Home အက်ဆေး စိတ်၏ လေချဉ်တက်သံများ
စိတ်၏ လေချဉ်တက်သံများ Print E-mail
User Rating: / 7
PoorBest 
Written by မောင်နန်းဝေ (ဗန်းမော်)   
Article Index
စိတ်၏ လေချဉ်တက်သံများ
Page #
Page #
Page #
Page #
All Pages

chaw ei thein's art

 

(၁)

စကားထဲမှာကျ တောင်တွေ တစ်တောင်ပြီး တစ်တောင် ချီမနေသည်။ လက်ကတော့ မြေတဆုပ်တောင် သယ်ခဲ့ဖူးသလား မသေချာ။

သစ်စေ့ကလေးတစ်စေ့ ကြဲဖူးရုံသာရှိ၏။ ဒါပေမယ့် မျက်နှာပေးနှင့် အိုင်တင်ကတော့ တောကြီးတတောလုံး ကိုယ်ပဲစိုက်ထားခဲ့သယောင်ယောင်။

တစ်လှိမ့်နှစ်လိမ့် လောက်သာသွားခဲ့ဘူးသော ဘီးက မိုင်ထောင်ချီ ခရီးအကြောင်းပြောလျက်။ ထိုဘီး၏ ပန်းများက ပွန်းပင် မပွန်းသေး။

စစ်ပြန် ဓါးမြှောင်က မိုးဖိုချောင်သုံး ဓါးများကြား၌ လူတွင်ကျယ်လုပ်လွန်း၏။ တကယ့် တကယ်ကျ တိုက်ပွဲမှာ အမှန်တကယ်ပါခဲ့သလားဆိုတာ ဘယ်သူမှ မသိ။

အမှန်ပြောရလျှင်တော့ ဘာပန်းမှ မပွင့်သည့် ဥယျာဉ်ထဲတွင် အရွက်လှနေရုံဖြင့် လူရာဝင်နေခြင်းဖြစ်၏။ နည်းနည်းပါးပါး စာတတ်လျှင်တော့ အရွက်အလှများကို အဆုပ်အခဲပြုလျက် အပွင့်ပုံဖမ်းကာ စွာကျယ်စွာကျယ် လုပ်နိုင်ကြသေးသည် မဟုတ်လော။