Home ကာတွန်း မီဒီယာ
မီဒီယာ Print E-mail
User Rating: / 0
PoorBest 
Written by ဦးဖေသိန်း   

 

ဇန်နဝါရီလ ၃၁ရက်ဟာ ကွယ်လွန်သူ ကာတွန်းဦးဖေသိန်း (၁၉၂၄-၂၀၀၉)ရဲ့  (၈၆)နှစ်ပြည့် မွေးနေ့ဖြစ်လို့ လူထုဆန္ဒကို ထင်ဟပ်တဲ့ ဆရာကြီးရဲ့  ပြောင်မြောက်တဲ့လက်ရာများကို မမေ့နိုင်ကြမယ့် ကာတွန်းချစ်သူများအတွက် ကနေ့ခေတ်နဲ့ ဆီလျော်နေဆဲ ကာတွန်းတကွက်ကို တင်ဆက်လိုက်ပါတယ်။

 မီဒီယာကို မီဒီယာနဲ့တိုက်မယ်၊ FM ရေဒီယို၊  ကိုရီးယားဇာတ်လမ်းတွဲ၊ မြေအောက်ဂီတနဲ့ ဆင်ဆာလွတ်ဗီစီဒီ၊ ဘောလုံးကလပ်ယဉ်ကျေးမှု၊ သတင်းဂျာနယ်ရေစီး၊ ပြည်ပရုပ်သံနဲ့ အင်တာနက်မီဒီယာ၊ ဘလော့မျိုးဆက်စတဲ့ အသံတွေကြားနိုင်သေးရင် သတင်းကာတွန်းဆရာကြီး ဦးဖေသိန်းဆီက ဘယ်လိုကာတွန်းအတွေးတွေများ ပေါ်လာဦးမလဲလို့လည်း အောက်မေ့လှပါတယ်။ 

 

လွတ်လပ်တဲ့တခေတ်မှာ မြန်မာကာတွန်း တခေတ်ပြန်ဖြစ်လာပါစေ။

ကောင်းကင်

 

U Pe Thein