|
မင်္ဂလာ နှစ်သစ်ဖြစ်ပါစေလို့ ကောင်းကင်က စာဖတ်ပရိတ်များကို နှုတ်ဆက်လိုက်ပါတယ်။ ဒီနေ့ မြန်မာနှစ်သစ်ကူးနေ့ဟာ ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း)ရဲ့ (၁) နှစ်ပြည့် မွေးနေ့ပါ။ ဂလိုဘယ်ဖြစ်စဉ်ကြီးထဲမှာ ဥာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာမချို့ တဲ့ တဲ့ မြန်မာများအဖြစ် စီးမြောနိုင်ရေး အတွက် ရသစာပေခံစားမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေကြတဲ့ နောင်တော် မြန်မာစာပေ မဂ္ဂဇင်းများနဲ့အတူတကွ တာဝန်ဝေမျှထမ်းရွက်နိုင်ဘို့ ရည်ရွယ်ပြီး ကောင်းကင်မဂ္ဂဇင်းကို ဖန်တီးခဲ့တာဟာဖြင့် ဒီနေ့မှာ ၁ နှစ်ပြည့်ခဲ့ပါပြီ။ ကောင်းကင်ရဲ့ (၁) နှစ်တာ ဖြတ်သန်းမှု ကာလ အတွင်းမှာ ကျွန်တော်တို့ရဲ့ မှားယွင်းမှု၊ စာမူအသစ်များကို တင်ဆက်တာနှေးကွေးမှု၊ နည်းပညာအားနည်းမှု စတဲ့ အချက်အလက်များ ရှိခဲ့သော်လည်း သည်းခံအားပေးနေတဲ့ စာဖတ်ပရိတ်သတ်များကို ကျေးဇူးတင်ရှိပြီး ပါဝင်ရေးသားကြသော စာရေးဆရာများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ မြန်မာပြည်တွင်းမှာ ရသစာပေ အမျိုးအစားများ အားကောင်းသော်လည်း လွတ်လပ်မှု အားနည်းနေပြီး ပြည်ပတွင် လွတ်လပ်မှု အားကောင်းသော်လည်း ရသစာပေအမျိုးအစား အားနည်းနေတာကို တွေ့ရှိခဲ့ပါတယ်။ ထိုကြောင့် လွတ်လပ်တဲ့ ရသစာပေ အမျိုးအစားများ အားကောင်းစေရေးဆိုတဲ့ စာပေတာဝန်ကို ထမ်းဆောင်ဖို့ ကောင်းကင် မွေးဖွားလာခဲ့ခြင်း ဖြစ်ပါတယ်။ ကောင်းကင် မဂ္ဂဇင်းမှာ တင်ထားရှိတဲ့ စာမူများကို စုစည်းပြီး ၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တစုတစည်းတည်း အောက်က လင့်(ခ) မှာ တင်ဆက်လိုက်ပါတယ်။ ကောင်းကင် မွေးဖွားခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာမူစုစည်းမှု အိမ်က စက်ထဲမှာ ဖတ်ရန်ဖြစ်ဖြစ်၊ print ထုတ်ပြီး လွယ်လွယ်ကူကူ ဖတ်လို၍ ဖြစ်ဖြစ် (၁) နှစ်ပြည့် စာမူစုစည်းထားသော ဖိုင်ကို ဒီနေရာမှာ download ရယူနိုင်ပါတယ်။ ဆက်လက်ပီးလည်း ရသစာပေ အမျိုးအစားအသစ်များစွာကို ပရိတ်သတ်များထံ တတ်စွမ်းသမျှ တင်ဆက်သွားမယ် ဖြစ်ပါကြောင်းနဲ့ … မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။ စာတည်းအဖွဲ့
|