|
Written by လူထုဒေါ်အမာ
|
|
Page 1 of 3
(မြန်မာ့အလင်း နှစ်သစ်မင်္ဂလာ သတင်းစာ ၁၂၉၈ခု - တန်ခူးလ ………. April 1936မှ) {ဤဆောင်းပါးကို ရေးသူ - မအမာသည် မန္တလေးမြို့ ဗဟိုရ် အမျိုးသားကျောင်းမှ ဆယ်တန်း အောင်ပြီးနောက် အထက်တန်း ပညာကို ဆက်လက်သင်ယူနေသူ ဖြစ်၍ ယခုအခါ ရန်ကုန် တက္ကသိုလ်ကျောင်း၊ ဝိဇ္ဇာတန်း၌ ပညာသင်လျက် ရှိသည်။ ၁၂၉၇ ခုနှစ် တက္ကသိုလ် မြန်မာလို စကားပြောပြိုင်ပွဲတွင် (မမကြီးနှင့် မအမာ) တို့ အတွဲသည် ပထမ ငွေဖလားကိုရရှိရာ ၎င်းမအမာမှာ ဤဆောင်းပါးရှင် ဖြစ်ကြောင်း။} ခေါင်းမြီးခြုံ အိမ်တွင်းပုန်းဘဝဖြင့် မနေခဲ့ဘူးသော မြန်မာ အမျိုးသ္မီးတို့သည် မြန်မာ့ ကြီးပွားမှုတွင် အရေးပါအရာရောက်အောင် ဆောင်စွမ်းနိုင်လေသည်။ သို့သော် တို့ အမျိုးသ္မီးများ၏ ဆောင်ရွက်ချက် တို့ပယောဂဖြင့် မြန်မာပြည်သည် ယခု အခြေမှ ရှေ့သို့ တထစ်တက်နိုင်ပါမည်လော။ တို့ကူညီခြင်းဖြင့် အဘယ်မှ ခရီးရောက်၍ အဘယ်မျှ တာသွားနေသည်ကို ပြန်လည် စစ်ဆေးသင့်လှပေသည်။
|