Home အမှတ်တရ လူထု ဒေါ်အမာ (၉၄) နှစ်မြောက် မွေးနေ့
လူထု ဒေါ်အမာ (၉၄) နှစ်မြောက် မွေးနေ့ Print E-mail
User Rating: / 4
PoorBest 
Written by စာတည်းအဖွဲ့   

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ဟာ ဆရာမကြီး လူထုဒေါ်အမာရဲ့  (၉၄) နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ ဆရာမကြီး ကွယ်လွန်သွားခဲ့သော်လည်း ဆရာမကြီး၏ စာပေကျေးဇူး၊ လွတ်လပ်ရေး တိုက်ပွဲမှသည် ဒီမိုကရေစီ အရေးတော်ပုံ သမိုင်းတိုင်အောင် လူထုဘက်က တစ်လျောက်လုံး ရပ်တည် တိုက်ပွဲဝင်ခဲ့သော ကျေးဇူးတရားများကို အောက်မေ့ သတိရသောအားဖြင့် ကျန်ရစ်သူ မိသားစုနှင့်တကွ ပြည်တွင်းပြည်ပ စာပေ၀ါသနာရှင်များ၊ နိုင်ငံရေး အင်အားစုများက ဆရာမကြီးမွေးနေ့ကို စဉ်ဆက်မပြတ်၊ ဆက်လက်ကျင်းပခဲ့ ကြပါတယ်။

 

ကောင်းကင် မဂ္ဂဇင်းမှ  ဆရာမကြီး မွေးနေ့မှာ ဆရာမကြီးရဲ့ ကျေးဇူးတရားများအား အောက်မေ့ သတိရ သောအားဖြင့် ဆရာမကြီး ငယ်စဉ် ဘ၀မှ ကွယ်လွန်ချိန်အထိ ဘ၀မှတ်တမ်း ဓါတ်ပုံ (၉၄) ပုံကို ရွေးထုတ်ကာ ကောင်းကင် စာဖတ် ပရိတ်သတ်များအတွက်   ဓါတ်ပုံပြခန်း တစ်ခု တင်ဆက်လိုက်ပါတယ်။

 

စာတည်းအဖွဲ့

 

Daw Ah Mar