Home အက်ဆေး Sea Side Cafe-Bistro
Sea Side Cafe-Bistro Print E-mail
User Rating: / 0
PoorBest 
Written by ခင်အောင်အေး   

သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

အရာများနှင့် စိတ်ကူးထည်သက်သက် ရှိနေသော အဖိုး အနဂ္ဃတန်သည့် ဆေးပင် ကိုယ်ကိုယ်တိုင်

သွားပို့မယ် မနှစ်က ဒီလိုအချိန်မျိုး ဗျိုင်းများ အုပ်လိုက်ဖြတ်ပျံသွားချိန် ဖောင်းအိနေသည့် ရွက်များဖြင့်

တရွေ့ရွေ့ ပျဉ်စပ်သင်္ဘောကြီး နေလုံးဟာ ရေပြင်အောက်ကို ငုပ်လုဆဲဆဲ ခြေရာကို ရေးရေးမျှပင် မတွေ့

ရ နယ်မြေရဲ့မြေပုံ သပြေညို ပြည်သူတွေကို အဆိပ်မကျွေးရေး သုံးရက်လ ခုံးမျက်စပင်လျှင် ကာရန်မဲ့

ရေးတော့မယ့်လူ တိုင်မင်ကိုက် တေးသွားထပ်ကျော့များ မောလိုက်တာ ကြောက်စရာ ဇာတ်လမ်းတပုဒ်

ဖြစ်ပေါ်လာရပုံအစ ရွှေသွားများ ရွှေထီးဆောင်းကာလများ ရွှေပင်ငွေပင် တကျိုက်ကျိုက် ဟုတ်သော်ရှိ

မဟုတ်သော်ရှိ အံမယ်လေး ပြောမဆုံးပေါင် တောသုံးထောင်ပေါ့ ခုထိ အတွင်းသားကို ခိုက်ထိခြင်း မရှိ

သေး ငယ်သော အရာဟု အမှတ်မဲ့ဖြင့် လျစ်လျူမပြုရာ ချောက်ချောက် ချောက်ချောက် ဘယ်လိုမြည်သံ

စွဲမျိုး ဘယ်လို ဥပမာ ဥပမေယျမျိုး ဘယ်လို စကားလုံးသုံးနှုန်းပုံ သုံးနှုန်းနည်းမျိုး နှုန်းစံနည်းနာ နိမိတ်များ

အတိတ်များ ချောင်ပိတ်မှုများ ခပ်သွက်သွက် ဆက်ရေး (ဆက်ရိုက်တယ်လို့ပြောမလား) လက်ဖဝါးပေါ်က

အရေးကြောင်းများ အရေးပါသလား အဖတ်ပါသလား အဖတ်ချည်းပဲလား အရည်ကောမပါဘူးလား ရှုပ်

ထွေးသော ရှင်းလင်းပုံ နည်းစံနစ် ‘ပွဲရှစ်ခုစွန်း’ သံချို ဟိုဘက်စားပွဲမှာ လူယောက်ျား ၂ လူမိန်းမ ၁ တစ်ရှူး

ပေပါ ပြောင်လက်ကြည်လင်နေသည့် ဖန်ခွက်ပါး (ခြေထောက်နှင့်) အရည်ကြည်လဲ့လဲ့ တခဲနက် မှန်ပြင်

ကြီး ဟိုဘက် ရေပြာလက်လက် ကောင်းကင်ပေါ်ထိုးတက်နေတဲ့ တာဝါတိုင် အထိုင်ချထားတဲ့ စိတ်ကို

ပရုဖ်ပြင်ကြသည် ဒမ်မီချကြသည် ဖြတ်သွားတဲ့ ထရပ်ကားဘေးနံရံမှာ ကြော်/ညာ စာသား you are

how you drive တံခါးလက်ကိုင်ဖုကို လှည့်ခါနီးမှာ လက်ကိုအသာပြန်ရုတ်၍ နောက်ဆုတ် ။        

 

 

ခင်အောင်အေး

 

၂၄၊ ဇူလိုင်၊ ၂၀၁၀ စင်္ကာပူ ၁၀း၄၁ နာရီ