|
Written by ဒေါက်တာလှဘူး
|
|
Page 1 of 3 ဒီဇင်ဘာ ခရစ်စမတ် မတိုင်မီ ရက်ပိုင်းတွင် အင်္ဂလန် ပြည် တောင်ပိုင်း ၌ အအေးဓါတ် လွန်ကဲပြီး နှင်း ထူထပ်စွာ ကျလိမ့်မည် ဟု မိုးလေ၀သ ဌာနမှ ကြေငြာ ပါသည်။ ရုရှားပြည် ဆိုက်ဘေးရီးယားအရပ်က တိုက်ခတ်လာမည့် ဆောင်းလေကြောင့် ယခုနှစ်တွင် အအေး ပိုလိမ့်မည်ဟု ဆိုထားပါသည်။ သူတို. ကြေငြာချက်မှာ အများအားဖြင့် တိကျ မှန်ကန် တတ်သည့် အတိုင်း နှင်းတွေလည်း တကယ်ကျပါသည်။ သို.သော် သူတို. ပြောထားသလို အင်္ဂလန် တောင်ပိုင်း နှင့် လန်ဒန်မှာသာ မကဘဲ ဝေလနယ် တောင်ပိုင်း (South Wales) တွင်ပါ နှင်းတွေ အများကြီး ကျပါသည်။ ဝေလနယ်တွင် နေသော ကျွန်တော်တို.မှာ ဒို.ဆီမှာ နှင်းမကျပါဘူး ဟုတ် စိတ်ချပြီး အိပ်ရာဝင်ကြပါသည်။ သို.သော် ဒီဇင်ဘာ ၂၁ ရက် နံနက်ခင်း အိပ်ရာထချိန်တွင် ခါတိုင်းထက် လင်းထိန်နေသဖြင့် အခန်းဆီး ဆွဲကြည့်လိုက်တော့မှ ပါတ်ဝန်းကျင် တစ်ခုလုံး တစ်ခုလုံး နှင်းတွေ ဖုံးပြီး ဖြူဖွေးနေတာ တွေ.လိုက်ရပါသည်။ ကျွန်တော် တို. နေသော Abergavenny မြို.ကလေးအား ထူထဲသောနှင်းထုက လှပစွာ လွှမ်းခြုံ ထားလိုက်ပါတော့သည်။ [ မှတ်ချက် ။ ။ ဗမာပြည်မှာတုန်း က ဆီးနှင်း ဆိုသော စကား ၏ အဓိပ္ပါယ် ကို တစ်မျိုးသာ နားလည်ခဲ့သော်လည်း ဤ နိုင်ငံရောက်မှ အသုံးအနှုန်း အမျိုးမျိုးကို တိုး၍မှတ်သားရပါသည ယခုလို ဂွမ်းဖတ်များကဲ့သို. အဖတ်လိုက် ဖြည်းဖြည်းငြင်သာ ကျပြီးမြေမှာ ပုံနေသောနှင်းကို (snow) ၊ ဂွမ်းဖတ်လောက် မရှိတရှိ မြေပေါ်ရောက်သည်နှင့် အရည်ပျော်သွားသော နှင်းကို (sleet) ၊ အရည် ပျော်ခါစ ခပ်မွှတ်မွှတ်နှင်းကိုတော့ (slush) ၊ ကားမောင်းနေရင်း ရုတ်တရက် ရှေ.မှာ အင်မတန်ထူသော မြူလုံးကြီး လာရိုက်သည်ကို (fog) ၊ နံနက်ခင်း သစ်ရွက်တွေပေါ်မှာ တင်နေသည့် နှင်းရည်စက်များကို ( dew) ၊ ရုတ်တရက် တဗြုံးဗြုံး ကျလာတတ်သော သာကူစေ့၊ ဇီးစေ့လောက်ရှိသည့် မိုးသီးများကို ( hailstones of frozen rain) ၊ နွေအခါ ခပ်ဝေးဝေး တောင်တွေ ရေကန်တွေ ပေါ်မှာ ခပ်မှေးမှေး ဖုန်းနေသည့် မြူကို (mist) စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ပါသည်။ ]
|