချေးတက် တွေးမှုခေါ်မှုတွေ..

တနပ်စားကြံတတ်သူတွေ..

အကြားမရှိ၊ အမြင်မရှိ

စိတ်ဝိညာဉ်ဆိုတာ ဘာမှန်းတောင် မသိသူတွေ..

ဒါတွေကြောင့်များတော့

ကိုယ့်ခရီး မကျန့်စေ မကြာစေနဲ့..

ခြေလှမ်းတွေ ရပ်မသွားစမ်းပါနဲ့..

 

ဟိုဟာတားမြစ်၊ ဒီဟာတားမြစ်

စိတ်နှလုံးရွှင်ပြုံးမှုတွေ သတ်ဖြတ်

ခွဲဖို့ ခြားဖို့ တံတိုင်းကြီးတွေသာ ဆောက်တတ်သူတွေ..

တံခါးတွေ ဆောင့်ကြီးအောင့်ကြီး ပိတ်တတ်ဆို့တတ်သူတွေ..

စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့

အနာဂတ်ကို မမြော်မြင်တတ်၊ ပုံမဖော်တတ်တဲ့သူတွေ..

အများသူငါကို ကြမ္မာငင်စေသူတွေ..

ကိုယ်တိုင်တောင် မလိုက်နာနိုင်ဘဲ

ကိန်းကြီးခမ်းကြီး စည်းကမ်းတွေ ဟိုတင်း ဒီကျပ်နဲ့

ကိုယ့်ကိုယ်ကို ဟုတ်လှထင်နေတဲ့

သိပ္ပံနည်းကျ ကိုယ်တော်တွေ..

ကျမ်းကြီးပေကြီးတွေ ကူးရုံသာကူးရေးတတ်သူတွေ..

ခင်ဗျားတို့ ကိုးကွယ်ဖို့ ဘုရားသခင်တို့ ယုံကြည်အားထားဆည်းကပ်ရာတို့ဆိုတာတွေကိုတောင်

သူတို့ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးပေးအုံးမယ့်သူတွေ..

ဝတ္ထုပစ္စည်းတွေနဲ့သာ သိပ်သည်းနေတဲ့ ဒီဟာ ဟိုဟာ ဘာဘာညာညာ စနစ်ကြီးရဲ့

အရှင်သခင်ကြီးတွေပေါ့..

 

ဒါပေမယ့်ပေါ့ဗျာ..

ရှင်ရက်သေနေရသူတွေရဲ့ ညထဲမှာတောင်

လက်ဖျားလေးတွေချင်းထိလိုက်ကြတဲ့အခါ

မျက်ဝန်းတွေ ရွှင်းလက်တောက်ပလာတဲ့အဲဒီအချိန်

နွေဦးငွေ့ရည်တွေ ပင်စည်တလျှောက်

အစုံတင်မဟုတ် အထက်ကိုပါဆန်စီးသွားတဲ့

ဆန်းကြယ်တဲ့ သဘာဝတရားကြီးရဲ့ ပင်သက်ပျိုးပုံမျိုးနဲ့..

 

မနက်ခင်းအသစ်ဆိုတာ မွေးဖွားလာရမြဲပဲ။

 

ကဗျာဆရာတွေဟာ အသက်ရှင်ရက် အမြဲကျန်ရစ်တယ်..

အဲဒီ တင်းတင်းချည်ထားတဲ့ ၀ါယာတွေအတိုင်း

လျှောက်မြဲလျှောက်ဆဲပါပဲ...

 

လရောင်ဆမ်းတဲ့ အဲဒီလမ်းကြောင်းအတိုင်း

အချင်းချင်းဖေးကူလို့..

ဆက်လျှောက်နေကြရုံ..

ကောင်းလိုက်တဲ့ အဲဒီလမ်းနီကြီးအတိုင်းပေါ့..

 

အိပ်မက်ရက္ကန်းသယ်တွေ..

စိတ်ဝိညာဉ်ကို အကောင်းအတိုင်းဖြစ်အောင် ဖာထေးပေးကြသူတွေ..

အနာတရတွေကို ကုသလို့..

အသံတိတ် အာခေါင်ခြစ်အော်ဟစ်ရတဲ့အဖြစ်တွေကို သက်သာစေလို့ပေါ့..

သက်တံရောင်စုံရဲ့ စစ်သည်တော်တွေ

လွတ်လပ်ခြင်းတေးကို သီလို့..

 

ရောင်ခြည်မလာခင်ဟာ အမှောင်ဆုံး အမိုက်ဆုံးအချိန်..ဒါပါပဲ..

လုံးဝ မျှော်လင့်မထားတုန်း.. မျှော်လင့်မထားတဲ့နေရာမှာ..

အကူဟာ ခင်ဗျားဆီကို ရောက်လာလိမ့်မယ်..

 

မြေစိုင်မဲမဲကြီးတွေကို ခွဲဖောက်ပြီး

ပင်ပျိုစိမ်းတွေ တိုးထွက်လာကြသလိုပေါ့..

လူသားခြင်း မြင်အောင်သိအောင်ကြိုးစားတဲ့အခါ

ချစ်ခြင်းမေတ္တာတွေ အရှိန်အဟုန်နဲ့စီး..

ရှင်သန်မှုအဓိပ္ပါယ်တွေ အရှိန်အဟုန်နဲ့စီး..

အသစ်တခုဆီကို။

 

(နီယော်ဓာ)



Add this page to your favorite Social Bookmarking websites
 
Last Updated on Monday, 02 April 2012 21:23
 

Add comment


Security code
Refresh