Home ကဗျာ ဆံခြည်မျှင်အိပ်မက်
ဆံခြည်မျှင်အိပ်မက် Print E-mail
User Rating: / 15
PoorBest 
Written by မောင်ရင်ငဇေ   

သရုပ်ဖေါ် ပန်းချီကေမြိုး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ငါ အိပ်မက် မက်ခဲ့တယ် ...
နင်က ငါ့ဆံပင်တွေ ဖီးပေး
ငါက နင့်ဆံပင်တွေ ဖွပေး

ငါတို့ပိုင်ဆိုင်ဖူးတဲ့ ဘဝလေးကို
အိပ်မက်ထဲမှာ ငေးခဲ့တယ် .... ။

ဆံခြည်တမျှင်လောက်တောင် မခိုင်မြဲခဲ့ ....
နင့်ဆံနွယ်ပေါ် ပန်းတခင်းပျိုး ဖို့ကြိုးစားရင်း
ဆံပင်တွေကို ငါချစ်ခဲ့တယ်
အိပ်မက်တွေက လန့်လန့် နိုးလာတဲ့အခါတိုင်း
ဆံပင်တွေ ပိုပို ရှည်လာခဲ့ရတယ် ....။

မောင်ရင်ငဇေ